မြန်မာအစိုးရအာဏာပိုင်မှ လယ်သမားများကို အသေးစားချေးငွေ ထုတ်ယူရန် ပိုမိုတိုက်တွန်း

မြန်မာအစိုးရအာဏာပိုင်မှ လယ်သမားများကို အသေးစားချေးငွေ ထုတ်ယူရန် ပိုမိုတိုက်တွန်း
by -
ပနွတ်ကျား
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ အစိုးရဝန်ထမ်းများသည် မြို့နယ်အလိုက် လယ်သမားများ ဓာတ်မြေသြဇာ ဝယ်ယူရန် ဘဏ်ထုတ်ချေးငွေများကို ထုတ်ယူရန်အတွက် အရင်နှစ်ကထက်  ဖိအားပေး တိုက်တွန်းနေ ...

 
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ အစိုးရဝန်ထမ်းများသည် မြို့နယ်အလိုက် လယ်သမားများ ဓာတ်မြေသြဇာ ဝယ်ယူရန် ဘဏ်ထုတ်ချေးငွေများကို ထုတ်ယူရန်အတွက် အရင်နှစ်ကထက်  ဖိအားပေး တိုက်တွန်းနေပါသည်။
 
ဘဏ်မှ ထုတ်ချေးငွေအတွက် ကျေးရွာလူကြီးဥက္ကဌနှင့် အသေးစိတ်တိုင်ပင်ခဲ့ကြပြီး လယ်သမားများကို ထိုချေးငွေ ယူနိုင်အောင် တိုက်တွန်းပြောဆိုရမည်ဟု ကျေးရွာဥက္ကဌကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ အစိုးရဝန်ထမ်းများ ညွှန်ကြားထားသည်။
 
ကျေးရွာဥက္ကဌတစ်ဦးက “သူတို့တွေ ချိုချိုသာသာနဲ့လာပြီး ငွေယူဖြစ်အောင်ကို အတင်းပြောတာ အရင်နှစ်ကဆိုရင် ဒီလိုလာပြီး ပြောတာမရှိဘူး၊ ယူချင်ယူ မယူချင်လည်းရတယ်။ ကျွန်တော်အထင်ကတော့ ဒီ ၂၀၁၀ ရွှေးကောက်ပွဲမှာ မဲဆွယ်ဖို့အတွက် သူတို့ကောင်းကြောင်း အကူအညီတွေပေးနေကြောင်း ပြချင်တဲ့ သဘောနဲ့ ငွေတွေချေးပေးနေတဲ့သဘောပဲ” ဟု မုဒုံမြို့နယ်မှ ကျေးရွာဥက္ကဌ တစ်ဦးက ပြောသည်။
 
အရင်နှစ်က ချေးငွေယူသူနည်းသော်လည်း ဒီနှစ်မှာ စီးပွားရေးအကြပ်အတည်းနဲ့ကြုံနေကြသဖြင့် ချေးငွေပိုမိုယူနေကြပါသည်။ ထိုချေးငွေကို အတိုး ၃ ကျပ် ဖြင့် ကျေးရွာဥက္ကဌအိမ်တွင် လာရောက်ချေးငှားနိုင်ကြကြောင်းလဲ လယ်သမား တစ်ဦးက ပြောပါသည်။
 
“ဒီနှစ်စီးပွားရေးကမကောင်းဘူး၊ ဒါကြောင့်အတိုးငွေချေးငှားယူတဲ့လူတွေ အရင်နှစ်ကနဲ့စာလျင်ပိုများတယ်၊ လယ်တစ်ဧကဆိုရင် တစ်သောင်းချေးလို့ရတယ်၊ အတိုးက ၃ ကျပ်နှုန်းနဲ့ စပါးပြန်ထွက်တဲ့အချိန်ကျရင် စပါးလည်း ပြန်ပေးလို့ရတယ်၊ ငွေလည်းပြန်ပေးလို့ရတယ်” ဟု လယ်သမားတစ်ဦးက ပြောသည်။
 
စိုက်ပျိုးရေးရာသီရောက်လာသည့်အခါ လယ်သမားများက လယ်ယာမြေအတွက် ဓာတ်မြေသြဇာဝယ်ယူရန်
ငွေကြေးလုံလောက်စွာမရှိသဖြင့် ယခုတိုင်ငွေချေးငှားသူများလာကြောင်းလည်း သူက ဆက်ပြောပါသည်။
 
မွန်ပြည်နယ်အတွင်း ပြီးခဲ့သော သီတင်သုံးပတ်က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် လယ်မြေနေရာအများ ပြားနစ်မြုပ်ခဲ့သည်။ စပါးစိုက်ပျိုးရန်အတွက် မျိုးစေ့စပါးများစွာ နစ်မြုပ်ပျက်စီးခဲ့ပြီး ဆုံးရှုံမှုများစွာလည်းဖြစ်ပေါ်ခဲ့သည်။ လယ်သမားအများစု အခတ်ခဲကြုံနေကြရသည်။
 
မွန်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များဖြစ်သည့် ပေါင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင်လည်း အတိုးငွေများ လိုက်ချေးပေးနေပြီး၊မုဒုံမြို့နယ်တွင် ချေးငွေအများဆုံးယူကြသည်ဟု သိရပါသည်။

Most read this week