အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ကျောင်းသားထု၊ အစိုးရ၊ လွှတ်တော်နှင့် ပညာရေးဌာနအကြား ထိပ်တိုက်တွေ့ဆုံဆွေးနွေးရေး ပြုလုပ်နေစဉ် အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် (NLD) က ဗဟိုအလုပ်အမှု ဆောင်ဖြစ်သူ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) ဥက္ကဋ္ဌ ဒေါက်တာ သိန်းလွင်အပေါ် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးတွင် ဦးဆောင်ပါဝင်ခဲ့သဖြင့် အဖွဲ့ချုပ်သဘောထား ကြိုတင်အသိမပေးသည့်အတွက် ပါတီစည်းကမ်းများနှင့်အညီ ဆောင်ရွက်မည်ဟု NLD က ဖေဖော်ဝါရီ ၂ ရက်က ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်သည့်အပေါ် ကျောင်းသားထုများ ပါဝင်ဖွဲ့စည်းထားသည့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကလည်း ထိုထုတ်ပြန်ချက်အပေါ် လေးပွင့်ဆိုင် တွေ့ဆုံရေးကို နှောင့်နှေးစေသည့် သဘောသက်ရောက်စေသည့်အတွက် အချိန်ကိုက် မထုတ်ပြန်သင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သို့ အသိပေးအပ်သည်ဟူ၍ ပြန်လည်တုန့်ပြန်ခဲ့သည်။
ဒေါက်တာ သိန်းလွင်အရေးနှင့် ပတ်သက်၍ ထိုသို့အင်န်အယ်လ်ဒီနှင့် ကျောင်းသားထုအကြား သဘောထားများနှင့် ကျောင်းသား ဟောင်းများ၏ အမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။
ကိုလွမ်းဏီ (ABSDF သတင်းနှင့် ပြန်ကြားရေးဌာန ဗဟိုဦးဆောင်ကော်မတီဝင်)
ကျွန်တော့်အမြင်ပြောရရင်တော့ ဆရာသိန်းလွင်က NLD ပညာရေးကွန်ရက်ရဲ့ တာဝန်ရှိသူတစ်ယောက်ဆိုပေမယ့် လေးပွင့်ဆိုင်ကို တက်တာ NNER နဲ့လေ။ NLD ရဲ့ဆုံးဖြတ်လုပ်ကိုင်တာကို ကျွန်တော်တော့ ကန့်ကွက်တယ်။ နောက် ဒေါက်တာ သိန်းလွင်ကိစ္စမှမဟုတ်ဘဲ ကျောင်းသားထုရဲ့ ဖိတ်ခေါ်ချက်နဲ့ ပါဝင် တက်ရောက်တာပဲ။ ဒီချုပ်ဘက်က တကယ်ဆို ဒေါက်တာ သိန်းလွင်ကို ခေါ်ယူဆွေးနွေးရမှာပေါ့။ ပါတီ ပေါ်လစီချိုးဖောက်တဲ့ကိစ္စမှ မဟုတ်တာဗျာ။
ပွင့်ပွင့်လင်းလင်း ပြောရရင်ဗျာ အစိုးရနဲ့ ဖြစ်ရမယ့်ကိစ္စမှာ ကိုယ့်တပ်ကိုယ်ပြန်နင်း သလိုဖြစ်သွားရင် မကောင်းဘူးဗျ။ NLD ရဲ့ပြုမူချက်က မလိုလားအပ်တာတွေ ဖြစ်စေတယ်။ ကျောင်းသားသပိတ်ကိုလည်း ဆန့်ကျင်ရာ ရောက်တယ်။
ဦးလှရွှေ (၁၉၆၂ ခုနှစ် ဗကသများ အဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင်)
အင်န်အယ်လ်ဒီအနေနဲ့ ကိုသိန်းလွန်နဲ့ ဖြေရှင်းစရာ ရှိတာမျိုးရှိရင်လည်း ဒီလိုအချိန်မှာ အလျင်စလိုဖြေရှင်း တာမျိုး မဖြစ်သင့်ဘူး။ ကျောင်းသားနဲ့ အစိုးရ ထိပ်တိုက်တွေ့နေချိန်မှာ ပါတီအတွင်းစည်းကနေ ရှင်းလို့ရ တာမျိုးကို ဒီလိုအခြေအနေမှာ ထုတ်ပြန်လိုက်တာဟာ ကျောင်းသားလှုပ်ရှားမှုကြီးကို လှုပ်ကိုင်လိုက်သလို ဖြစ်စေတယ်။ အဲ့ဒီအတွက် စိတ်မကောင်းဖြစ်မိတယ်။
စာရေးဆရာ ဝင်းထွဋ်ဇော် (၁၉၆၂ခုနှစ် ဗကသများ အဖွဲ့ချုပ် စီအီးစီ)
လေးပွင့်ဆိုင်တွေ့ဆုံရေး တောင်းဆိုကတည်းက NNER ပါမယ်ဆိုတာ အစကတည်းက ကြေညာပြီးသားပဲ။ စပြီးကြေညာ ထားကတည်းက အတွင်းစည်းထဲမှာ မပြောဘဲ လေထဲမိုးထဲရောက်ခါမှ ကြေညာချက်ထုတ် ပြီး ပြောတယ်ဆိုတာ မစဉ်းစားတတ်အောင်ပါပဲ။ ဒေါက်တာသိန်းလွင်ကို ဒီလိုလုပ်လိုက်တာကိုးက မဖြစ် သင့်ဘူး။ အခုဟာက ရှုပ်ထွေးလာတယ်လို့ ယူဆတယ်။
ဦးကျော်သူ (ဥက္ကဋ္ဌ-နာရေး ကူညီမှုအသင်း (ရန်ကုန်)
နိုင်ငံရေးတွေ ဘာတွေတော့ ကျွန်တော်နားမလည်ဘူး။ လူသားချင်း စာနာစိတ်နဲ့ နိုင်ငံအတွက်ပဲ လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။