ကရင်ပြည်နယ် သထုံခရိုင်အတွင်းရှိ အချို့သော ကျေးရွာများတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) (၃၃၃) တပ်မဟာမှ စစ်သားသစ် များအပြင် ငွေကြေးပါ ပေးဆောင်ရန် ဇူလိုင်လ (၄)ရက်နေ့က ညွှန်ကြားလိုက်သည်ဟု သိရသည်။
ဒီကေဘီအေ (၃၃၃)တပ်မဟာ၊ တပ်ရင်း(၃)၏ ဒုတပ်ရင်းမှူး ဗိုလ်မှူးသောမနက သထုံခရိုင်၊ ဖားအံမြို့နယ်ရှိ ကျေးရွာများတွင် ဇွန်လလယ်ခန့်မှစ၍ စစ်သားသစ်များ ကောက်ခံခဲ့ပြီး စစ်ထဲဝင်ရောက်သည့် ရွာသားများက လက်နက်များယူဆောင်ထွက် ပြေးမည်ကို စိုးရိမ်သဖြင့် ရွာကြီးရွာငယ်အလိုက် သတ်မှတ်ထားသည့်အတိုင်း ငွေပေးရမည်ဖြစ်ကြောင်း ညွှန်ကြားလိုက်သည်။
ယင်းသို့ကောက်ခံရာတွင် ဖားအံမြို့နယ်အတွင်းရှိ ၀ဲပျံ၊ လော့ပူ၊ မီးစိုင်းချောင်းဝ၊ ပလောဖိုးတို၊ နိုအောလာ၊ ဖလံတောင်၊ မဲသနချောင်းဖျား၊ မယ်သဲ၊ ရေအေး၊ ထီးကျော်၊ ဟထလိုက်၊ တာသူးခီး၊ ထီးကျူ့၊ ကျောကေးခီးနှင့် တလိုင်းကရင်ရွားများမှ အနည်းဆုံး ကျပ်ငွေ (၈)သောင်းမှ အများဆုံး ကျပ်သိန်း (၄၀)အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားခဲ့သည်ဟု သိရသည်။
ဒီကေဘီအေတပ်များ တောင်းခံသည့်အတိုင်း မပေးနိုင်ပါက ရွာသားများကို အမျိုးမျိုးအ ကြပ်ကိုင်၊ ခြိမ်းခြောက်မှုများရှိသည်ဟု နယ်မြေခံတဦးက ကရင်သတင်းစဉ်ကို ယခုလို ပြောသည်။ ၎င်းက “ သူတို့ (ဒီကေဘီအေ)က တောင်းတဲ့အတိုင်း မပေးနိုင်လို့ရှိရင် ရွာ သားတွေကို အကြပ်ကိုင်မယ်။ ခြိမ်းခြောက်မယ်။ ဒါတွေဟာ သူတို့ လုပ်ရိုးလုပ်စဉ်တခု ပဲလေ။ ရွားသားတွေမခံနိုင်ရင်တော့ ထွက်ပြေးရုံပဲပေါ့။ မထွွက်ပြေးလို့ရှိရင် အတင်းလိုက် ဖမ်းမယ်။ ဒါပဲရှိတယ်”ဟု ပြောသည်။
ဒီကေဘီအေတပ်ဖွဲ့များသည် ယခုနှစ်လယ်ပိုင်အတွင်း ၎င်းတို့တပ်ဖွဲ့ထိန်းချုပ်ရာ ကရင် ပြည်နယ် နေရာအနှံ့အပြား၌ နယ်ခြားစောင့်တပ်အင်အားတိုးချဲ့ရန်အတွက် စစ်သားသစ်များစုဆောင်းခဲ့သော်လည်း ဒီကေဘီအေ (၃၃၃)တပ်မဟာ၊ တပ်ရင်း(၃)နှင့် နအဖ တပ်မ (၁၁)၏ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များ လှုပ်ရှားလျှက်ရှိသည့် ကျေးရွာများ၌မူ အဓမ္မငွေကြေးကောက်မှုများပါ လုပ်ဆောင်လျှက်ရှိသည်။
Published
Monday, July 6, 2009 - 21:09
သထုံခရိုင်တွင် စစ်သားသစ်များအပြင် ငွေပေးဆောင်ရန် ညွှန်ကြား
ကရင်ပြည်နယ် သထုံခရိုင်အတွင်းရှိ အချို့သော ကျေးရွာများတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) (၃၃၃) တပ်မဟာမှ စစ်သားသစ် များအပြင် ငွေကြေးပါ ပေးဆောင်ရန် ဇူလိုင်လ (၄)ရက်နေ့က ညွှန်ကြား ...