ထိုင်းနိုင်ငံ ရနောင်းမြို့မှ ဖူကတ်မြို့သို့ဝင်လာသော အလုံပိတ်ကားပေါ်မှ အသက်ရှုကြပ်ပြီး သေဆုံးသွာသည့် မြန်မာအလုပ်သမား ၅၄ ဦးကိုတင် သွင်းလာသူ ပွဲစားတစ်ဦးကို ကော့သောင်းမြို့တွင် ဖမ်းဆီးလိုက်သည်။
မနေ့ညနေ ၁၂ နာရီခန့်တွင် နေပြည်တော်မှ လူမှောင်ခိုဖမ်းဆီး ရေးအ ထူးအဖွဲ့က ကုန်သည်လူပွဲစားကို ဖမ်းဆီးလိုက်သည်။ ဖမ်းဆီးရမိသည့် ပွဲစား၏ အမည်မှာ ကိုစိုးဖြစ်ပြီး၊ ၄င်းနှင့်အတူ ဆိုင်ကယ်လိုင်း ပြေးဆွဲသူတစ်ဦးလည်း ပါဝင်သည်။
“နေပြည်တော် လူမှောင်ခိုဖမ်းဆီးရေးအထူးအဖွဲ့က ကိုစိုးကို ဖမ်းလိုက်ပြီး၊ ကော့သောင်းမြို့နဲ့ ၉ မိုင်အကွားမှာရှိတဲ့ ထောင်မှာ ချုပ်ထားလိုက်တယ်၊ တခြားအမှုတွေနဲ့ ဖမ်းတဲ့လူတွေကိုတော့ ကော့သောင်းအချုပ်မှာ ချုပ် ထားပြီးမှ အမှုစစ်တယ်၊ အခုက ကိုစိုးအမှုကို ၉ မိုင်ထောင်မှာပဲ စစ် ဆေးပြီး အမိန့်ချဖို့ရှိတယ်” ဟု ကော့သောင်း အာဏာပိုင်တို့နှင့် နီးစပ် သည့် မြို့ခံတစ်ဦးက ပြောသည်။
လူပွဲစား ကိုစိုးသည် ရန်ကုန်ဇာတိဖြစ်ပြီး၊ အလုပ်သမား ၅၄ ဦးသေဆုံး ပြီးနောက် သိမ်းရှောင်နေရင်းမှ ကော့သောင်းမြို့တို့ ရောက်လာစဉ် အ ဖမ်းအခံရခြင်းဖြစ်သည်။
“ဒီပွဲစား ကိုစိုးက ကော့သောင်းမြို့ကို ရောက်လာတာ သိပ်မကြာသေးဘူး၊ သူက မြို့နယ်အာဏာပိုင်တွေနဲ့ ပိုက်ဆံအပေးအယူလုပ်ပြီး ပြေလည် သွားတယ်၊ ဒါပေမယ့် နေပြည်တော်အဖွဲ့က သတင်းရပြီး သူ့ကို လာ ဖမ်းလိုက်တာ” ဟု တခြား ကော့သောင်းမြို့ခံ တစ်ဦးကပြောသည်။
၂၀၀၈ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် မြန်မာရွေ့ပြောင်းအလုပ်သမား ၁၀၀ ကျော် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် အတွက် အလုံပိတ် ကုန်တင်ကား တစ်စီးမှာ ၄င်းကား၌ တပ်ဆင်ထားသော လေအေးပေးစက် ရပ်ဆိုင်း သွားသောကြောင့် အလုပ်သမားများ အသက်ရှုကြပ်ပြီး သေဆုံး သွားခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းတရားရုံက မြန်မာအလုပ်သမား ၅၄ ဦးကို ဘတ်ငွေ (၁) သန်းစီ လျော်ကြေးပေးရန် ဆုံးဖြတ်လိုက်ပြီးနောက်မှာ ထိုင်းကား အမာခံကုမ္မဏီက ကျန်ရစ်သူ အလုပ်သမား မိသားစုကို ပထမဆုံးအကြိမ်း အနေဖြင့် လျော်ကြေးငွေ ၃ သောင်းခွဲပေးလိုက်သည်။
Published
Monday, July 27, 2009 - 20:20
အလုံပိတ်ကားပေါ်မှ သေဆုံးသွားသည့် အလုပ်သမား ၅၄ ဦး တင်သွင်းလာသူ ပွဲစားကိုဖမ်းမိ
ထိုင်းနိုင်ငံ ရနောင်းမြို့မှ ဖူကတ်မြို့သို့ဝင်လာသော အလုံပိတ်ကားပေါ်မှ အသက်ရှုကြပ်ပြီး သေဆုံးသွာသည့် မြန်မာအလုပ်သမား ၅၄ ဦးကိုတင် သွင်းလာသူ ပွဲစားတစ်ဦးကို ကော့သောင်းမြို့တွင် ဖမ်းဆီး ...