အင်နာဂျက်ဆင် ဆေးဝါးအတုများ စျေးကွက်တွင်တွေ့ရှိ

အင်နာဂျက်ဆင် ဆေးဝါးအတုများ စျေးကွက်တွင်တွေ့ရှိ
by -
ကွန်းချမ်း
အင်နာဂျက်ဆင်ဆေးဝါးအတုများကို စျေးကွက်အတွင်း ရောင်းချမှုများရှိ နေပြီး ၄င်းဆေးဝါးများကို သောက်သုံးမိ ပါက လူ၏ခန္ဓာကိုယ်အတွင်း သွေး ယိုစီးမှုဖြစ်ပေါ်စေကြောင်း မြန်မာနိုင်ငံ ဆေးဝါးစက်ရုံဘီပီအိုင်မှ လက် ထောက်စက်ရုံံမှူး...

အင်နာဂျက်ဆင်ဆေးဝါးအတုများကို စျေးကွက်အတွင်း ရောင်းချမှုများရှိ နေပြီး ၄င်းဆေးဝါးများကို သောက်သုံးမိ ပါက လူ၏ခန္ဓာကိုယ်အတွင်း သွေး ယိုစီးမှုဖြစ်ပေါ်စေကြောင်း မြန်မာနိုင်ငံ ဆေးဝါးစက်ရုံဘီပီအိုင်မှ လက် ထောက်စက်ရုံံမှူး ဒေါက်တာအောင်ဇော်မှ အသိပေးပြောကြားခဲ့သည်။

အင်နာဂျက်ဆင်ဆေးဝါးထုတ်လုပ်မှုကို မြန်မာနိုင်ငံဆေးဝါးစက်ရုံဘီပီအိုင်မှ ၂၀၀၃ ခုနှစ်ကတည်းက ထုတ်လုပ်မှုကို ရပ်နားထားခဲ့သည်။

ဘီပီအိုင်ဆေးဝါးစက်ရုံမှ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွယ်ကဲမှုဌာန (FDA) ၏တားမြစ်ချက်ဖြင့် ဒီဆေးထုတ်လုပ်မှုကို ရပ်ထားခြင်းဖြစ်ပြီး အင် နာဂျက်ဆင်ဆိုရင် မည်သည့်နိုင်ငံမှ သွင်းသွင်း သောက်သုံးရန် မသင့် ကြောင်း ဒေါက်တာအောင်ဇော်က ရှင်းပြထားသည်။

“အင်နာဂျက်ဆင်ဆေးဝါးအတုကို MPF တံဆိပ်အတုတွေနဲ့ မန္တလေးဘက် မှာ တွေ့နေရတယ်၊ ဆေးပြားမှာ အစက်အပြောက်ပါပြီး အစစ်ထက် ပါး လွှတာကိုတွေ့ရတယ်။ ဆေးကိုစစ်ဆေးကြည့်ရင် ပါရာစီတမော ၈၀ ရာခိုင် နှုန်းပါဝင်တယ်။ ဆေးကို ရုတ်တရက်သောက်လိုက်ရင် အကိုက်အခဲ ပျောက်တယ်လို့ထင်ရပေမယ့် ဘေးထွက်ဆိုးကျိုးများတယ်” ဟု ဒေါက် တာအောင်ဇော်က ပြောသည်။

အင်နာဂျက်ဆင်ဆေးဝါးကို အကိုက်အခဲပျောက်ဆေးအဖြစ်သုံးခဲ့သော်လည်း ၄င်းဆေးတွင် ပါဝင်သည့် အာနိသင် Dipyrone 500mgကဘေးထွက်ဆိုးကျိုးအနေဖြင့် အစာအိမ် သွေးယိုးစီမှုမှ လူခန္ဓာကိုယ် သွေးယိုးစီးသည့်ရောဂါ၊ ကုသ၍မရနိုင်သည် အရိုးတွင်းချဉ်ဆီ ခမ်းခြောက်မှုရောဂါတွေ ဖြစ်ပေါ်စေနိုင်သည့်အတွက် ဗ ဟိုအစားအသောက်နှင့် ဆေးဝါးကွယ်ကဲမှုဌာန (FDA) မှ ၂၀၀၃ ခုနှစ် ကတည်းက ထုတ်လုပ်မှုကို ပိတ်ပင်ထားခြင်းဖြစ်သည်။

ရန်ကုန်မြို့ပေါ်ရှိ ဆရာဝန်တစ်ဦး၏ ပြောကြားချက်အရ “အင်နာဂျက်ဆင် ဆေးရဲ့ ဘေးထွက်ဆိုးကျိုး မသိသေးတဲ့အတွက် အခုချိန်ထိတော့ ဆေးဆိုင် မှာအလွယ်တကူ ဝယ်ယူသုံးစွဲနေတုံးပါပဲ၊ အင်နာဂျက်ဆင်ဆိုရင် ထိုးဆေး ရော သောက်ဆေးပါ မသောက်သုံးသင့်တော့” ဟု ပြောသည်။

အင်နာဂျက်ဆင်ဆေးအတုတွေကို FDA ဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာ နတို့မှ သိမ်းဆည်းအရေးယူမှုများ ပြုလုပ်လျက်ရှိပြီး ယခုအချိန်ထိ လူအ များစုက မသိရှိကြဘဲ အကိုက်ခဲပျောက်ဆေး၊ ထိုးဆေးအဖြစ် သုံးစွဲနေကြ သည်။

ယခုလအနည်းငယ်အတွင်း ဆက်တိုက်ဆိုသလို ပြည်တွင်းထုတ်ကုန်များမှ လက်ဖက်ဆိုးဆေး၊ ငါးပိဆိုးဆေးများတွင် ဆန့်ကျင်ဓါတ်ပေါင်းပါဝင်နေ ကြောင်း သိရသည်။  ပြည်ပသွင်းကုန်ဟု ပြောနိုင်မည့် နယ်စပ်ဖြတ် ကျော်ကြက်ဥအတုများကို တရုတ်နိုင်ငံနယ်စပ်မှ ဝင်ရောက်လာကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် မန္တလေးမှ စတင်တွေ့ရှိတဲ့ အင်နာ ဂျက်ဆင်ကို  တရုတ်နိုင်ငံက တင်သွင်းလာသည်ဟု ပြည်သူများက ယူဆနေကြသည်။

Most read this week