အမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်

အမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်
ကျမ၏ အိမ်ခြံဝင်းအတွင်းသို့ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့ အပါအဝင်၊ ယခုအမှု တည်ဆောက်ထားသော ကျူးကျော်ဝင်ရောက်မှု နှစ်ကြိမ်လုံးတို့တွင် ကျမသည် ကျူးကျော်ဝင်ရောက်သော သူကိုဖြစ်စေ၊ ယင်းသို့သော ကျုးကျော်ဝင်ရောက်လာ ...

 
(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သြဂုတ် ၃ ရက်နေ့ ကြေညာချက်မှ ပြန်လည် ကောက်နုတ်ဖော်ပြသည်။)
 
မိမိအပါအဝင် ပုဂ္ဂိုလ် ၄ ဦး အပြစ် ရှိ၊ မရှိ တရားသူကြီးများသည် စီရင်ဆုံးဖြတ်ရတော့မည်ဖြစ်သည်။ ယင်းစီရင် ဆုံးဖြတ်ချက်သည် ကျွနု်ပ်တို့နိုင်ငံတွင် တည်ရှိနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေရေးရာနှင့် တရားမျှတမှုရေးရာ အဆောက်အအုံ တလုံးအပေါ်တွင် ချမှတ်သော စီရင်ဆုံးဖြတ်ချက်လည်း ဖြစ်လိမ့်မည်။
 
ကျမ၏ အိမ်ခြံဝင်းအတွင်းသို့ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့ အပါအဝင်၊ ယခုအမှု တည်ဆောက်ထားသော ကျူးကျော်ဝင်ရောက်မှု နှစ်ကြိမ်လုံးတို့တွင် ကျမသည် ကျူးကျော်ဝင်ရောက်သော သူကိုဖြစ်စေ၊ ယင်းသို့သော ကျုးကျော်ဝင်ရောက်လာခြင်းမျိုးကို တားဆီးရန် တာဝန်ရှိသူများကိုဖြစ်စေ၊ ဒုက္ခရောက်စေမည့် အကျိုးဆက် မဖြစ်စေလိုသော၊ ရန်ငြိှုးကင်းမဲ့သော စိတ်ထားဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
 
ယင်းဖြစ်ရပ်များနှင့် စပ်လျဉ်း၍ ယိုးစွပ်ခြင်းပြုမည့်အစား ထားသင့်ထားထိုက်သော သင့်ရုံတော်ရုံ သဘောထားမှု၊ နားလည်သည့် သဘောထားမှုနှင့် တာဝန်သိမြင်သော သဘောထားမှုများကို အစွမ်းကုန် ထားရှိခြင်းသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းများ၌ လုံခြံုရေးနှင့် ညီညွတ်ရေးတို့ကို ဥပဒေကသာ အုပ်ထိန်းခြင်း ပြုသည်ဆိုသော ယေဘုယျသဘော ဖြစ်ပေါ်စေပါလိမ့်မည်။
 
ကျမကို ၅ နှစ်ကျော် အိမ်အကျယ်ချုပ်ဖြင့် ထားခဲ့သည့်ကိစ္စနှင့် စပ်လျဉ်း၍ အရေးယူခဲ့မှုများကို ဥပဒေနှင့် ညီ၊ မညီ စုံစမ်းမှု မပြုဘဲ၊ ယခု ကျမအပေါ် စွဲချက်တင်မှုများအား မှန်ကန်စွာဖြစ်စေ၊ ပြည်စုံစွာဖြစ်စေ သုံးသပ်၍ ရနိုင်မည် မဟုတ်ချေ။ ယင်းကာလအတွင်း ကျမ၏ ရှေ့နေများသည် တရားဥပဒေ စိုးမိုးရေးတွင် အလွန်မှ ဟန်ချက်ကို ပိုင်းခြားသိမြင်စေနိုင်သော၊ ထိုက်သင့်သော ဆောင်ရွက်မှု (Due Process) များ ရရှိနိုင်ရန် အလွန် စေ့စပ်သေချာသော ကြိုပမ်းမှုများ ပြုလုပ်ခဲ့ကြပါသည်။ အလားတူ နှစ်ခွန်းနှစ်ခွမဟုတ် သံသယကင်းစင်သော “တရားစီရင်ရာတွင် အမှန်ကို ဆုံးဖြတ်ရုံမျှသာမကဘဲ ထိုသို့ အမှန်တရားကို စီရင်ကြောင်း အများမြင်စေရာသည်” ဆိုသော “မူ” မှာလည်း  တရား ဥပဒေ စိုးမိုးရေးအတွက် အလွန်မှ ဟန်ချက်ကို ပိုင်းခြားသိမြင်စေနိုင်သော “မူ” ဖြစ်ပါသည်။ (Equally Critical is the principle that justice must not only be done but must be seen to be done, clearly and unequivocally)
 
ဤအမှုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များအပေါ် အဓိပ္ပာယ်ပိုင်းခြား၍ ကျင့်သုံးမှုများနှင့် ပတ်သက်၍ “ထုံးနည်းမကျသော” ကျင့်သုံးမှုများ ပေါ်ပေါက်ခဲ့ပါသည်။ ယင်းအကြောင်းကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ပင် အတည်ဖြစ်မှု ရှိ၊ မရှိဆိုသော ပြဿနာသည် ပေါ်ပေါက်ခဲ့ပေသည်။
 
ယင်းသို့ပေါ်ပေါက်ခဲ့မှုကြောင့်လည်း အစိုးရဆိုသော ဂုဏ်အင်္ဂါသဘောနှင့်လည်း စပ်ဆိုင်ခဲ့ပါသည်။ ဥပဒေနှင့် ကိုက်ညီပြီး တရားမျှတသော အုပ်ချုပ်မှု၏ အကာကွယ်တရပ်ဖြစ်သော ဥပဒေနှင့်အညီ ပြုမူသော ဆောင်ရွက်ခြင်း လိုအပ်ပါသည်။
 
ကျမလည်း ရုံးရှေ့တွင် စစ်ဆေးကြားနာလျက်ရှိသော စွဲချက်များအပေါ် အပြစ်မရှိဟု တင်ပြခဲ့ခြင်းနှင့်အတူ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍လည်း တရားဥပဒေ စိုးမိုးရေးဆိုသည်မှာ အဂတိလေးပါးကင်းသော၊ ချွတ်ယွင်းချက်ကင်းစင်သော၊ တရားမျှတသော၊ အပြစ်လည်းမဆိုနိုင်သော၊ ဉာဏ်ပညာနှင့် ကောင်းမြတ်သော စိတ်စေတနာနှင့် မြင်သာထင်ရှားကာ တာဝန်ခံနိုင်သည့် စီမံခန့်ခွဲမှုမျိုးဖြစ်သည်ဟု တင်ပြလိုပါသည်။

Most read this week