နယ်စပ် ခြံစည်းရိုးကာရံမူ မိုင် ၄၀ ပြီးစီး ပြီးနောက် ခေတ္တ ရပ်နား

နယ်စပ် ခြံစည်းရိုးကာရံမူ မိုင် ၄၀ ပြီးစီး ပြီးနောက် ခေတ္တ ရပ်နား
by -
မောင်အေး
ဘင်္ဂလားဒေချ်နှင့် ဆက်စပ်နေသော နယ်စပ် တလျောက်တွင် မြန်မာဘက်မှ ကာရံနေသော ခြံစည်းရိုး ကာရံမူမှာ မိုင် ၄၀ ပြီးစီး ပြီးနောက် သက်ဆိုင်ရာမှ ခြံစည်းရိုးကာရံနေမူကို ခေတ္တ ရပ်နားလိုက်သည်ဟု သတင်း ရရှိ ...

 
(နိရဥ္စရာ) ဘင်္ဂလားဒေချ်နှင့် ဆက်စပ်နေသော နယ်စပ် တလျောက်တွင် မြန်မာဘက်မှ ကာရံနေသော ခြံစည်းရိုး ကာရံမူမှာ မိုင် ၄၀ ပြီးစီး ပြီးနောက် သက်ဆိုင်ရာမှ ခြံစည်းရိုးကာရံနေမူကို ခေတ္တ ရပ်နားလိုက်သည်ဟု သတင်း ရရှိသည်။
 
မောင်တောမှ အစိုးရ ၀န်ထမ်း တဦးက “သက်ဆိုင်ရာ အာဏာပိုင်တွေက တရားဝင် ကျေညာတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ခြံစည်းရိုးကာရံနေတဲ့ စစ်သားတွေက တဆင့် သိရတာ ဖြစ်ပါတယ်။ ခြံစည်းရိုးကာရံနေတဲ့ စစ်သားတွေကိ် ယမန်နေ့ စပြီး ၎င်းတို့ရဲ့ တပ်ရင်းတွေကို ပြန်လည် ပို့ဆောင်နေပါပြီ”ဟု ပြောသည်။
 
ခြံစည်းရိုးကာရံသည့် စီမံကိန်းတွင် မြန်မာ့ နအဖ စစ်အာဏာပိုင်များက စစ်သား ၈၀၀ ခန့်ကို အသုံးပြုခဲ့သည်။ အများစု စစ်သားများမှာ ဘူးသီးတောင် အခြေစိုက် စကခ ၁၅ လက်အောက်ခံ တပ်ရင်းများမှ စစ်သားများ ဖြစ်ကြသည်။
 
ငခူရ ကျေးရွာသား တဦးကလည်း ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီး စစ်သားများကို အသုတ်လိုက် ၎င်းတို့၏ တပ်ရင်း အသီးသီးသို့ ပြန်ပို့နေကြောင်းကို ယခုကဲ့သို့ ပြောသည်။
 
“စစ်သားတွေ လွန်ခဲ့တဲ့နေ့ မနက်ကတည်းက တသုတ်ပြီး တသုတ် စီမံကိန်းမှာ အသုံးပြုနေတဲ့့ တရုတ်က ပေးတဲ့ ကားလေးတွေနဲ့ ဆင်းလာတာကို တွေ့ရတယ်။ ဘယ်တပ်ရင်းတွေက စစ်သားတွေ ဆိုတာတော့ အတိအကျ မသိပါဘူး။ သူတို့ တပ်စခန်း သူတို့ ပြန်နေကြတာ ဖြစ်ပါတယ်”ဟု ပြောသည်။
 
၎င်းပြင်သူက “ဘူးသီးတောင် နည်းဗျူဟာ (၁) နဲ့ (၂) က စစ်သားတွေ ဒီနေ့ ငခူရကိုရောက်နေပြီး ညအိပ်မယ်လို့ သိရပါတယ်။ ခမရ ၅၅၂ လည်း ဆုတ်သွားပြီး သူတို့ မနေ့က ကျီးကန်းပြင်မှာ အိပ်တယ်လို့ ကြားရပါတယ်။ အားလုံးနီးပါးတော့ ဆုတ်သွားပါပြီး တခြားနေရာတွေကလည်း ပြန်နေ ကြတယ်လို့ ကြားရပါတယ်။”ဟု ဆက်ပြောသည်။
 
ယခုကဲ့သို့ ခြံစည်းရိုးကာရံနေသည့် စစ်သားများ အားလုံးနီးပါး ဆုတ်ခွာသွားခြင်းမှာ တပ်သားအများအပြားမှာ မိုးရာသီအတွင်း ကျန်းမာရေးချို့ယွင်းမှုနှင့် ခြေထောက်များတွင် သဲစားခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။
 
ယခုကဲ့သို့ စစ်တပ် တပ်ရင်းများကို ဆုတ်ခွာ သွားခဲ့သော်လည်း လုံထိန်း တပ်ရင်းနှစ်ရင်းမှာ နယ်စပ်တွင် ကျန်ရှိနေမည် ဖြစ်ပြီး စီမံကိန်းကို လာမည့်ဒီဇင်ဘာ သို့မဟုတ် ၂၀၁၀ ဇန္နဝါရီလတွင် ပြန်လည် စတင်မည်ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူ တဦးက ပြောသည်။ ခြံစည်းရိုး စီမံကိန်းကို မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ်တွင် ယခုနှစ်ဖေဖော်ဝါရီလက စတင်ခဲ့ခြင်း ဖြစ်ပြီး ၅ လခန့်အကြာတွင် မြေသားဆည်းဖို့မှု မိုင်ပေါင်း ၄၀ ပြီးစီးခဲ့ပြီး ကွန်ကရက်တိုင်ပေါင်း ၉၀၀၀ နီးပါးခန့်ကို စိုက်ထူနိုင်ခဲ့ကြောင်း သိရသည်။
 
အဆိုပါ ခြံစည်းရိုးကာရံမူကို လူမှောင်ခို သွားလာမူနှင့် မှောင်ခို လုပ်ငန်းများကို နှိမ်နှင်း ရန်အတွက် ကာရံခြင်း ဖြစ်ကြောင်း မြန်မာ အာဏာပိုင်များက ပြောဆိုသော်လည်း နယ်စပ်တွင် နေထိုင်သူ မူဆလင်ဘာသာဝင်များကမူ ခြံစည်းရိုးခတ်ကာ သူတို့ကို ပိတ်လှောင်ပြီး အကျဉ်း ချထားလို၍ ဖြစ်သည်ဟု ပြောဆိုသည်။

Most read this week