မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေခြင်းကြောင့် ရွာသားများ ပြောင်းရွှေးနေရ

မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေခြင်းကြောင့် ရွာသားများ ပြောင်းရွှေးနေရ
by -
မိကျလွန်းထော
မိုးသည်းထန်စွာ ရွာသွန်းနေခြင်ကြောင့် ဇမိမြစ်အနီးရှိ ချောင်းဆုံးရွာ ဘုရားသုံးဆူဒေသတွင် မြစ်ရေကြီးပြီး မြစ်အနီးအနားတွင် နေထိုင်နေသူများ အနီးအနားရှိရွာများသို့ ပြောင်းရွေ့နေထိုင်နေကြ ...

မိုးသည်းထန်စွာ ရွာသွန်းနေခြင်ကြောင့် ဇမိမြစ်အနီးရှိ ချောင်းဆုံးရွာ ဘုရားသုံးဆူဒေသတွင် မြစ်ရေကြီးပြီး မြစ်အနီးအနားတွင် နေထိုင်နေသူများ အနီးအနားရှိရွာများသို့ ပြောင်းရွေ့နေထိုင်နေကြသည်။
 
မြစ်ရေမကြီးခင် ၂/၃ ရက်အလိုတွင် ရွာသားများက ရွာရှိဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့နေကြသည်။ အချို့သောသူများမှာ ဘုရားသုံးဆူမြို့ရှိ ကြိုးခပလုရွာနှင့် ဘုရားသုံးဆူမြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြသည်။
 
“ရေတက်လာတာ ပုံမှန်ထက် ပေ ၃၀ မြင့်တက်လာတယ်၊ အဲဒီမြစ်အနားမှာရှိတဲ့အိမ်ဆိုရင် မြုပ်ကုန်တယ်၊ ဒါက နှစ်တိုင်ဖြစ်နေတာ၊ ဒီနှစ်ကျတော့ ရေမကြီးခင် ကြိုတင်ပြောင်းထားတာ”  ဟု ကြိုးခပြုရွာသားတစ်ဦးထံမှ သိရသည်။
 
၄င်းသို့ ရေးကြီးနေချိန်တွင် အိမ်ခြေ ၄၀ ကျော် ၅၀ နီးပါးတို့ မြုပ် သွားခဲ့ပြီး ယခုအချိန်တွင် မိုးရပ်သွားသည့်အတွက် မြစ်ရေများ ကျ ဆင်းသွားကြောင်းကိုလည်း ဘုရာသုံးဆူမြို့မှ ကိုယ်တိုင်မြင်ခဲ့ရ သူတစ်ဦးက ဆိုသည်။
 
မြုပ်သွားသည့် နေရာများမှာ ချောင်းဆုံရွာအနိမ့်ပိုင်း လှေဆိပ်နှင့် အနီးတဝိုက်ရှိ လူနေအိမ်များနှင့် ၄င်းအနီးရှိ စျေးဆိုင်တန်းများ၊ အိမ်ဆိုင်ကြီးများတို့ ဖြစ်သည်ဟု သိရသည်။
 
၄င်းချောင်းဆုံရွာသည် ဘုရားသုံးဆူမြို့နှင့် ၉ မိုင်ခန့်ကွာဝေးပြီး လူနေအိမ်ခြေ (၂၀၀) ခန့်ရှိပြီး ဇမိမြစ်ကမ်းစပ်တွင် တည်ရှိနေ သော ရွာဖြစ်သည်။ ၄င်းအပြင် မိုးရာသီကာလများတွင် ပြည်တွင်း နှင့် နယ်စပ်ဒေသသို့ ကုန်စည်ကူးသန်းသွားလာရာတွင် အဓိက ကျသော လှေဆိပ်ရွာလည်း ဖြစ်သည်။
 
 
ထိုသို့သာမက ဘီလူးကျွန်းရှိ ရွာများတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ကောက်စိုက်သမများ ကောက်စိုက်မသွားရဘဲ ရပ်နားနေရသည်ဟု ဘီလူးကျွန်းရှိ ဒေါင်းဥရွာသားတစ်ဦးထံမှ သိရသည်။
 
မွန်ပြည်နယ် ရေးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှု ကြောင့် လူနေရပ်ကွက်များအတွင်း ရေများဝင်ရောက်ခဲ့ပြီး ရေ ဝင်ရောက်မှုကြောင့် ရေးမြို့ရန်ကြီးအောင်ရပ်ကွက်၊ ဓနိတော ကွက်သစ်နှင့် ချောင်းတောင်ရပ်ကွက်တို့မှ အိမ်ထောင်စု ၆၉ စု၊ လူဦးရေ ၃၂၅ ဦးတို့အား ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်း နေရာချထားပေးခဲ့ကြောင်း မြန်မာ့အလင်းသတင်း စာတွင် ဖော်ပြထားပါသည်။
 
ရေဝင်ရောက်မှုဖြစ်ပွားသည့်ရပ်ကွက်များနှင့် အခြားအနိမ့်ပိုင်း ရပ်ကွက်များ၌ ရေကင်းများချထားပြီး ရပ်ကွက်အလိုက် ရွှေ့ပြောင်း ကယ်ဆယ်ရေးနှင့် နေရာချထားရေးအဖွဲ့၊ ကျန်းမာရေးစောင့် ရှောက်ရေးအဖွဲ့နှင့် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းကာ မြို့နယ်တာ ဝန်ရှိသူများက လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက် လျက်ရှိကြောင်းလည်း ၄င်းက ဆိုသည်။

Most read this week