စျေးကွက်ထဲတွင် ကြက်ဥအတု ဝင်ရောက်နေခြင်းကြောင့် ကြက်ဥစားသုံးမှု အနည်းငယ် လျှော့နည်းလာ

စျေးကွက်ထဲတွင် ကြက်ဥအတု ဝင်ရောက်နေခြင်းကြောင့် ကြက်ဥစားသုံးမှု အနည်းငယ် လျှော့နည်းလာ
မြန်မာနိိုင်ငံထဲသို့ နယ်စပ်တချို့မှ ကြက်ဥအတုတွေဝင်လာလျက်ရှိကြောင်း အစိုးရပိုင် သတင်းစာက ကြေငြာလိုက်ပြီးနောက်မှာ ရန်ကုန်မြို့စျေးကွက်မှာ ကြက်ဥစားသုံးမှု အနည်းငယ်သာလျော့နည်းလာ သော်လည်း ကြက်ဥစျေး ...

မြန်မာနိိုင်ငံထဲသို့ နယ်စပ်တချို့မှ ကြက်ဥအတုတွေဝင်လာလျက်ရှိကြောင်း အစိုးရပိုင် သတင်းစာက ကြေငြာလိုက်ပြီးနောက်မှာ ရန်ကုန်မြို့စျေးကွက်မှာ ကြက်ဥစားသုံးမှု အနည်းငယ်သာလျော့နည်းလာ သော်လည်း ကြက်ဥစျေး နူန်းမှာ ပုံမှန်အတိုင်ဘဲ ရှိသည်ဟု သိရသည်။

ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်စျေးတွင် ကုန်စုံရောင်းနေသည့် ဆိုင်ရှင်တစ်ဦးကို မေး မြန်းရာ “နယ်စပ်ကနေ ကြက်ဥအတုတွေ ဝင်လာလို့ သတင်း ထွက်ပြီး နောက် ကြက်ဥရောင်းအားက နည်းနည်းကျသွားတယ်” ဟုပြောသည်။

ရန်းကင်း နှင့် ဗဟန်းမြို့နယ်မှ ဒေသခံတွေကလည်း ကြက်ဥအတုမှာ ပါဝင် သည့် ဓာတုဗေဒပစ္စည်းကြောင့် ကြက်ဥစားသုံးမှုကို လျော့ချလိုက်သည်။

ကြည်မြင့်တိုင်မြို့နယ်မှ ဒေသခံတစ်ဦးက “ကြက်ဥအတုကို ဓာတုဗေဒပစ္စည်းနဲ့ လုပ်ထားတယ်ဆိုတော့ ကျွန်မတို့ကလည်း ကြက်ဥကို သတိထားပြီး ဝယ်နေရတယ်။ အိမ်မှာတော့ အရင်ကလို ကြက်ဥကို သိပ်ပြီးမစားတော့ဘူး”ဟု ပြောသည်။

စျေးပေါပေါနှင့် ရနိုင်သည် ကြက်ဥကို အပင်ပန်းခံပြီး အတုထုတ်ကြမလား ဆိုပြီး ပြည်သူတွေအနေနှင့် လက်ခံယုံကြည်ဖို့ခက်နေပါသည်။ ယခု လော လော ဆယ်ကြက်ဥစျေးနှုန်းကလည်း တစ်လုံးလျင် ၁၁၀ နှင့် ၁၂၀ ကျပ်မှာ ရှိသည့်အတွက် ပုံမှန်စျေးနူန်းမှာပဲရှိနေသည်။

ကြက်ဥအတုများမှာ မွေမြုုရေးကြက်များနှင့် ပုံစံတူပြီး ဒေသန္တရကြက်ဥ (အိမ်းမွေးကြက်ဥ) နှင့် အနည်းငယ် ကွဲပြားသည်။ ကြက်ဥအတု၏အကာ ပိုင်းကို ဘင်ဇိုရမ်အက်စစ်၊ ဂျယ်လီ၊ အမည်မသိဓာ တုဆေးမှုန့်၊ ကော်ရည် ပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုသည့် ဓာတုပစ္စည်းများနှင့် မုန့်ဖုတ်ရာ တွင်အသုံးပြုသော ဓာတုပေါင်ဒါများဖြင့် ရောစပ်ပြုလုပ်ထားပြီး၊ ၄င်း၏အ နှစ်ကို အမည်မသိ အဝါရောင်ပေါင်ဒါမှုန့်အား အရည်တစ်မျိုးဖြင့် သမ အောင်မွှေကာ ကယ်ဆီယမ်ကလိုရိုက်ဒ် ထည့်သွင်းဖျော်စပ်ထားသည့် Magic Water ခေါ် အရည်တစ်မျိုးဖြင့် ရောစပ်ပြုလုပ်ထားသည်။

ကြက်ဥအတု၏ အကာနှင့်အနှစ်ကို အဝိုင်းပုံသဏ္ဍာန်ရှိသည့် ပလတ်စတစ် ပုံသွင်းခွက်ထဲသို့ လောင်းထည့်ကာ ပုံသွင်းရကြောင်းနှင့် ကြက်ဥ အကာနှင့် အနှစ်တို့အကြား ရောနှောသွားခြင်းမရှိစေရန် Magic Water က ပါးလွှာ သောအမြှေးပါးအသွင်ဖြင့် ပိုင်းခြားပေးထားကြောင်း၊ ကြက်ဥအ ခွံကိုမှုပါ ရာဖင်းဓာတ်ပါဝင်သော ဖယောင်းနှင့် အမည်မသိ အဖြုုရောင် ဓာတုဆေး ရည်တစ်မျိုးတို့ ရောစပ်ပြုလုပ်ပြီး ၄င်းအရည်ကို အဝိုင်းပုံ သဏ္ဍာန်ပြုလုပ် ထားသော ပလတ်စတစ်ပုံစံခွက်အတွင်း ထည့်ထားသည့် အနှစ်အတုနှင့် အကာအတုများ အပေါ်သို့ လောင်းချ၍အချိန်အ နည်းငယ်ကြာအောင် အခြောက်ခံထားပါက ကြက်ဥအစစ်နှင့် ထပ်တူထပ်မျှ အသွင်သဏ္ဍာန်တူ သော ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသည့် ကြက်ဥ အတုကို ရရှိ သည်ဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

၄င်းကြက်ဥအတုနှင့်အစစ်ကို ခွဲခြားရန်အတွက် ကြက်ဥအတုကို ခပ်ပြင်း ပြင်း လှုပ်ကြည့်ပါက အဆန်ချောင် နေသည်ကို တွေ့ရပြီး ကြက်ဥအစစ်က အဆန်ချောင်ခြင်း မရှိဟု သိရသည်။

ကြက်ဥအတု၏အရောင်က ပိုရင့်ပြီး အတု၏အခွံသည် ဖယောင်းနှင့်ပြု လုပ် ထားခြင်းဖြစ်သည့်အတွက် ပိုမိုအလင်းပြန်ကြောင်း၊ ကြက်ဥများကို ပွတ်ကြည့်လျှင် အတု၏အခွံမျက်နှာပြင်က ပို၍ကြမ်းကြောင်း၊ ကြက်ဥကို ခွဲ၍ကြည့်ပါက အတု၏အနှစ်နှင့်အကာသည် သီးသန့်မနေဘဲ ရော၍သွား ကြောင်း၊ အတု၏အခွံ၌ အမြှေးမပါဘဲ အစစ်၌ အမြှေးပါးကြောင်း၊ ပြုတ် လိုက်ပါက အတုသည် အစစ်ကဲ့သို့ အနှစ်နှင့်အကာသီးခြားမနေဘဲ ရော ၍သွားကြောင်း တွေ့ရှိရသည်ဟု ၄င်းသတင်းစာတွင် ဖော်ပြထားသည်။

ကြက်ဥအတုကို စားသုံးခြင်းနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာ ရေးဆိုးကျိုးကိုတွေနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ရှိ ဇီဝကလမ်းရှိ ဆေးသု တေသနကိုမေးကြည့်ရာ သူတို့အနေဖြင့် ကြက်ဥအတုတွင် အမည်မသိဓာ တုပစ္စည်းအချို့လည်း ပါဝင်သောကြောင့် အသေးစိတ်ပြောနိုင်ဖို့ ခက်ပါသေးသည့် ဟုပြောသည်။

သက်ဆိုင်ရာအာဏာပိုုင်တွေကလည်း ကြက်ဥအတုတွေကို ထပ်မံစစ်ဆေး မှုများပြုလုပ်သွားမှာဖြစ်ပြီး သတင်းထုတ်ပြန်သွားမှာဖြစ်ကြောင်းနှင့် ကြက် ဥအတုကို စားသုံးခြင်း၊ ရောင်းချခြင်း မပြုလုပ်ဖို့လည်း တိုက်တွန်းထားသည်။