မော်လမြိုင်တက္ကသိုလ်မှ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ ကျောင်း သား/သူများကို လူမှုရေးနှင့်ပတ်သက်သည့် လှုပ်ရှားမှုများ တစ်စုံတစ်ရာ မပြုလုပ်ရန် ပါမောက္ခချုပ်မှ တားဆီးပိတ်ပင်ထားသည်။
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမော်လမြိုင်တက္ကသိုလ်အဖွဲ့သည် ကျောင်းသားအင်အား (၃၀၀) ခန့်ဖြင့်ဖွဲ့စည်းထားပြီး၊ နှစ်စဉ် မွန်ပြက္ခဒိန် များထုတ်ဝေခြင်း၊ နွေရာသီတွင် မွန်စာပေသင်ကြားခြင်း၊ ဝါတွင်းကာလမှာ ဘုန်းကြီးကျောင်း၌ ဝေယျာဝစ္စလုပ်ပေးခြင်း၊ ဓမ္မစကြာရွတ်ဆိုခြင်းတို့ဖြင့် ဘာသာရေးနှင့် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေကြသည်။
“မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့က ကျောင်းသား ခေါင်းဆောင် (၁၂) ယောက်ကို ပါမောက္ခချုပ်ကနေခေါ်ပြီးတော့ လှုပ်ရှားမှုတစ်စုံ တစ် ရာမပြုလုပ်ဖို့ သတိပေး ပြောထားတယ်၊ ဥပုသ်နေ့ဆိုရင် ဘုရားမှာ ဓမ္မ စကြာရွတ်တာကအစ လုပ်ခွင့်မပေးတော့ဘူး” ဟု မုဒုံမြို့မှ တက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောသည်။
ကျောင်းသား/သူများအား တဆင့်ထက်တဆင့် စောင့်ကြည့်မှု တင်းကြပ် စွာခံထားရခြင်းသည် အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို အမေရိကန်နိုင်ငံသား အိမ်ခိုဝင်မှုဖြင့် ဖမ်းဆီးပြီး နေအိမ်အ ကျယ်ချုပ်သက်တမ်း တစ်နှစ်ခွဲထပ်တိုးလိုက်ပြီးသည့်နောက် ယခုလိုမျိုး ပိုမိုတင်းကြပ်လာသည်ဟု မော်လမြိုင်တက္ကသိုလ်ကျောင်းသား/သူများက ပြောသည်။
ယခုလိုမျိုးကျောင်းသား/သူများ၏ လှုပ်ရှားမှုစောင့်ကြည့်ခံရခြင်းသည် လွန် ခဲ့သည့် သြဂုတ်လ ၂ ရက်နေ့တွင် မွန်ကျောင်းသား အယောက် (၅၀) ခန့် က နယ်မြေကျူးကျော်ပြီး ကရင်ပြည်နယ်ထိ ပျော်ပွဲစာထွက်ခြင်းမှစပြီး ပါ မောက္ခချုပ်မှ သတိပေးခြင်းခံထားရသည်။
“တကယ်လို့ ကျောင်းမှာ ကျောင်းသားတွေ လှုပ်ရှားမှုတခုခုလုပ်ပြီးတော့ ပြဿနာတစ်စုံတစ်ရာဖြစ်လာမယ်ဆိုရင် ခေါင်းဆောင် ကျောင်းသား တွေမှာ တာဝန်ရှိတယ်လို့လည်း ပါမောက္ခချုပ်က ပြောထားပါတယ်” ဟု မော်လမြိုင်တက္ကသိုလ် ဆရာအသိုင်းဝိုင်းက ပြောသည်။
မော်လမြိုင်တက္ကသိုလ်မှ မွန်ဆရာမ (၅) ဦးကလည်း ကျောင်းသား/သူများ လှုပ်ရှားမှုတစ်စုံတစ်ရာမပြုလုပ်ရန် တင်းကြပ်စွာ ညွှန်ကြားထားကြောင်း လည်း ကျောင်းသားတို့၏ ပြောပြချက်အရ သိရသည်။
မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသားတစ်ဦး၏ ပြောပြချက်အရ “ကျနော် တို့ လှုပ်ရှားနေတာဟာ နိုင်ငံရေးနဲ့ပါမှမပတ်သက်ဘူး၊ လူမှုရေးအတွက် လုပ်ဆောင်နေမှုသက်သက်ပဲ၊ ဒါကို ဆရာ၊ ဆရာမတွေက တားဆီးပိတ်ပင် နေကြတယ်” ဟု သူက ပြောသည်။
ကျောင်းမှာ ကျောင်းသားတွေ တစ်စုံတစ်ရာကျင်းပပြုလုပ်မည်ဆိုပါက သက်ဆိုင်ရာ ပါမောက္ခချုပ် သို့မဟုတ် ဆရာ၊ ဆရာမများထံသို့ အသိပေး အကြောင်းကြားရမည်ဖြစ်ပြီး ၄င်းတို့မှ ခွင့်ပြုချက်ရရှိမှသာလျင် လုပ်ပိုင် ခွင့်ရှိကြောင်းလည်း ၄င်းက ဆက်ပြောသည်။
၈ လေးလုံး (၂၁)နှစ် ပြည့်အထိမ်းမှတ်နေ့တွင် မော်လမြိုင်တက္ကသိုလ် ကျောင်းဝင်းအတွင်း၌ နေပြည်တော်၏ ညွှန်ကြားချက်အရ ပါချူပ်မှတဆင့် ဆရာ ဆရာမများက ကျောင်းသား/သူများ၏ သွားရေးလာရေးကိစ္စကို ကြည့်ရှုရန် ညွန်ကြားခဲ့သည်။
ညွန်ကြားထားရသည့်အကြောင်းမှာ ၈ လေးလုံးနေ့မှာ ကျောင်းသားများ စုဝေးမှာကြောက်၍ ယခုလို ညွန်ကြားထားသည်ဟု တက္ကသိုလ်ဆရာမ အ သိုင်းဝိုင်းမှပြောသည်။ ၄င်းညွန်ကြားချက်သည် မွန်တက္ကသိုလ် ကျောင်း သား/သူများ ပျော်ပွဲစာထွက်ရာ နယ်မြေကျော်၍ အရှေ့ တောင် တိုင်း မှတဆင့် နေပြည်တော်မှ ညွန်ကြားထားခြင်းဖြစ်သည်။