ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ကမ္ဘာ့လူတုပ်ကွေး A(H1N1) ရောဂါ မကူးစက်ပြန့်ပွားသွားအောင် ထိုင်းနိုင်ငံမှ ဘုရားသုံးဆူမြို့ ဝင်ပေါက်များကို စစ်ဆေးမှုများ ပိုမိုတင်းကျပ်ထားကြောင်း သိရသည်။
၄င်းနယ်စပ်ဝင်ပေါက်သည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်က ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့က တရားဝင်ပိတ်ထားသည်ဟု ဆိုသော်လည်း ယခုချိန်ထိ နားလည်မှုဖြင့် နယ်စပ်ပြည်သူတို့က ဝင်ပေါက်သုံးပေါက်ဖြင့် သွားလာနေကြသည်။
“ဇူလိုင် ၂၀ ရက်နေ့မတိုင်ခင်က အဓိက ထိုင်းဘက်ကမ်းမှာ အလုပ်လုပ်နေတဲ့သူတွေ ကျောင်းတက်နေတဲ့ကျောင်းသားတွေ ဝင်ထွက်သွားလာနေတဲ့ ဝင်ပေါက်မှပဲ ကျန်းမာရေးဌာနကနေ စစ်ဆေးတာရှိတယ်၊ ဝက်တုပ်ကွေးရောဂါနဲ့ပတ်သက်ပြီးတော့ ပညာပေးအစည်းဝေးခေါ်ထားပြီး ယခုဆိုရင် စစ်ဆေးမှုတွေ ပိုတင်းနေတယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။
ဇူလိုင်လ ၂၀ ရက်နေ့က မြို့နယ်မယကဥက္ကဌနှင့် ဘုရားသုံးဆူရှိ မြန်မာအစိုးရ အဖွဲ့ပေါင်းစုံ ၂၅ ဖွဲ့တို့မှ ဝက်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးအစည်းဝေးပြုလုပ်ပြီးနောက် ထိုင်းဘက်ကမ်းနှင့် မြန်မာဘက်ကမ်းသို့ဝင်ထွက်သွားလာနေသည်များကို ရောဂါစစ်ဆေးမှုများ ပြုလုပ်နေသည်။
မြန်မာဘက်ကမ်းနှင့် ထိုင်းဘက်ကမ်းသို့သွားလာနေသည့် ဝင်ပေါက်များမှာ ဂျပန်ရေတွင်းမှ ဝင်ရောက်နိုင်သည့်လမ်းတစ်လမ်း၊ ထိုင်းဘက်မှာ အလုပ်လုပ်နေသူများ ကျောင်းသားများ၊ ထိုင်းလူမျိုးများဝင်ရောက်နိုင်သည့် အထက်တန်းကျောင်းလမ်းနှင့် ကေဘီအက်ဖ်ဂိတ်လမ်းတို့ဖြစ်ကြသည်။
“ထိုင်းဘက်ကမ်းကနေ ဝင်လာတဲ့လူမှန်သမျကို ကျန်းမာရေးဌာကနေ ရောဂါစစ်ဆေးနေတယ်၊ ထိုင်းလူမျိုးဆိုရင် လုံးဝ ဗမာဘက်ကမ်းကို မပေးဆင်းဘူး၊ မသကာင်္တဲ့လူကို မပေးဝင်ဘူး” ဟု ၄င်းမြို့ခံက ပြောသည်။
ဝက်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမည်ကို ကြောက်ရွံ့နေသည့် ဘုရားသုံးဆူမြို့ခံများနှင့် ကျောင်းသူ၊ ကျောင်းသားများတို့က နှခေါင်းပိတ် (Mask)ကို အသုံးလာကြည်သည်။
နှခေါင်းပိတ် (Mask) အသုံးပြုသူများက ၄င်း (Mask) ကို ကျန်းမာရေးဌာနမှ ဖြန့်ဝေပေးခြင်းမရှိပဲ၊ စျေးဆိုင်မှ တစ်ခုလျင် (၁၀) ဘတ်ဖြင့် ဒေသခံတို့က ဝယ်ယူအသုံးပြုနေကြကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။
ဘုရားသုံးဆူမြို့သည် ထိုင်း-မြန်မာနယ်စပ်မြို့ကလေးတစ်မြို့ဖြစ်ပြီး၊ ကုန်သည် စီးပွားရေးသမားများနှင့် မြန်မာရွေ့ပြောင်းအလုပ်သမားများ နေထိုင်သည့် မြို့ကလေးတစ်မြို့လည်းဖြစ်သည်။ ထိုင်းနိုင်ငံမှ ၂၀ ကီလိုမီတာခန့်အဝေးတွင်ရှိပြီး၊ ဘုရားသုံးဆူမြို့ကို ထိုင်းဘက်ကမ်းနှင့် မြန်မာဘက်ကမ်းဟူ၍ သတ်မှတ်ထားသည်။
Published
Thursday, July 23, 2009 - 20:36
နယ်စပ်ဒေသမှာ ဝက်တုပ်ကွေး A(H1N1) ရောဂါစစ်ဆေးမှုများ ပိုမိုတင်းကျပ်လာ
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ကမ္ဘာ့လူတုပ်ကွေး A(H1N1) ရောဂါ မကူးစက်ပြန့်ပွားသွားအောင် ထိုင်းနိုင်ငံမှ ဘုရားသုံးဆူမြို့ ဝင်ပေါက်များကို စစ်ဆေးမှုများ ပိုမိုတင်းကျပ်ထားကြောင်း သိရ ...