မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနား သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ဖိတ်ကြား

မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနား သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ဖိတ်ကြား
by -
မွန်အေဂျင်စီ

မွန်ပြည်နယ်၊ ရေးမြို့၊ သီရိခေမာရပ်ကွက်ရှိ အားကစားကွင်း၌ ငွေကျပ်သိန်း ရ၀ဝ ခန့် အကုန်ကျခံ ကျင်းပမည့် ဖေဖော်ဝါရီ၄ရက်နေ့တွင် ကျရောက်သော ၆၈ကြိမ်မြောက်၊ မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖိတ်ကြားထားကြောင်း အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီ ဒုဥက္ကဋ္ဌ နိုင်ကျော်စိုးက ပြောသည်။

“နိုင်ငံခေါင်းဆောင် တစ်ယောက်အနေနဲ့ သမ္မတကိုဖိတ်ကြားပါတယ်။ လူထုခေါင်းဆောင်အနေနဲ ့တော့ ဒေါ်အောင်ဆန်း စုကြည်ကို ဖိတ်ထားပါတယ်။ တက်နိုင် မနိုင်တော့ မသိသေးဘူး” ဟု သူက ပြောသည်။

30-News-300x169

ဇန်နဝါရီလ ၁၆ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့ မွန်ဓမ္မာရုံ၌ ပြုလုပ်သည့် ၆၈ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) ကျင်းပရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ ဖိတ်ကြားခြင်းဖြစ်ပြီး ၄င်းအပြင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ မွန်ပြည်နယ် အစိုးရအဖွဲ့၊ မြို့နယ်တွင်းရှိ နိုင်ငံရေးပါတီများ၊ မွန်နိုင်ငံရေး ပါတီများ၊ မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) စသည်တို့ကိုလည်း ဖိတ်ကြားထားသည်ဟု နိုင်ကျော်စိုး က ပြောသည်။

အခမ်းအနားတွင် မွန်တေးဂီတနှင့် ဇာတ်သဘင်ပွဲများ၊ မွန်ရိုးရာ မြေဝိုင်းအကများ၊ စာပေ၊ မွန်ယဉ်ကျေး မယ်၊ ဘောလုံး၊ လှေလှော်၊ မာရသွန်၊ ထမင်းနဲထိုးပြိုင်ပွဲများဖြင့် စည်ကားစွာ ကျင်းပမည်ဟု သိရသည်။

၁၉၉၆ ခုနှစ်တွင် ကျရောက်ခဲ့သော မွန်အမျိုးသားနေ့ ရွှေရတုအခမ်းအနားကို ဗဟိုအဖြစ်သတ်မှတ်ခဲ့ရာမှ မြို့နယ်အသီးသီး၌ တစ်နှစ်တစ်ကြိမ် မွန်အမျိုးသားနေ့ဗဟို အခမ်းအနားများကို အလှည့်ကျ ကျင်းပခဲ့ခြင်းဖြစ်သည်။

မွန်အမျိုးသားနေ့လှေလှော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား(ကျော်နိုင်)