၂၀၁၀ ရွေးကောက်ပွဲအတွက် အလုပ်ကော်မတီဖွဲ့စည်း

၂၀၁၀ ရွေးကောက်ပွဲအတွက် အလုပ်ကော်မတီဖွဲ့စည်း
မြန်မာစစ်အစိုးရ ၂၀၁၀ ရွေးကောက်ပွဲအတွက် လှုပ်ရှားသွားနိုင်ရန်် ပြည်တွင်းရှိ မွန်ခေါင်းဆောင်တချို့ ၊ မွန်ပြည်သစ်ပါတီဝင်ဟောင်း၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်နှင့် အငြိမ်းစားအစုုုိးရဝန်းထမ်းတို့ စုပေါင်းကာ အလုပ်ကော်မတီအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်း ...

 
မြန်မာစစ်အစိုးရ ၂၀၁၀ ရွေးကောက်ပွဲအတွက် လှုပ်ရှားသွားနိုင်ရန်် ပြည်တွင်းရှိ မွန်ခေါင်းဆောင်တချို့ ၊ မွန်ပြည်သစ်ပါတီဝင်ဟောင်း၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်နှင့် အငြိမ်းစားအစုုုိးရဝန်းထမ်းတို့ စုပေါင်းကာ အလုပ်ကော်မတီအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်သည်။
 
၄င်းအလုပ်ကော်မတီကို ဇွန်လ ၂၉ ရက်နေ့တွင် ကျရောက်သည့် မွန်ပြည်သစ်ပါတီနှင့် မြန်မာစစ်အစိုးရတို့ အပစ်အခတ်ရပ်စဲထားသည့် ၁၄ နှစ်ပြည့်နေ့တွင် ကော်မတီဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
 
၄င်းကော်မတီသည် ပြည်သူတွေကိုစည်းရုံးလှုံဆော် ရန်အတွက်ဖွဲ့စည်းရန်ရည်ရွယ်ထားပြီး၊ အခြေအနေပေးလာ သည်နှင့်အမျှ ကော်မတီမှ နိုင်ငံရေးပါတီတစ်ခု (နိုင်ငံရေးအသွင်းပြောင်း) ဖွဲ့ပြီး ၂၀၁၀ အတွက် ရွေးကောက်ပွဲဝင်ရန်၊ မဝင်ရန် ရှိသည်။
 
မြန်မာအစိုးရ ရေးဆွဲထားသည့် လမ်းပြမြေပုံ (၇) ချက်အရ လာမည့် ၂၀၁၀ တွင် ရွေးကောက်ပွဲ ပြုလုပ်ရန် ကြေငြာထားပြီးဖြစ်သည်။ မြန်မာအစိုးရထားသည့် လမ်းစဉ်အပေါ် မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့တို့က လက်မခံနိုင်သည့် အနေထားရှိနေသည့်အတွက် နိုင်ငံရေးပါတီသစ်ဖွဲ့ရန် ရည်ရွယ်လျှက်ရှိသည်။
 
“ဒီကော်မတီဟာ အခြေနေပေးလာတာနဲ့ အစိုးရက ပါတီသစ်ဖွဲ့ပါ ကြေငြာလာမှ ပါတီဖွဲ့မယ် ဒါမဟုတ် အစိုးရရဲ့လမ်းစဉ်တွေကို လက်မခံနိုင်ဘူးဖြစ်လာမှ အစိုးရဲ့လမ်းစဉ်ကို ဆန့်ကျင်တဲ့ အခြေအနေမှာရှိတယ်”ဟု ၄င်းကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။
 
လတ်တလောအခြေအနေတွင် မွန်ပြည်သစ်ပါတီ၏ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် နယ်ခြားစောင့်တပ်ပြောင်းလဲရန် သို့မဟုတ် ပြည်သူ့စစ်အသွင်းအဖြစ်ပြောင်းလဲရန် မြန်မာစစ်အစိုးရ၏ဖိအားပေးခြင်းကို ခံနေရသည်။
 
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့သည် (၁၉၉၀) ခုနှစ်ရွေးကောက်ပွဲအပြီးတွင် ဖျက်သိမ်းခံရကာ နောက်ပိုင်းတွင် နိုင်ငံရေးလှုပ်ရှားမှုတွေ ရပ်နားထားရသည်မှာ ကာလကြာလာပြီးဖြစ်သည်။
 
၄င်းပါတီနှစ်ခု၏ အခြေအနေသည် မြန်မာအစိုးရ၏ နိုင်ငံရေးပါတီလမ်းစဉ်မှာ လျောက်လှမ်းရန် မဖြစ်နိုင်သည့်အနေအထားတွင်ရှိပြီး ခေါင်းဆောင်တချို့က မြန်မာအစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ရန် ပါတီသစ်တစ်ခု ဖွဲ့စည်းရန်ရှိသည်။

မြန်မာအစိုးရက ပါတီစုံဖွဲ့စည်းရန်အတွက် မကြေငြာနိုင်သေးသည့်အတွက် ခေါင်းဆောင်တချို့က နိုင်ငံရေးပါတီ ဖွဲ့ထူထောင်ရန်အတွက် ဇဝေဇဝါဖြစ်နေကြသည်။

Most read this week