ရခိုင်တွင် ၁၉၈၂ နိုင်ငံသားစိစစ်ခြင်း ပုံမှန်လုပ်ငန်းအဖြစ်သာ ဆက်လုပ်မည်

ရခိုင်တွင် ၁၉၈၂ နိုင်ငံသားစိစစ်ခြင်း ပုံမှန်လုပ်ငန်းအဖြစ်သာ ဆက်လုပ်မည်
by -
မဇ္စျိမ

၁၉၈၂ နိုင်ငံသား စိစစ်ခြင်းသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဦးစားပေး စိစစ်ခြင်းမဟုတ်ဘဲ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ ပုံမှန် လုပ်ငန်းစဉ်များအဖြစ်သာ ဆက်လုပ်သွားမည် ဟု ပြည်နယ် လဝက ဦးစီးမှူး ဦးခင်စိုး က မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်တွင် ရပ်နားထားသော ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေဖြင့် စိစစ်ခြင်းကို ပြန်လည်စတင်နေ ပြီဖြစ်သော်လည်း တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်း မဟုတ်ဟု ဦးခင်စိုးက ပြောသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၂ ရက်က ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် နိုင်ငံသား ခံယူပွဲနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

''တစ်နိုင်ငံလုံးမှာလုပ်တဲ့ လဝက ဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ်နဲ့သွားတာ ဖြစ်ပါတယ်။ အခြား ပြည်နယ်၊ တိုင်းတွေမှာလည်း ဒီအတိုင်းပဲ လုပ်နေကြတာဖြစ်တယ်။ ကျွန်တော်တို့က သီးခြားအထူးအနေနဲ့ လုပ်တာ မရှိဘူး'' ဟု ဦးခင်စိုး က ပြောသည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ စိစစ်ခြင်းကို ခြောက်လတစ်ကြိမ် စစ်ဆေးမည်ဖြစ်ပြီး နိုင်ငံ သား လျှောက်ထားလိုသူများကို ဇန်နဝါရီလ အတွင်းက တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ကြေညာထား သည်ဟု ဆိုသည်။

မြို့နယ်လဝက ဦးစီးမှူးရုံးများတွင် သွားရောက်လျှောက်ထားရမည်ဖြစ်ပြီး လက်ရှိတွင် လျှောက်ထားသူ ၃ဝဝ ကျော်သာ ရှိသေးသည်ဟု လဝကစာရင်းများအရ သိရသည်။ ရခိုင်ပြည်နယ်တွင် နိုင်ငံသား ဖြစ်ခွင့်မ ရသေးသူ ၁ဝ သိန်းနီးပါးရှိပြီး ပဋိပက္ခကိုဖြေရှင်းရန် နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းပြုလုပ်ရန် လိုအပ်သည်ဟု စုံစမ်း စစ်ဆေးရေး ကော်မရှင် က ထောက်ပြခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂါလီ ဒုက္ခသည်ခေါင်းဆောင် ဦးအောင်ဝင်းက ''၈၂ ဥပဒေနဲ့ စိစစ်တယ် ဆိုတာ နိုင်ငံတကာရှေ့မှာ အ ယောင်ပြတာပဲ ဖြစ်ပါတယ်။ တကယ်တမ်း တိတိကျကျ နိုင်ငံသားဖြစ်ခွင့်ရှိလာတဲ့ အရေအတွက် အလွန် နည်းပါတယ်။ ပွင့်လင်းမြင်သာမှုလည်း မရှိပါဘူး''ဟု ဆိုသည်။

နိုင်ငံသးဖြစ်ခွင့်ဥပဒေအရ စိစစ်မှုပြီးစီးပါက စိစစ်ပြီးစီးသူများကို အသိအမှတ်ပြုကတ် တစ်မျိုးမျိုး ထုတ်ပေး မည် ဖြစ်သော်လည်း အသိအမှတ်ပြုကတ်၏ အရည်အသွေး ကို ပြောကြားနိုင်ခြင်း မရှိသေးသကဲ့ သို့ မဲထည့်ဝင်ခွင့် ရ မရမှာ ရွေးကောက်ပွဲ ကော်မရှင်၏ ဥပဒေအတိုင်းသာဖြစ်သည် ဟု ဦးခင်စိုးက ပြော သည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင် မောင်အုန်းက ¤င်း၏ လက်ထက်တွင် ၈၂ ဥပဒေအရ နိုင်ငံသားစိစစ်ခြင်းကို ပြီးပြတ် အောင် ဆောင်ရွက်မည်ဟု ပြောကြားခဲ့ သည်။

၂ဝ၁၄ ဇူလိုင်လအတွင်းက စတင်၍ ရခိုင်ပြည်နယ်တွင် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေအရ နိုင်ငံသား စိစစ်ခြင်းကို သီးခြား အစီအစဉ် တစ်ခုအဖြစ် ဆောင်ရွက်ခဲ့သည်။

Most read this week