ဒေသခံ အရပ်ဖက် လူမှုအဖွဲ့အစည်း များကြား မဲစာရင်း ပြုစုခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေး နွေးပွဲ ကျင်းပ

ဒေသခံ အရပ်ဖက် လူမှုအဖွဲ့အစည်း များကြား မဲစာရင်း ပြုစုခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေး နွေးပွဲ ကျင်းပ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် တောင်ပိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲနှင့် ဒေသခံ အရပ်ဖက် လူမှုအဖွဲ့အစည်းများကြား မဲစာရင်း ပြုစုခြင်းဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲအား မတ်လ (၂၃)ရက်နေ့ က တောင်ကြီးမြို့၊ Classic ခန်းမတွင် ကျင်းပခဲ့သည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲအား ပြည်ထာင်စုရွေးကောက်ပွဲ ကော်မရှင် (Union Election Commission) နှင့် အပြည်ပြည်ဆိုင်ရာ ရွေးကောက်ပွဲ စနစ်များဆိုင်ရာ ဖောင်ဒေးရှင်း (IFES) အဖွဲ့တို့ ပူးပေါင်းပါ၀င်ပြီး အရပ်ဖက် လူမှုအဖွဲ့အစည်းမှ လူဦးရေ (၅၀) ၀န်းကျင်ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

meeting for election

ရွေးကောက်ပွဲစက်ဝန်းတွင် ပါ၀င်ပတ်သက်သူများ ဆိုင်ရာအခန်းကဏ္ဍ၊ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းများကို ဆွေးနွေးတင်ပြခြင်း၊ မဲစာရင်းပြုစုခြင်း လုပ်ငန်းစဉ်များတွင် အရပ်ဖက်အဖွဲ့အစည်းများ အခန်းကဏ္ဍနှင့် အမေးအဖြေကဏ္ဍများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ ကျင့်ဝတ်နှင့် နိုင်ငံတကာရွေးကောက်ပွဲဆိုင်ရာ လေ့လာစောင့်ကြည့်သူများ၏ ကျင့်ဝတ်များကို မတ်လ (၁၉)ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

Most read this week