အန်အယ်ဒီ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမှု ယနေ့ ရက်ချိန်းတွင် အင်းစိန်ထောင်ရှေ့၌ စုဝေး ရောက်ရှိနေသည့် ပါတီဝင်များနှင့် ထောက်ခံသူများအား အရပ်ဝတ်ဖြင့် အနည်းဆုံး လူ ၅ ဦးက ဗီဒီယိုနှင့် ဓာတ်ပုံများ မှတ်တမ်းတင် ရိုက်ကူးခဲ့ကြသည်။
''ဗီဒီယို ကင်မရာတွေနဲ့က ၃ ယောက်၊ တခြား ၂ ယောက်ကတော့ ဓာတ်ပုံကင်မရာတွေနဲ့။ သူတို့က အင်းစိန်စျေးထဲကနေ လှမ်းရိုက်နေကြတာ။ သူတို့အားလုံးက ဆက်သွယ်ရေး စက်တွေ တပ်ထားကြတယ်'' ဟု အင်းစိန်ထောင်ရှေ့တွင် ရောက်ရှိနေသည့် ပါတီထောက်ခံသူတဦးက ပြောသည်။
အင်းစိန်ထောင်ရှေ့တွင် အန်အယ်ဒီ အဖွဲ့ဝင်များနှင့် ထောက်ခံသူများသည် လူဦးရေအားဖြင့် ၁ဝဝ ခန့်ရှိခဲ့ရာမှ ယခုအခါ ၁၅ဝ ခန့်သို့ တိုးမြှင့်လာသလို၊ အာဏာပိုင်များဘက်ကလည်း ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများ ရိုက်ကူးနေခဲ့သည်။
တချိန်ထဲတွင် စစ်ထရပ်ကား ၆ ကားနှင့် ဟိုင်းလပ်ကားငယ် ၂ စီးသည် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ယူနီဖောင်းဝတ် အဓိကရုဏ်းနှိမ်နင်းရေး ရဲများကို တင်ဆောင်ကာ မြို့တွင်းပိုင်းသို့ မောင်းနှင်သွားကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။
''ကျနော် ထင်တာကတော့ မြို့ထဲမှာ သူတို့တွေ ကင်းလှည့်သွားတာ ဖြစ်မယ်'' ဟု သူက ပြောသည်။
Published
Friday, July 24, 2009 - 18:42
အာဏာပိုင်များ အနီးကပ် စောင့်ကြည့်
အန်အယ်ဒီ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမှု ယနေ့ ရက်ချိန်းတွင် အင်းစိန်ထောင်ရှေ့၌ စုဝေး ရောက်ရှိနေသည့် ပါတီဝင်များနှင့် ထောက်ခံသူများအား အရပ်ဝတ်ဖြင့် အနည်းဆုံး လူ ၅ ဦးက ဗီဒီယိုနှင့် ဓာတ်ပုံများ မှတ်တမ်းတင် ရိုက်ကူးခဲ့ကြ ...