မူဆယ်တွင် နိုင်ငံကူးစာအုပ် ထုတ်ပေး

မူဆယ်တွင် နိုင်ငံကူးစာအုပ် ထုတ်ပေး
နိုင်ငံကူး ပတ်စ်ပို့စ် စာအုပ်များကို ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် မကြာသေးမီ ရက်ပိုင်းကစ၍ စတင် လုပ်ပေးနေသည်ဟု သိရသည်။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စ် စာအုပ်တအုပ်အတွက် ကျပ် တစ်သိန်း ပေးဆောင်ရသည်ဟု မူဆယ်ဒေသခံ တဦး က ပြောသည်။ ...

နိုင်ငံကူး ပတ်စ်ပို့စ် စာအုပ်များကို ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် မကြာသေးမီ ရက်ပိုင်းကစ၍ စတင် လုပ်ပေးနေသည်ဟု သိရသည်။

နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စ် စာအုပ်တအုပ်အတွက် ကျပ် တစ်သိန်း ပေးဆောင်ရသည်ဟု မူဆယ်ဒေသခံ တဦး က ပြောသည်။

“ချက်ချင်းတော့ စာအုပ်မပေးဘူး။ ငွေ တသိန်းပေးထားရတယ်။ မှတ်ပုံတင်၊ ပုံစံတဆယ်တို့ ဘာတို့ပေါ့ မိတ္တူတင် ထားရတယ်။ နောက်မှ လာပေးမှာ ထင်တာပေါ့။ အခုတော့ ထုတ် မပေးဘူး။ စာရင်းသွင်း လိုက်တဲ့ သဘောပေါ့။”

မူဆယ်မြို့၊ အထူးစုံစမ်းစစ်ဆေးရေးရုံးတွင် နိုင်ငံကူးပတ်စ်ပို့စ်စာအုပ်များ ပြုလုပ်ပေးရာ ဗုဒ္ဓဂါယာဘုရားဖူး ထွက် လိုသူများလည်း သွားရောက်လုပ်နေကြသဖြင့် စည်ကားနေသည် ဟု မူဆယ်ဒေသခံတဦးက ပြောသည်။

“လာလုပ်တဲ့လူတွေ အက်စ်ဘီရုံးမှာ အတော်များတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ အမြဲရှိ တယ်။ အဲ ဒီမှာ။ လုပ်တာ ရက်ပိုင်းဘဲ ရှိသေးတယ်။ အင်တော့ မဖြစ်နိုင်ဘူးလေ။ အက်စ်ဘီ ရုံးမှာ လုပ်တာ၊ ကျန် တဲ့ ဌာနဆိုင်ရာတွေလည်း ရှိတယ်ဆိုတော့ စီမံချက်ရှိလို့ နေမှာပေါ့။”

နိုင်ငံကူးပတ်ပို့စ်စာအုပ်များကို ရန်ကုန်တွင်သာ ထုတ်ပေးနေရာမှ ယခုလို နယ်စပ်မြို့ ဖြစ်သည့် မူဆယ်တွင် လာ ရောက် လုပ်ပေးနေခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

အဆိုပါ ပတ်စ်ပို့စာအုပ်များအသုံးပြုပြီး  နယ်စပ်များမှ ဖြတ်ကျော်သွားလာခွင့် မရှိသည့် အတွက် ယခုလို တရုတ် နယ်စပ် မူဆယ်မြို့တွင် လာရောက်လုပ်ပေးနေသည်မှာ ထူးဆန်း နေသည်ဟု ဒေသခံများက ပြောသည်။

Most read this week