ကချင်ပြည်နယ် မန်စီမြို့ အခြေဆိုက် ခမရ (၃၁၉) မှ တပ်ထောက်တာဝန်ခံ အရာခံဗိုလ် ထွန်းရွှေသည် ဇွန်လ (၂၈)ရက်နေ့က ၎င်း၏ အိမ်ထောင်သည် လိုင်းခန်း အတွင်း၌ ကြိုးဆွဲချ သေသွားကြောင်း သိရသည်။
စစ်တပ်ထဲမှ စစ်အရာရှိကြီးများက အရာခံဗိုလ်ထွန်းရွှေ ကြိုးဆွဲချသေသည့် သတင်းပြင်ပသို့ မပေါက်ကြားရန် ထိန်းချုပ် ထားကြောင်း သိရသည် ။
အရာခံဗိုလ်ထွန်းရွှေ၏ မိသားစုနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို အခုလို ပြောကြားသည် ။
“CQ ကြီးဦးထွန်းရွှေတဲ့ ဇွန်လ (၂၈) ရက်နေ့က ကြိုးဆွဲချပြီး သတ်သေထားတာ သူ့သား ကိုနိုင်နဲ့ပတ်သက်ပြီး သူ့ အဖေ ဆုံးသွားတယ်ဆိုတော့ ဘာဖြစ်လို့ဆုံးသွားတာလည်းမေးမှ ကြိုးဆွဲချပြီးသေသွားတာလေဆိုမှ သိလိုက်ရတာ ” လို့ သူပြောသည် ။
၎င်း၏ သားဖြစ်သူ ကိုနိုင်သည် အငယ်ဆုံးဖြစ်ပြီး သူ့ထက် အကြီးတစ်ယောက်မှာ ရဲဝန်ထမ်းဖြစ်ကြောင်း သိရသည် ။
“မိသားစု ပြသနာကတော့ မဖြစ်နိုင်ဘူး စားရေးသောက်ရေးက မပြေလည်စရာအကြောင်းမရှိဘူး သားနှစ်ယောက် ထဲမှာ တစ်ယောက်ကလည်း ရဲဝန်ထမ်း တစ်ယောက်က ဆိုင်ကယ် အရောင်းအဝယ် လုပ်နေတယ် သူတို့ မိသားစုက အပြင်မှာ အိမ်ဆောက်ပြီး နေကြတာ အရာရှိတွေနဲ့ပဲ အဆင်မပြေလို့လား စစ်တပ်ထဲမှာပဲ ပြဿနာရှိလို့လား တစ်ခုခုပဲ သေတာ ဘယ်မှာသေသလဲ အပြင်အိမ်မှာလားလို့မေးတော့ မဟုတ်ဘူး စစ်တပ်ထဲမှာသေတာ ကြိုးကြီး တန်းလမ်းနဲ့ လို့အဲလို ပြောတယ် ” လို့သူကပြောသည် ။
နအဖစစ်တပ်အတွင်း အထက်အောက် ကွာခြားမှုများနှင့် ကြီးနိုင်ငယ်ညှင်း နှိပ်စက်မှုများကြောင့် တပ်ပြေးမှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း စစ်တပ်နှင့်နီးစပ်သူများက ဆိုသည် ။
၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိစကခ (၁၆) ရှိ တပ်ရင်းတစ်ရင်းမှ တပ်ရင်းမှူး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း ခိုင်လုံသည့်စစ်တပ်သတင်း ရပ်ကွက်ကသိရသည် ။
Published
Monday, July 13, 2009 - 17:37
နအဖစစ် အရာရ ိှတစ်ဦး ကြိုးဆွဲချသေ
ကချင်ပြည်နယ် မန်စီမြို့ အခြေဆိုက် ခမရ (၃၁၉) မှ တပ်ထောက်တာဝန်ခံ အရာခံဗိုလ် ထွန်းရွှေသည် ဇွန်လ (၂၈)ရက်နေ့က ၎င်း၏ အိမ်ထောင်သည် လိုင်းခန်း အတွင်း၌ ကြိုးဆွဲချ သေသွားကြောင်း သိရ ...