မောင်တောတွင် အိမ်ထောင်စု စာရင်းကောက်

မောင်တောတွင် အိမ်ထောင်စု စာရင်းကောက်
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်တွင် လူဝင်မူ ကြီးကြပ်ရေး ဦးစီးဌာမှ အိမ်ထောင်စု စာရင်းများကို ကောက်ယူနေကြောင်း သတင်းရရှိသည်။ လက်ရှိ စာရင်းကောက်ယူမူအား အစ္စလာမ်နှင့် ဟိန္ဒီ ဘာသာဝင် များထံမှ ကောက်ခံနေ ...

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်တွင် လူဝင်မူ ကြီးကြပ်ရေး ဦးစီးဌာမှ အိမ်ထောင်စု စာရင်းများကို ကောက်ယူနေကြောင်း သတင်းရရှိသည်။

လက်ရှိ စာရင်းကောက်ယူမူအား အစ္စလာမ်နှင့် ဟိန္ဒီ ဘာသာဝင် များထံမှ ကောက်ခံနေပြီး နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်များ အားလည်း ကောက်ခံသွားမည် ဟု အမည်မဖေါ်လိုသူ ရယက လူကြီး တဦးက ပြောသည်။

ယခုအခါ လူဝင်ကြီးကြပ်ရေးဌာနမှ ရပ်ကွက် ကောင်စီ အဖွဲ့ဝင်များနှင့် အတူ မောင်တောမြို့ ရပ်ကွက်များ အတွင်း လိုက်လံ ကောက်ခံ နေသည်ဟု သိရသည်။

အိမ်ထောင်စု စာရင်းကောက်ခံနေမူမှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို မသိရသော်လည်း အများစုက ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲအတွက် ဖြစ်သည်ဟု ခန့်မှန်းပြောဆိုနေကြသည်။

အမည်မဖေါ်လိုသူ တဦးက “၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲအတွက် ဖြစ်ဖို့များပါတယ်။ ရွှေးကောက်ပွဲအတွက် နအဖ အာဏာပိုင်တွေ အနေနဲ့ ဘက်ပေါင်းစုံက ပြင်ဆင်နေပါတယ်။ ခုဒီမှာ သတင်းထွက်နေတာက ရွှေးကောက်ပွဲ ကျင်းပမယ့် ရက်ကိုကျေညာပြီး (၄) လအတွင်းမှာ ရွှေးကောက်ပွဲကို ကျင်းပမယ်ဆိုပြီး သတင်းထွက်နေပါတယ်” ဟု ပြောသည်။

ရွှေးကောက်ပွဲရက်ကို မကျေညာမှီ အာဏာပိုင်တွေက လိုအပ်တာတွေအကုန်လုံးကို ပြင်ဆင်နေခြင်း ဖြစ်သည်ဟု သူက တပ်လောင်းပြောဆိုသည်။

အလားတူ စစ်တွေတွင်လည်း အိမ်ထောင်စု စာရင်းများကို ကောက်ခံနေသည်။

သို့သော်လည်း စစ်တွေတွင်အိမ်ထောင်စု စာရင်းများကို ရပ်ကွက်ကောင်စီများမှ မယကရုံးသို့ ပို့ပေးရခြင်း ဖြစ်ပြီး မိသားစု အလိုက် ကောက်ခံခြင်း မဟုတ်ဟု သိရသည်။

Most read this week