မလေးရှားရှိ မြန်မာသံရုံးရှေ့ဆန္ဒပြမှု ကန့်သတ်ခံရ

မလေးရှားရှိ မြန်မာသံရုံးရှေ့ဆန္ဒပြမှု ကန့်သတ်ခံရ
by -
ဇော်ကြီး
မြန််မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ဒဏ်ချမှတ်မှုအပေါ် မလေးရှားရောက် မြန်မာ အတိုက်အခံများမှ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြခဲ့ရာ အာဏာပိုင် များက ပိတ်ပင်ခဲ့သည်ဟု သိရ ...

မြန််မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အပြစ်ဒဏ်ချမှတ်မှုအပေါ် မလေးရှားရောက် မြန်မာ အတိုက်အခံများမှ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြခဲ့ရာ အာဏာပိုင် များက ပိတ်ပင်ခဲ့သည်ဟု သိရသည်။

ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့နံနက် (၁၀) နာရီအချိန်က မလေးရှား NLD (LA) မှဦးဆောင် သည့် အင်အား ၁၀၀ ခန့့်ဆန္ဒပြရန်သွားရောက် စုရုံးခဲ့သည်။

ယခုလို စုရုံးမှုအပေါ် ခွင့်မပြုသည့်အတွက် မလေးရှားအာဏာပိုင်များနှင့် ဆန္ဒပြသူများ အခြေအတင် ဖြစ်ခဲ့ရ သည်ဟု ဆန္ဒပြပွဲအားဦးဆောင်ခဲ့သူ  မလေးရှား NLD (LA) ဥက္ကဌ ကိုကျော်ကျော်က ယခုလိုပြောသည်။

“မင်းတို့တွေ ဆန္ဒပြခွင့်မရှိဘူး၊ ပြရင်ဖမ်းမှာပဲဆိုပြီးတော့ကျနော်တို့ကို အချုပ်ကားတွေနဲ့ အဆင်သင့် စောင့်နေကြတယ်။ အဲဒီမှာကျနော်တို့ကပြန်ပြောလိုက်တယ်လေ။ မင်းတို့အချုပ် ကားတွေနဲ့စောင့် တယ်၊ ရတယ်။ ကိစ္စမရှိဘူး။ ဖမ်းတာကမင်းတို့အလုပ်ပေါ့နော်။ ပြမှာက ငါတို့အလုပ်ဆိုပြီး ပြမယ်လုပ် တော့ ရဲမှူးကလာညှိတယ်။”

ဆန္ဒပြပွဲ၌ မလေးရှားရဲနှင့် ထောက်လှမ်းရေးအင်အား ရ၀ ခန့်က အချုပ်ကားများဖြင့် လာရောက် ၀ုိင်းရံထားသည် ဟု သိရသည်။

အကယ်၍ ဆန္ဒပြပွဲပြုလုပ်ပါက ဖမ်းဆီးအရေးယူမည့် အခြေအနေဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံးတွင် ကွာလာလမ်ပူ ရဲမှူးမှ လာရောက်ညှိနိုင်းခဲ့သည့်အတွက် နှစ်ဖက်သဘော တူညီမှုရယူကာ ဆန္ဒပြခေါင်းဆောင် ၅ ဦးမှ ပိုစတာ ကိုင်ပြီးငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ဆန္ဒပြသူများက မြန်မာသံရုံးသို့ အချက်သုံးချက်ပါ တောင်းဆိုချက် တစောင်ကို ရေးသား ပေးပို့ခဲ့သော်လည်း သံရုံး ၀န်ထမ်းများက လာရောက်ယူဆောင်ခြင်း မရှိသည့်အတွက် သံရုံးစာတိုက်ပုံးတွင် ထည့်ထားခဲ့သည်ဟု သိရသည်။

အထက်ပါ တောင်းဆိုချက်၌ မတရားအမှုဆင်ဖမ်းဆီး အပြစ်ဒဏ်ပေးခံရသည့် ဒေါ်အောင်ဆန်းစုကြည် အား ချွင်းချက်မရှိ ပြန်လွတ်ပေးရန်၊ရွှေဂုံတိုင်ကြေညာချက်အား  အကောင်အထည်ဖော်ဆောင်က်ပေးရန်နှင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလာဒ်အား အသိ အမှတ်ပြုရန် စသည့်အချက်များ ပါ၀င်သည်။

လွန်ခဲ့သော ရှစ်လေးလုံးနှစ်ပတ်လည်နေ့ ဆန္ဒပြပွဲကိုလည်း မလေးရှားအာဏာပိုင်များက အလားတူ ပိတ်ပင်ခဲ့ဘူးသည်။

Most read this week