စစ်တွေတွင် လုံခြံုရေးကို တင်းကျပ်

စစ်တွေတွင် လုံခြံုရေးကို တင်းကျပ်
စစ်တွေမြို့ လုံခြံုရေးကို ယမန်နေ့ နံနက်စပြီး ပြန်လည် တင်းကျပ်လိုက်သည်။ စစ်တွေမြို့ခံ တဦးက “လုံခြံုရေးကို အခု ပြန်တင်းကျပ် လိုက်ပါတယ်။ လုံထိန်းနဲ့ ရဲသားတွေကို အရေးကြီးတဲ့ နေရာတွေအားလုံးမှာ အင်အား ဖြည့် ...

စစ်တွေမြို့ လုံခြံုရေးကို ယမန်နေ့ နံနက်စပြီး ပြန်လည် တင်းကျပ်လိုက်သည်။

စစ်တွေမြို့ခံ တဦးက “လုံခြံုရေးကို အခု ပြန်တင်းကျပ် လိုက်ပါတယ်။ လုံထိန်းနဲ့ ရဲသားတွေကို အရေးကြီးတဲ့ နေရာတွေအားလုံးမှာ အင်အား ဖြည့်ချထားတာကို တွေ့ရပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ လုံခြံုရေးကို စစ်တွေတွင် တိုးမြှင့် ချထားလိုက်ခြင်းမှာ အခြေအနေ နှစ်ရပ်ကြောင်း ဖြစ်သည်ဟု သူက ပြောသည်။

“မနေ့က ဒေါ်စုကို ထောင်တနှစ်ခွဲချလိုက်တဲ့အတွက် ဒါကို လူထုတွေက မကျေနပ်တဲ့အတွက် ဆန့်ကျင် ကန့်ကွက် လာနိုင်တယ်။ နောက်တခုက သြဂတ်စ် ၁၃ စစ်တွေ ဆန်ပြဿနာနေ့က မနက်ဖြန်မှာကျရောက်မှာ ဖြစ်တဲ့အတွက် ပြဿနာ တက်ကောင်းတက်နိုင်တဲ့ အနေအထား ရှိတဲ့အတွက် ခုလို လုံခြံုရေးကို အင်္ဂါနေ့ မနက်က စပြီး တင်းကျပ် ထားလိုက်တာ ဖြစ်ပါတယ်။”

လုံခြံုရေး အဓိက ချထားသော နေရာများမှာ ဘုရားကြီး၊ ရဲကျော်သူကျောင်း၊ ဦးဥတ္တမ ပန်းခြံ၊ အာဂျိတ်တောင်ကုန်း၊ သင်္ဘောဆိပ်နှင့် ရပ်ကွက်များ အတွင်းရှိ လမ်းဆုံ လမ်းခွများတွင် ဖြစ်သည်။

အမည်မဖေါ်လိုသူ လူငယ် တဦးကလည်း “ပြည်နယ်ရဲမှူးကြီး အပါအဝင် ပြည်နယ် အရာရှိတွေနဲ့ ကားတွေနဲ့ ရပ်ကွက်တွေကို ၀င်ပြီး သွားလာ စစ်ဆေးနေတာကို တွေ့ရပါတယ်။ ထောက်လှမ်းရေးတွေနဲ့ ရဲသားတွေကတော့ မော်တော်ဆိုင်ကယ်တွေ စီးပြီး မြို့ကို ပတ်နေကြပါတယ်” ဟု ပြောသည်။

Most read this week