ရခိုင်ပြည်နယ်လုပ်ငန်းများ ပွင့်လင်းမြင်သာစွာ ချပြသွားမည်ဟု MSF ဆို

ရခိုင်ပြည်နယ်လုပ်ငန်းများ ပွင့်လင်းမြင်သာစွာ ချပြသွားမည်ဟု MSF ဆို
by -
မဇ္စျိမ

ရခိုင်ပြည်နယ် တွင်ပြန်လည် လုပ်ကိုင်မည့် လုပ်ငန်း စဉ်များကို ပွင့်လင်းမြင်သာ စွာဆောင်ရွက် သွားမည်ဟု နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (MSF)မြန်မာနိုင်ငံ ဆိုင်ရာ ဒုတိယဌာနေ ကိုယ်စားလှယ် Mr. Simon Tyler ကပြောကြား လိုက်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ ၊ပေါက်တောမြို့ နယ်များတွင် HIV နှင့်  အခြေခံ ကျန်းမာရေးစောင့်ရှောက် မှုများကို စတင်နေ ပြီဖြစ်သည် ဟု ၄င်းက မဇ္ဈိမ ကိုပြောသည်။

''ထပ်မံတိုးချဲ့မည့် စီမံကိန်းများ ရှိပါကလည်း ပြည်သူ လူထုကို ပွင့်လင်းမြင်သာစွာ ချပြသွား မည်ဖြစ်ပါတယ်" ဟု ဌာနေ ကိုယ်စားလှယ် Mr. Simon Tyler က မဇ္ဈိမ ကိုဖြေကြားသည်။

ရခိုင်ဒေသခံများကမူ MSF သည်ဒေသခံများကို အသိမပေးဘဲရောက်ရှိလာခြင်းဖြစ်ပြီး ပွင့်လင်းမြင်သာ မှုမရှိဟုတုံ့ပြန်လိုက် သည်။ဒေသခံ များနှင့် NGO များ အကြားပဋိပက္ခညှိနှိုင်းရေးအဖွဲ့ ECC အဖွဲ့ဝင် ဦးသန်းထွန်းက ''ဘယ်တော့လာမယ်၊ဘာတွေလုပ်မယ်ဆိုတာ ကြိုမပြော ထားပါဘူး။ ပြီးတော့အခု လုပ်နေတယ် ဆိုတာကိုလည်း ကျွန်တော်တို့ မသိပါဘူး''ဟု ဆိုသည်။

ဒုက္ခသည် များနှင့် HIV ပိုး ကူးစက်ခံ ရသူများ အတွက် MSF ၏ထောက်ပံ့ ကူညီမှုများ လိုအပ် လျက်ရှိပြီး ဝေးလံသောဒေသများ တွင်ဆေးဝါးပြတ် လတ်မှုများ ကြံုတွေ့ခဲ့ရသည်ဟု ဆိုသည်။ ''အထူးသဖြင့် ဆေးပေး ခန်းတွေ လက်လှမ်းမမှီတဲ့ဒေသတွေက HIV ဝေဒနာရှင်တွေ ဆေးပြတ်သွားကြတယ်''ဟု ဘင်္ဂါလီ ဒုက္ခ သည်အရေး တက်ကြွ လှုပ်ရှားသူ ဦးအောင်ဝင်း ကပြောသည်။

ရခိုင်ပြည် နယ်၊မောင်တော မြို့နယ် ဒုချရား တန်းကျေးရွာတွင် တပ်ကြပ် ကြီးအောင်ကျော် သိန်းပျောက်ဆုံး မှုကြောင့် ဘင်္ဂါလီကျေး ရွာများကို လုံထိန်း များက ဝင်ရောက် ပစ်ခတ် သည်ဟု သတင်းများပေး ပို့ခဲ့သည်ဟု ဆိုကာ MSF ကိုဒေသ တွင်းမှ ထွက်ခွာ သွားရန် ဆန္ဒပြ ခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနကလည်း MSFနှင့် နားလည်မှု စာချွန်လွှာသက်တမ်း ကုန်ပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု များပြုလုပ်ရန် ရပ်ဆိုင်းစေ ခဲ့ခြင်းဖြစ် ကာရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အစီအစဉ် အတွက် ပြန် လည် ဖိတ်ခေါ် ခဲ့ခြင်းဖြစ်သည်။