တပ်မတော်နှင့် ပဋိပက္ခမဖြစ်ရန် စောဆန်းအောင်ကို DKBA အဖွဲ့ဝင်အဖြစ် ပြန်လည် လက်ခံ

တပ်မတော်နှင့် ပဋိပက္ခမဖြစ်ရန် စောဆန်းအောင်ကို DKBA အဖွဲ့ဝင်အဖြစ် ပြန်လည် လက်ခံ
by -
မဇ္စျိမ

ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ကလိုထူးဘောတပ်ဖွဲ့မှ ထုတ်ပယ်ထားသော ဗိုလ်မှူးကြီး စောဆန်းအောင်ကို တပ်ဖွဲ့ဝင်အဖြစ် ပြန်လည်လက်ခံလိုက်ပြီဟု DKBA မှ ကလိုထူးဝါး ကွပ်ကဲရေး ဗိုလ်ဗှူးချုပ် စောကျော်သက် လက်မှတ်ဖြင့် မတ်လ ရရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ယင်းကဲ့သို့ ဗိုလ်မှူးကြီး စောဆန်းအောင်ကို ပြန်လည်လက်ခံခြင်းမှာ ၎င်းဦးဆောင်သောတပ်သည် တပ်မတော်နှင့် မလိုလားအပ်သော ပြဿနာများ မကြာခဏဖြစ်ပေါ်နေခြင်းအပြင် ဘေးထွက်ဆိုးကျိုးများ မဖြစ်ပေါ်စေရေး အတွက်  ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Saw-Kyaw-that

DKBA မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဗိုလ်မှူးစောလုံလုံက "တာဝန်အရှိဆုံးဖြစ်တဲ့ ဗိုလ်မှူးစောလဘွယ်ရဲ့ သဘောထားကို မသိရသေးဘူး။ အများစုကတော့ လက်ခံဖို့ မငြင်းကြပါဘူး "ဟု ပြောသည်။

ဗိုလ်မှူးကြီး စောဆန်းအောင် ဦးဆောင်သော တပ်ဖွဲ့သည် တပ်မတော် စစ်ကြောင်းများနှင့် ဖေဖော်ဝါရီ ၂၇ရက်နှင့် မတ်လ ၂ရက်က ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့သည်။

ဒုတိယ ဗိုလ်မှူးကြီး စောဆန်းအောင်ကို DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်၏ ကိုယ်စား ဒုတိယ စစ်ဦးစီးချူပ် စောမိုရှေး၏ လက်မှတ်ဖြင့် ၂၀၁၄ခုနှစ် အောက်တိုဘာ ၂၁ရက်တွင် တပ်ဖွဲ့မှ ထုတ်ပယ် လိုက်ခြင်းဖြစ်သည်။

၎င်းကို တပ်မှ ထုတ်ပယ်ခြင်းသည် ပြီးခဲ့သည့် ၂၀၁၄ခုနှစ် စက်တင်ဘာလအတွင်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တွင် ဖြစ်ပွားခဲ့သော အစိုးရစစ်တပ်နှင့် DKBA တို့၏ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး ဌာနချူပ်တွင် လာရောက်ရှင်းလင်းရန် ဆက်သွယ်ခဲ့သော်လည်း မလာရောက်ခဲ့သဖြင့်  ထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟု ထုတ်ပယ်စဉ်က DKBA ၏ ကြေညာချက်တွင် ပါဝင်သည်။

DKBA အဖွဲ့သည် အစိုးရအဖွဲ့နှင့် ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၁၁ရက်က ပြည်ထောင်စုအဆင့် အပစ်အခတ် လတ်မှတ်ရေးထိုးထားသည်။

Most read this week