တရုတ်-မြန်မာနယ်စပ် မှောင်ခိုလမ်းတွင် အရွယ်ကောင်း လူငယ်များအား စစ်တပ်မှ ဖမ်းဆီး

တရုတ်-မြန်မာနယ်စပ် မှောင်ခိုလမ်းတွင် အရွယ်ကောင်း လူငယ်များအား စစ်တပ်မှ ဖမ်းဆီး
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အခြေစိုက် မပခလက်အောက်ခံတပ်ရင်းများနှင့် စကခ(၂၁) လက်အောက်ခံ တပ် ရင်းများက တရုတ်နယ်စပ်နှင့် မှောင်ခိုကုန်သွယ်ရေးလုပ်ကိုင်နေသူထဲမှ အရွယ်ကောင်းယောကျ်ားလေးများအား ရွေးချယ်ကာ  ဖမ်းဆီးခေါ်ယူနေ ...

 
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အခြေစိုက် မပခလက်အောက်ခံတပ်ရင်းများနှင့် စကခ(၂၁) လက်အောက်ခံ တပ် ရင်းများက တရုတ်နယ်စပ်နှင့် မှောင်ခိုကုန်သွယ်ရေးလုပ်ကိုင်နေသူထဲမှ အရွယ်ကောင်းယောကျ်ားလေးများအား ရွေးချယ်ကာ  ဖမ်းဆီးခေါ်ယူနေသည်။
 
မကြာသေးမီရက်ပိုင်းကစ၍ နမ်းခမ်းနှင့် ဗန်းမော်အကြားတွင် ဆိုင်ကယ်ကယ်ရီသမားများထဲမှ အရွယ်ကောင်း ယောကျ်ားလေးများကို စစ်တပ်ကဖမ်းဆီးခဲ့ကြောင်းကို ကိုယ်တိုင်တွေ့ကြံုခဲ့ရ သည့် ဆိုင်ကယ်သမားက ယခုလို ပြောသည်။
 
“ကျနော်တို့ကျတော့ အရွယ်ကြီးသွားလို့လည်း ဖြစ်နိုင်တယ်။ ကျနော်တို့ ရှေ့ကသွားတဲ့ထဲက ကောင် လေး သုံးယောက်ပါသွားတယ်။ မတ္တရာဘက်ကလို့ ပြောတယ်၊ ပေါ်တာဆွဲတယ်ဆိုပြီး တော့လည်း ပြောနေတယ်။ ပေါ်တာဆွဲတယ်ဆိုရင် အားလုံးကို ဆွဲမှာပေါ့။ အခုက လူရွေးပြီး ခေါ်နေတာ။ မံစီက တပ်ဖြစ်ဖို့များတယ်၊ မံစီနားမှာပဲ ခေါ်တာ။ ပစ္စည်းတွေကော ပါသွားတာ ပေါ့။”
 
သစ်မှောင်ခိုသမားများ၊ ကယ်ရီသမားများ ညအိပ်ရပ်နားရာ ကချင်နှင့် ရှမ်းနယ်စပ်၊ တရုတ်-မြန်မာ နယ်စပ်ရှိ မံဝိန်းကြီးကျေးရွာအား အခုလ(၂၁)ရက်နေ့ ညပိုင်းက စကခ(၂၁) လက်အောက်ခံတပ်များ ဝင်ရောက်စီးနင်းကာ အရွယ်ရောက် ယောက်ျားလေးများကို ရွေးပြီး ခေါ်ဆောင်သွားသည်ဟု တရုတ်-မြန်မာ နယ်စပ်ဒေသခံများက ပြောသည်။
 
“ပေါ်တာဆွဲလို့ဆိုပြီး ဒီဘက်ကိုပြေးလာတဲ့လူတွေလည်းရှိတယ်။ ပေါ်တာဆွဲသလား၊စစ်သား စုဆောင်း တာလားဆိုတာ အခုထိ မသိရသေးဘူး။ ဗန်းမော်တို့၊ အောက်ပိုင်းတို့ကလူတွေ အဖမ်းခံရတယ်လို့ တော့ ပြောတယ်။ ညပိုင်း ဖြစ်သွားတာကို။ ဘယ်နှစ်ယောက်ဆိုတာတော့ မသိဘူး။”
 
ယခုလို ဖမ်းဆီးနေမှုကြောင့် တရုတ်-မြန်မာ ဆိုင်ကယ်ကယ်ရီလုပ်ကိုင်နေသည့် လူငယ် လူရွယ်များ သိသိသာ သာ နည်းပါးသွားပြီး ရွှေမှော်များတွင်လည်း ယခုလို ဖမ်းဆီးမှုကြောင့် အမျိုးသမီးများနှင့် လူကြီးပိုင်း များသာ လုပ်ကိုင်နေကြသည်ဟု ဒေသခံများက ပြောသည်။
 
ကချင်ပြည်နယ်အတွင်း မြန်မာစစ်အစိုးရ စစ်ကြောင်းလှုပ်ရှားမူများ ထူးထူးခြားခြား မရှိသေး သလို သစ်ဖမ်း ဆီးသည့် စစ်ဆင်ရေးမျိုးလုပ်လျင် အရပ်သားများအား ပေါ်တာဆွဲခြင်း မရှိသည့် အတွက် ယခုလို လူငယ်များ အား ဖမ်းဆီးနေခြင်းအပေါ်  စစ်သားစုဆောင်းရေး ဖြစ်နိုင်သည်ဟု နယ်စပ်ရှိ ဒေသခံများက ခန့်မှန်းနေကြသည်။

Most read this week