ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသော မြန်မာအလုပ်သမားများ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရသည့်အတွက် ၄င်းတို့၏ရပိုင်ခွင့် အခွင့်အရေးများ ခံစားနိုင်ရန်အတွက် ထိုင်းမြန်မာ ယဉ်ကျေးမှုနှင့် စီးပွားရေးကော်မတီမှ ထိုင်းနှင့် မြန်မာအစိုးရတို့ထံမှ သဘောတူညီမှုရယူပြီး ဇူလိုင်လ (၁၅) ရက်နေ့တွင် မဲဆောက်မြို့၌ ယာယီ မြန်မာနိုင်ငံကူး လက်မှတ်ပြုလုပ်ပေးမည်ဟု ၄င်းကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံဘက်မှ လူဝင်မှုကြီးကြပ်ရေးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အလုပ်သမား ဝန်ကြီးဌာနတို့က သဘောတူညီချက်ရယူပြီး ထိုင်းနိုင်ငံတွင်ရှိသော မြန်မာအလုပ်သမားများအတွက် ယာယီမြန်မာနိုင်ငံကူးလက်မှတ်ပြုလုပ်ပေးမည်ဖြစ်သည်။ ပြုလုပ်မည့်ရုံများကိုလည်း မဲဆောက်၊ တာချီလိတ်နှင့် ကော့သောင်း မြို့တို့တွင် ပြုလုပ်ပေးမည်ဟု ထိုင်းမြန်မာယဉ်ကျေးမှုနှင့် စီးပွားရေးကော်မတီ မဲဆောက်ရုံးမှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“လွန်ခဲ့တဲ့ ရ ခုနှစ်ကတည်းက စတင်ကြိုးပမ်းနေတာ၊ ဒီနှစ်မှပဲ မြန်မာအစိုးရက လက်မှတ်ထိုးပေး တယ်၊ အခုဆိုရင် ဘန်ကောက်မြို့က နေရာတော်တော်များများကို လိုက်ကြေငြာပြီးသွားပါပြီ၊ မဟာချိုင်မြို့လည်းသွားပြီးပြီး၊ တခြားမြို့နယ်ကိုသွားဖို့ အစီစဉ်ရှိပါတယ်၊ အချို့လူတွေကျတော့ အလိမ်ခံထိထားတာများလို့ ကြောက်နေကြတယ် ကျွန်တော်တို့က ကော်မတီရဲ့ ကဒ်ပြည့်ပြည့်စုံစုံ ကိုပြပေးပါတယ်” ဟု ၄င်းအဖွဲ့ဝင်နောက်တစ်ဦးက ပြောသည်။
အလုပ်သမားတစ်ဦးလျှင် အပြီးငြိမ်း ဘတ်ငွေ ၁၁၀၀၀ ဘတ် ပေးဆောင်ရမည်ဖြစ်ပြီး ပြုလုပ်မည့်နေရာ သွားလာရန်အတွက် ၄င်းတို့အဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် အကယ်၍ ၄င်းယာယီမြန်မာနိုင်ငံကူးလက်မှတ်ရရှိပါက ထိုင်းနိုင်ငံအတွင်းရှိ ဒေသအနှံ့အပြားသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ကြောင်းလည်း သိရပါသည်။
အချို့အလုပ်သမားများမှာ မကြာခဏ အလိမ်ခံရသည့်အတွက် ယာယီမြန်မာနိုင်ငံကူးလက်မှတ် ပင်မလုပ်ချင်လောက်အောင် ဖြစ်နေသည်ဟုလည်း သိရပါသည်။
“လွန်ခဲ့တဲ့တစ်လလောက်ကပဲ ဒုတိယဝန်ကြီးချုပ်မောင်မောင်မြင့် လို့ပြောတာပဲ၊ ယာယီမြန်မာနိုင်ငံကူးလက်မှတ်လုပ်ရမယ် လို့လာပြောတယ်၊ မလုပ်ရင် အလုပ်ပေးမလုပ်ဘဲဲ မြန်မာပြည်ကိုပြန်ခိုင်းမယ်လို့ပြောတယ်၊ အဲဒီတုန်းက တစ်ယောက်ကို ဘတ်ငွေ ၅၀၀ ပေးပြီးတော့ ဖောင်ဖြည့်ပေးရတယ်” ဟု ဘန်ကောက်မြို့ ချွန်ပူရီ ပလပ်စတစ်စက်ရုံမှ မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။
၄င်းဝန်ကြီးအဖွဲ့သည် နောက်ထပ်နှစ်လဆိုလျှင် ယာယီမြန်မာနိုင်ငံကူးလက်မှတ် လာပို့ပေး မည်ဟုလည်း ပြောသွားကြောင်းနှင့် အချို့စက်ရုံများကိုလည်း ၄င်းနည်းတူ သွားရောက်ခဲ့သည်ဟု ၄င်းအလုပ်သမားက ဆက်ပြောသည်။
မြန်မာအလုပ်သမားသန်းနှစ်ချီရှိနေသော ထိုင်းနိုင်ငံတွင် ဤသို့ပတ်စပို့ပြုလုပ်ပေးသည်မှာ မည်သို့မှ မဖြစ်နိုင်ကြောင်းနှင့် မြန်မာအစိုးရမှ လက်မှတ်ထိုးပေးသည်မှာလည်း မြန်မာအစိုးရသည် ထိုင်းနိုင်ငံ တွင်ရှိနေသော အလုပ်သမားများအပေါ် တာဝန်မဲ့စွာဂတိပေးသည့်ပုံစံဖြစ်နေကြောင်း၊ ဤသို့ပြုလုပ် ခြင်းသည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အစိုးရကိုထောက်ခံနေသည့် သဘောသို့ သက်ရောက်နေသည်ဟု ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးထိုင်းလုပ်ငန်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောခဲ့သည်။
“အလုပ်သမားတွေမှာ သူတို့ရဲ့အခွင့်အရေးတွေအားလုံး ခံစားပိုင်ခွင့်ရှိတယ်၊ အချို့အလုပ်သမားတွေ ကျတော့ ဘာမှမသိဘူး သူဌေးပြောသမျှကို နာခံနေကြတယ်၊ သူတို့မှာ တိုင်ကြားပိုင်ခွင့် အပြည့်ရှိ တယ်၊ အခု အလုပ်သမားမှတ််ပုံကဒ်ကလည်း သူတို့အတွက် အထောက်အကူအများကြီးဖြစ်စေတယ်၊ ပတ်စပို့လုပ်တယ်ဆိုတာ မြန်မာအလုပ်သမားက ထိုင်းမှာလုပ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု ၄င်းကဆက်ပြောသည်။
၄င်းတို့ကော်မတီအဖွဲ့သည် ပထမဦးဆုံးဖွင့်လှစ်ထားသည့်အတွက် ၄င်းထိုင််းအစိုးရအဖွဲ့က ရုံး (၃) ရုံးအတွက် အလှုငွေ ဘတ်ငွေ ၁၄၀ သိန်းကို လှုဒါန်ပေးခဲ့သည်ဟုလည်း ၄င်းအဖွဲ့ဝင်က ဆက်ပြော သည်။
၄င်းထိုင်းအစိုးရအဖွဲ့မှ ယမန်းနေ့ ကော့သောင်းမြို့သို့ ဆင်းသွားပြီး ကော့သောင်းမြို့အတွင်းရှိ စက်ရုံအ လုပ်သမားများအတွက် ယာယီမြန်မာနိုင်ငံကူးလက်မှတ် အယောက် (၃၀) ကို ပြုလုပ်ပေးခဲ့သည်ဟု အဖွဲ့ဝင်က ပြောသည်။
“မနေ့က ကျွန်တော်တို့ စက်ရုံက အလုပ်သမား (၂၀) ဦး ယာယီမြန်မာနိုင်ငံကူးလက်မှတ်သွားလုပ်ကြတယ်၊ သူတို့ က ကျွန်တော်တို့ တင်ထားတဲ့ဖောင်းကို နေပြည်တော်ကို ပို့တယ်၊ သူတို့သေချာစစ်ပြီးမှှ ဒီမှာကျွန်တော်တို့ လုပ်လို့ရတယ်လေ၊ ကျွန်တော့်နာမည်မပါသေးလို့ မလုပ်ရသေးဘူး၊ နာမည်စာရင်းက ကြိုတင် ပေးထားတာပဲ” ဟု ကော့သောင်းမြို့ ငါးပုဇွန်စက်ရုံမှ အလုပ်သမားတစ်ဦးက ဆိုသည်။
ယာယီမြန်မာနိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်ရသည့်အတွက် ပျော်ရွှင်ကြောင်း၊ မိမိတို့သွားခြင်သော နေရာသို့လည်းသွားလာနိုင် ကြောင်း၊ လွန်ခဲ့သော နှစ်များတွင် ပတ်စ်ပို့လုပ်ရန် မဝံ့ရဲသော်လည်း ယခုလိုမျိုး ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ကိုယ်တိုင် သဘောတူညီမှုယူပြီးပြုလုပ်ပေးသည့်အတွက် ပတ်စ်ပို့လုပ်ရန် အားတက်လာကြောင်းကိုလည်း ၄င်းအလုပ်သမားက ဆက်ပြောသည်။
ယာယီမြန်မာနိုင်ငံကူးလက်မှတ်ပြုလုပ်သူများမှာ ထိုင်းအလုပ်သမားကဒ် (ဘတ်) နှင့် မြန်မာနိုင်ငံရှိ နေရပ်လိပ်စာအတိအကျကို ဖော်ပြပေးရမှာဖြစ်သည်။ ထိုမှတဆင့် မြန်မာနိုင်ငံရှိ နေပြည်တော်သို့ ပို့ဆောင်ရပြီး ၄င်းတို့မှတဆင့် စာရင်းအတိအကျ စစ်ဆေးပြီးမှသာ ထိုင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပြီး ယာယီမြန်မာနိုင်ငံကူးလက်မှတ်အဖြစ် ပြုလုပ်ပေးသည်ဟု သိရသည်။
“အလုပ်သမားဦးရေစာရင်း ၁ သောင်းခွဲကို ကျွန်တော်တို့ နေပြည်တော်ကိုပို့လိုတယ်၊ အခုလော လောဆယ်တော့ ၁ ထောင့် ၅ ရာလောက်ပဲ ကျွန်တော်တို့ဆီရောက်သေးတယ်၊ သူတို့ စစ်နေတုန်းပဲ လားတော့မသိဘူး၊ ဒီ (၁၅) ရက်နေ့ဆိုရင် မဲဆောက်မှာ စလုပ်ပေးမယ်၊ တစ်နေ့ကို လူဦးရေ ၂၀၀ လောက် ပြုလုပ်ပေးမယ်၊ နောက်ပြီးမြန်မာနိုင်ငံမှာလည်း နိုင်ငံခြားသွားတဲ့လူတွေရဲ့စာရင်းကို ကောက် ထားပြီးသားလည်းရှိတယ်လေ” ဟု အဖွဲ့ဝင်က ပြောသည်။
ယခုလဆန်းပိုင်းက ပြုလုပ်ထားသည့် အလုပ်သမားမှတ်ပုံတင်ကဒ် ကိုလည်း လာမည့် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် ၄င်းကဒ်များ ဖြုတ်ပြီး အလုပ်သမားအားလုံး ယာယီမြန်မာနိုင်ငံကူးလက်မှတ်ကိုယ်စီ ရှိနေရမည်ကိုလည်း ထိုင်းအစိုးရအဖွဲ့မှ ထိုင်းရေဒီယိုလိုင်းတွင် စတင်ကြေငြာ နေပြီးကိုလည်း ၄င်းဆက်ပြောသည်။
Published
Tuesday, July 14, 2009 - 18:08
မြန်မာ အလုပ်သမားများအတွက် ထိုင်းနိုင်ငံမှာ ယာယီ မြန်မာနိုင်ငံကူး လက်မှတ်စာအုပ်လုပ်ပေး
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသော မြန်မာအလုပ်သမားများ အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံနေရသည့်အတွက် ၄င်းတို့၏ ရပိုင်ခွင့် အခွင့်အရေးများ ခံစားနိုင်ရန်အတွက် ထိုင်းမြန်မာ ယဉ်ကျေးမှုနှင့် စီးပွားရေး ကော်မတီမှ ...