ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်စီရင်မှုအပေါ် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကန့်ကွက်ရူတ်ချ

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်စီရင်မှုအပေါ် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကန့်ကွက်ရူတ်ချ
မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲနှင့် ဗမာ့တပ်မတော် ထူထောင်ရာတွင် ဦးဆောင်ပါဝင်ခဲ့သူ တဦးဖြစ်သည့် ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူး ချုပ်ဟောင်း ကျော်ဇောက ဒေါ်အောင်ဆန်းစုကြည်အပေါ်  နအဖကတရားစီရင် ပြစ်ဒဏ်ချမှု အပေါ်ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ ...

မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲနှင့် ဗမာ့တပ်မတော် ထူထောင်ရာတွင် ဦးဆောင်ပါဝင်ခဲ့သူ တဦးဖြစ်သည့် ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူး ချုပ်ဟောင်း ကျော်ဇောက ဒေါ်အောင်ဆန်းစုကြည်အပေါ်  နအဖကတရားစီရင် ပြစ်ဒဏ်ချမှု အပေါ်ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား များ အားလုံး လွတ်မြောက်ရေးအတွက် တပ်မတော်နှင့် ပြည်သူတရပ်လုံး လှုပ်ရှားကြရန် တိုက်တွန်းနိုးဆော် လိုက်သည်။

ယနေ့ရက်စွဲဖြင့်ထုတ်ပြန်သည့်ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ထုတ်ပြန်ကြေညာချက်တွင်“နအဖခေါင်းဆောင် ဗိုလ်သန်းရွှေကတော့တပြည်လုံးပြည်သူတွေကိုရောတကမ္ဘာလုံးကိုရော ရန်လုပ်ပြီး ဒေါ်အောင်ဆန်းစု ကြည်ကို ထောင်ချလိုက်ပါပြီ၊ ဒါကိုကျွန်တော် ပြင်းပြင်းထန်ထန် ကွန့်ကွက်ရှုတ်ချလိုက်ပါတယ် ”ဆိုပြီး ကြေညာချက်ကို အစချီ ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရုပ်ပျက်ဆင်းပျက်အဖြစ်ခံ၊ အမှုဆင်ထောင်ချမှုဟာ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ယုံ ကြည်မှု ကင်းမဲ့နေတာကို ပြသရာရောက်သလို ၂ဝဝ၈ခုနှစ်၊ မေလဆန္ဒခံယူပွဲမှာ ရာခိုင်နူန်း(၉ဝ)ကျော် ထောက်ခံ ခဲ့တယ်ဆိုတာဟာ  ပျက်လုံးတရပ် ဖြစ်ကြောင်း ပြသလိုက်တာဘဲလို့ ဗိုလ်မျူးချုပ်ဟောင်း ကျော်ဇောက နအဖ ကို ထောက်ပြဝေဖန်လိုက်သည်။

နဝတ၊နအဖ စစ်အစိုးရအနေဖြင့် အမြော်အမြင်မဲ့စွာလုပ်ခဲ့၍ တိုင်းပြည်နှင့်ပြည်သူလည်း နစ်နာလှကြောင်း၊ တ နပ်စားဉာဏ်ဖြင့် ပြဿနာများကိုဖြေရှင်းခဲ့၍ ပြဿနာက ခဏတာ ငုတ်သွားသလိုရှိပြီး ပုံစံတမျိုးဖြင့် ပြဿနာ သစ်ပြန်ဖြစ်စေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချရင် လူကိုဘဲထောင်ချလို့ရမယ်၊ စိတ်ဓာတ်ကို ထောင်ချလို့မရကြောင်း၊ နိုင်ငံတကာ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ကတောက်ကဆဖြစ့်ပြီး ဗာပြည် ပြည်သူလူထုကလည်း လက်ပိုက်ပြီး ကြည့်နေမှာ မဟုတ်ကြောင်း ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ကြေညာ ချက်ထဲ တွင် နအဖကို သတိပေးထားသည်။

အဆိုပါထုတ်ပြန်ကြေညာချက်ထဲတွင် “ဗမာပြည်သူတွေကရောဗမာ့တပ်မတော်သားများကပါ ဒေါ်အောင် ဆန်းစုကြည်အပါ မတရားဖမ်းဆီးခံထားရသူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးကို မိမိ အရေးလို သဘောထားပြီး ရရာနေရာက လှုပ်ရှားကြဖို့ တိုက်တွန်း နိူးဆော်လိုက်ပါတယ် ”ဟု ကြေ ညာချက်ကို နိဂုံးချုပ်ထားသည်။

Most read this week