ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်ရှိ တဲသုံးလုံးကျေးရွာတွင် ဒီကေ ဘီအေတပ် စခန်းချရန် တပ်အသစ်တည်ဆောက်နေသည်ဟု ကေပီ အက်ဖ်အရာရှိတစ်ဦးက ပြောသည်။
အင်အား ၁၀၀ ကျော်ခန့်ရှိသော ဒီကေဘီအေတပ်ရင်း ၉၀၁ နှင့် ၉၀၇ တို့ ပူးပေါင်းပြီး ၄င်းနေရာတွင် တပ်စခန်းချမည် ဖြစ်သည်ဟု ၄င်းအရာရှိက ဆက်ပြောသည်။
လွန်ခဲ့သော သြဂုတ်လ ၅ ရက်နေ့မှစ၍ တပ်စခန်းအသစ်စတင် တည် ဆောက်နေသည်ဟု ခရီးသွားတစ်ဦးက ပြောသည်။
“မနေ့ကပဲ သူတို့ (ဒီကေဘီအေ) တွေ ကားတွေ၊ သစ်တွေတိုက်သွားတာ တွေ့လိုက်တယ်၊ စခန်းဆောက်ဖို့အတွက်ပေါ့၊ တပ်စခန်းတော့ မပြီးသေး ဘူး၊ အခွန်ကောက်ဖို့ ဂိတ်ကိုတော့ ဖွင့်ထားတယ်” ဟု ၄င်းက ပြောသည်။
မဲကသာမှ ဘုရားသုံးဆူအထိသို့ ၁၀ ဘီးကား သစ်ကားတစ်စီးလျှင် ထိုင်း ဘတ်ငွေ ၅၀၀၀ နူန်းဖြင့်လည်းကောင်း ၄ ဘီးကားကို ဘတ်ငွေ ၈၀၀ နူန်းဖြင့် ဒီကေဘီအေက ဂိတ်စခန်းအသစ်မှာ အခွန်ကောက်လျှက်ရှိ သည်ဟု သစ်ကုန်သည်များက ဆိုပါသည်။
ဒီကေဘီအေမှ ထိုသို့တပ်စခန်းအသစ်တည်ဆောက်ရခြင်း အဓိကရည် ရွယ်ချက်မှ ကေအန်ယူတပ်ဖွဲ့လှုပ်ရှားများ နယ်မြေကျဉ်းသွားရန် အဓိက ရည်ရွယ်သည်ဟု ကေပီအက်ဖ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ပြောသံကြားနေတာကတော့၊ ဒီကေဘီအေကို နအဖစစ်တပ်က ကြိုး ကိုင်ပြီးတော့ ဒီနွေရာသီကျရင် ကေအန်ယူကို တိုက်ဖို့ရှိတယ်လို့ ကြားနေရတယ်” ဟု ၄င်းက ပြောသည်။