မွန်ပြည်သစ်ပါတီကို စစ်အစိုးရ လက်အောက်လည်းမနေချင် ငြိမ်းချမ်းရေးလည်း မွန်ပြည်သူလူထုက မပျက်စေချင်

မွန်ပြည်သစ်ပါတီကို စစ်အစိုးရ လက်အောက်လည်းမနေချင် ငြိမ်းချမ်းရေးလည်း မွန်ပြည်သူလူထုက မပျက်စေချင်
မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အ သွင်ပြောင်း လဲရေး ကမ်းလှမ်းချက်ကို အကြောင်းပြန်ကြားရန်အတွက် မွန်ပြည်သူများ ထံမှ အမြင်ကိုတောင်းခံရာတွင် အများစုက လက်ရှိငြိမ်းချမ်းမှုကို မပျက် ပြားစေဘဲ စစ်အစိုး၏ လက်အောက်မှာလည်း မနေ ...

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အ သွင်ပြောင်း လဲရေး ကမ်းလှမ်းချက်ကို အကြောင်းပြန်ကြားရန်အတွက် မွန်ပြည်သူများ ထံမှ အမြင်ကိုတောင်းခံရာတွင် အများစုက လက်ရှိငြိမ်းချမ်းမှုကို မပျက် ပြားစေဘဲ စစ်အစိုး၏ လက်အောက်မှာလည်း မနေရန် မွန်ပြည်သူတို့ ၏အမြင်များ ရရှိခဲ့သည်။
 
“စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့နဲ့ ပြည်သူ့စစ်ပုံစံ ထား မယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို ကျနော်တို့ ပြည်သူတွေအတွက် တစ်ခုမှ လည်း လက်မခံနိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ပါတီနဲ့ ကျနော် တို့ပြည်သူတွေသာ ကျနော်တို့ဒေသဖွံ့ဖြိုးဖို့ ပညာရေး၊ ကျန်းမာရေးတွေ ဟာ ကိုယ့်အစွမ်းစနဲ့ကိုယ်ပဲ ဆက်လက် လုပ်ဆောင်သွားချင် တယ်၊ တ ကယ်လို့ စစ်အစိုးရရဲ့ ကမ်းလှမ်းချက်ကိုသာ လက်ခံလိုက်မယ်ဆိုရင် ကျ နော်တို့ မွန်တွေအကြားမှာ သွေးခွဲဖို့ ကျနော်တို့ပါတီကို ခွဲထုတ်ဖို့ သက် သက်ပဲဖြစ်မယ်” ဟု မွန်ပြည်သူတစ်ဦးက ၄င်း၏အမြင်ကို ပြောပြပါသည်။
 
စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို ဇူလိုင်လနောက်ဆုံးပတ်တွင် အကြောင်း ပြန်ကြားရန်အ တွက် မွန်ပြည်သစ်ပါတီအနေနှင့် ဇူလိုင်လနောက်ဆုံး ပတ်မှစ၍ ဗဟိုဌာနချုပ်တွင် ဗဟိုကော်မတီဝင်များအား အရေးပေါ် အစည်းအဝေး ပြုလုပ်ရန်ရှိသည်။
 
“မွန်ပြည်သစ်ပါတီက စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲလာတာဟာ စစ်အစိုး ရက မွန်တွေကို ဖျောက်ဖျတ်ချင်တဲ့အစီစဉ်တွေပဲ၊ ပြီးတော့ အပစ်ခတ် ရပ်စဲရေး ပျက်ပြားမှုကိုသာ မွန်တွေ စိုးရိမ်နေမယ်ဆိုရင် တဖက်ကလည်း မွန်ပြည်သစ်ပါတီရဲ့သြဇာအာဏာ ဆုတ်ယုက်လာ နေတာကိုလည်း မွန်ပြည်သူတွေ မေ့မထားသင့်ဘူး၊ စစ်အစိုးရရဲ့ကမ်းလှမ်းချက်ကို လက် မခံသင့်ဘူး” ဟု မွန်ရဟန်းပျိုသမဂ္ဂခေါင်းဆောင် သံဃာတစ်ပါးက ပြောသည်။
 
စစ်အစိုးရမှ မွန်ပြည်သစ်ပါတီအပေါ် ကမ်းလှမ်းထားသည့် နယ်ခြားစောင့် တပ်နှင့် ပြည်သူ့စစ်ပုံစံဖွဲ့စည်းမည့်ကိစ္စအပေါ် မွန်ပြည်သစ်ပါတီမှ တာဝန်ရှိ များက မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ထားဝယ်ခရိုင်နှင့် မွန်ပြည်သစ်ပါတီ လက်အောက်ရှိ နယ်မြေဒေသများမှာ ပြည်သူတို့၏အမြင်မျာကို လိုက်လံ တောင်းခံနေခြင်းဖြစ်သည်။
 
နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများတို့က မွန်ပြည်သစ်ပါတီနှင့် စစ် အစိုးရကြား အပစ်ခတ်ရပ်စဲရေးပျက်ပြားမည်ကို စိုးရိမ်သည်က တစ် ကြောင်း အသစ်တက်လာမည့်အစိုးရသစ်အပေါ် အခွင့်အရေး လိုချင် သူများအတွက် အနည်းငယ်သော ပြည်သူများသာ စစ်အစိုးရ၏ ကမ်း လှမ်းချက်ကို လက်ခံရန် ပြောဆိုလာသည်။
 
သို့သော်လည်း အမ်အေယူအဖွဲ့အစည်း ၊ အဝေးရောက်မွန်အဖွဲ့များ၊ မွန်သံ ဃာအဖွဲ့များ၊ မွန်တက္ကသိုလ်ကျောင်းသားများနှင့် မွန်လူငယ် အဖွဲ့အစည်း များက စစ်အစိုးရက မွန်ပြည်သစ်ပါတီကို နယ်ခြားစောင့် တပ်အသွင် ပြောင်းလဲဖို့ ဖိအားပေးလာသည်ကို ပြတ်ပြတ်သားသားငြင်းဆိုဖို့အတွက် မွန်ပြည်သစ်ပါတီထံ အိတ်ဖွင့်ပေးစာ ပို့ဆောင်ထားပြီးဖြစ်သည်။

Most read this week