လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂ ကြေညာချက်ထုတ်ပြန်

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂ ကြေညာချက်ထုတ်ပြန်
by -
မဇ္စျိမ

လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂမှ မတ် ၁ ရက်က အရေးပေါ် သဘောထား ကြေညာချက်ကို ထုတ်ပြန်လိုက်သည်။

လတ်တလောဖြစ်ပေါ်ခဲ့သည့် ရွှေပြည်သာနှင့်လှိုင်သာယာ အလုပ်သမားသပိတ်၊ မိကျောင်းကန် သပိတ်စခန်း ဖျက်သိမ်းမှု၊ ကျောင်းသားသပိတ် စစ်ကြောင်းများကို ဟန့်တားမှုများ၊ ယခင် ဖြစ်ပွားခဲ့သည့် လက်ပံတောင်း ပဋိပက္ခနှင့် မဟာသန္တိသုခ ကျောင်းကိစ္စများကို ရည်ညွှန်း၍ ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ် သည်။

Shwe-Pyi-Thar-Worker-Demonstration-03

ယခုအခါ တစ်နိုင်ငံလုံး အထွေထွေကျပ်တည်းမှုမှ ပေါက်ဖွားလာသော လူထုလူတန်းစားပေါင်းစုံ၏ သပိတ်များ ဆန္ဒပြပွဲများဖြင့် ဆူပွက်လျှက် ရှိပါသည်။ အစိုးရသည် ထိုသို့ရင်ဆိုင်ရတိုင်း အကြမ်းဖက် နှိမ်နှင်းသော နည်းဖြင့်သာ အစဉ်တစိုက်ဖြေရှင်းလေ့ရှိပါသည်။ ဤကဲ့သို့သော ဖြေရှင်းနည်းမှာ ဒီမိုကရေစီအစိုးရ၏ ကျင့်ဝတ် ကျင့်ထုံးများဖြင့် လုံးဝကိုက်ညီခြင်းမရှိပါဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂမှ ကဗျာဆရာမောင်လင်းရိပ်က “ကျွန်တော့်အနေနဲ့ကတော့ အဲဒီ့ကြေညာချက်စာသားအတိုင်းပါပဲ၊ ကျန်တာအထူးပြောစရာမရှိပါဘူး” ဟု မဇ္ဈိမသို့ ပြောသည်။

အကြမ်းဖက်နည်းကို စွန့်လွှတ်ကာ ဒီမိုကရေစီဓလေ့ ဒီမိုကရေစီ ယဉ်ကျေးမှုများဖြစ်ပေါ် ထွန်းကားရေးကို ရှေ့ ရှု၍ ငြိမ်းချမ်းအေးဆေးသော နည်းများကိုသာ အသုံးပြုရန် အစိုးရနှင့်တာဝန် ရှိသူများအား မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂက တိုက်တွန်းထားသည်။

Most read this week