တနင်္သာရီတိုင်း ကမ်းရိုးတန်းတိုင်းစစ်ဋ္ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်မှ မီးသွေးဖို သုံးရာကျော် ဖျက်ဆီးပြီးနောက် ဒေသအတွင်ရှိပြည်သူများ မီးသွေးအတွက် အခက်ကြုံနေကြရသည်။
ထို့အတွက်ကြောင့် မီးသွေးလည်း ပြတ်လုနီးပါးဖြစ်ခဲ့ပြီး မီးသွေးစျေးလည်း မြင့်တက်သွား ခဲ့သည်ဟု မီးသွေးဖိုပိုင်ရှင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ဖျက်ဆီးခံရသော မီးသွေးဖိုပိုင်ရှင်တို့မှာ လျှော်ကြေးတစ်စုံစရာမရရှိခဲ့ပါ။ ဖျက်ဆီးခံရသော မီးသွေးဖိုမှာလည်း ကော့သောင်း၊ မြိတ်၊ ပုလော၊ ပုလောက်နှင့် ဘုတ်ပြင်မြို့နယ်တို့မှ ဖြစ်သည်။
ကမ်းရိုးတန်းတိုင်းစစ်ဋ္ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်မှ ပူပြင်းလွန်ခြင်း၊ ဆူနာမီနှင့် နာဂစ်ကဲ့သို့်သော ရေလေသဘာဝဘေးအန္တရာယ်ကျရောက်မည်ကို ကာကွယ်ရန် အတွက်ဟုဆိုပြီး ကမ်းရိုးတန်းတလျှောက်ရှိမီးသွေးဖို သုံးရာကျော်ကို ဖျက်ဆီးခဲ့သည်ဟု မီးသွေးဖိုပိုင်ရှင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
မီးသွေးအတွက်ကုန်ကြမ်းကို ပင်လယ်ကမ်းရိုးတန်းဒေသရှိ ဒီရေတောမှပေါက်ရောက်သော သစ်များကို ခုတ်တွင်နေကြသည့်အတွက် သဘာဝဘေးအန္တရာယ်တားဆီရန်ဟုဆိုကာ လွန်ခဲ့သည့် တလခန့်က ဖျက်ဆီးခဲ့သည်။ ကမ်းရိုးတန်းတိုင်း တိုင်းမှူး ထို့သို့ဖျက်ဆီးခဲ့ သည်မှာ နေပြည်တော်မှလာသည့့်အမိန့် ဖြစ်သည်ဟု ၄င်းပိုင်ရှင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
သို့သော် တိုင်းမှူးနှင့်နီးစပ်သည့်လုပ်ငန်းရှင်များကို်သာ ၄င်းလုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့သည်။ ၄င်းလုပ်ငန်းလုပ်ကိုင်ခွင့်ပြုခံခဲ့ရသောလုပ်ငန်းရှင်တို့မှာ တိုင်းမှူးနှင့်နားလည်မှုရယူထားပြီး ၄င်းလုပ်ငန်းရှင်းများကြောင့် သုံးစွဲသူတို့အတွက် အနည်းငယ်ပြေလည်ခဲ့ပြီး ထိုနားလည်းမှုအတွက် ငွေကြေးကို အကောက်အဖြစ် တိုင်းမှူထံသို့ လုပ်ငန်းရှင်းများက ပေးသွင်းကြရသည်။
သုံးစွဲသူတို့၏အဆိုအရ “ပင်လယ်ကမ်းစပ်ကအပင်နဲ့ ဖုတ်ထားတဲ့မီးသွေးက ထမင်းဟင်းချက်တဲ့အခါ မီးပွားလည်းမကျရောက်ဘူး။ သုံးစွဲရတာလည်း တာရှည်ခံတယ်” ဟု ဆိုသည်။
ပင်လယ်ကမ်းစပ်မှရသော သစ်ပင်ဖြင့် ဖုတ်ထားသောမီးသွေးသည် ရောင်းသည့်အချိန် တွင်လည်း အလေးချိန်ပိုမိုရရှိကြောင်း မီးသွေးဖိုပိုင်ရှင်နှင့်နီးစပ်သူက ပြောသည်။
တနင်္သာရီတိုင်းနှင့် ရခိုင်ဒေသရှိ ဒီရေတောမှာ ၅၀ ရာခိုင်နှုန်းနီးပါးအထိ ပျက်စီးနေကြပြီး လက်ရှိအများဆုံးပျက်စီးနေသည်မှာ ဧရာဝတီတိုင်းဖြစ်ပြီး ၆၀ ရာခိုင်နှုန်း ပျက်စီးသွားပြီး ဖြစ်သည်ဟု ဖလားဝါးနယူးစ်ဂျာနယ်တွင် ဖော်ပြထားသည်။