ဖွဲ့စည်းပုံအပါအဝင် ဥပဒေများကို မကြာခဏ မပြင်စကောင်းဟု ကာချုပ်ထုတ်ဖော်ပြောကြား

ဖွဲ့စည်းပုံအပါအဝင် ဥပဒေများကို မကြာခဏ မပြင်စကောင်းဟု ကာချုပ်ထုတ်ဖော်ပြောကြား
by -
မဇ္စျိမ

 ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေကို သေချာစဉ်းစားကာရေးဆွဲခဲ့သည့်အတွက် မကြာခဏပြင်ဆင်နေခြင်းနှင့် ဥပဒေကို ကိုယ်လိုရာစွဲ ပြင်ဆင်ချက်များ မကြာခဏ ထွက်ရှိလာပါက တည်ငြိမ်မှုကို အများကြီးထိခိုက်နိုင်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၂ဝ နှင့် ၂၁ ရက်တွင် ထုတ်လွှင့်ခဲ့သည့် CNA (Channel News Asia) သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားလိုက်သည်။

CNA သတင်းဌာနက လွှတ်တော်၌ ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တပ်မတော်၏ ၂၅ ရာခိုင်နှုန်း ပါဝင်မှုရှိနေ ခြင်းကြောင့် ထောက်ခံမှု ရ၅ ရာခိုင်နှုန်းထက်ပိုပြီး လိုအပ်သည့်အတွက် တပ်မတော်၏ အရေးပါမှုနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ဖြေကြား ခဲ့ခြင်း ဖြစ်သည်။

အခြေခံဥပဒေသည် နိုင်ငံ၏ မိခင်ဥပဒေဖြစ်သည့်အတွက် အခြေခံဥပဒေကို ရေးဆွဲသည့်အခါ သေသေ ချာချာ စဉ်းစားပြီးမှသာ ရေးခဲ့ကြောင်း၊ ဥပဒေဆိုသည်မှာ မကြာခဏ ပြင်၍မကောင်း၊ ဥပဒေတစ်ခုသည်ခိုင်မာရန် လိုအပ်ပြီး ကိုယ်လိုရာစွဲ ပြင်ဆင်ခြင်းများ မကြာခဏ လုပ်ဆောင်နေလျှင် တည်ငြိမ်မှုကို အများ ကြီး ထိခိုက်နိုင်ကြောင်း၊ လွယ်လွယ်ကူကူပြင်နိုင်သည့် ဥပဒေရှိသကဲ့သို့ လွယ်လွယ်ကူကူပြင်လို့ မရသည့် ဥပဒေများလည်းရှိကြောင်း ဖြေကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်သည့် ပြောကြားချက်အပေါ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က သုံးသပ်ပြောကြားရာတွင် ''ကာချုပ်ပြောချင် တာက လွှတ်တော်မှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း မလျှော့နိုင်အောင်လို့ ပြောချင်တဲ့ သဘောလို့ထင် တယ်။ ဖွဲ့စည်းပုံပြင်ဖို့က ပြည်သူတွေရဲ့ ဆန္ဒ၊ အုပ်ချုပ်ရေး အာဏာအမြင့်ဆုံးရှိနေတဲ့ သမ္မတရဲ့ဆန္ဒ၊ လွှတ်တော်ရဲ့ဆန္ဒဖြစ်လို့ ကာချုပ်အနေနဲ့ မငြင်းပယ်သင့် ဘူးလို့ မြင်တယ်။ ကာချုပ်က တစ်ချိန်ချိန်မှာ ပြင်ဆင် လာ မှာပါ'' ဟု ပြောသည်။

ထို့ကြောင့် သမ္မတ၊ လွှတ်တော်၊ ကာချုပ်နှင့် အတိုက်အခံအင်အားစုများတွေ့ ဆုံဆွေးနွေးရေး လိုအပ်ပြီးပွင့် လင်းမြင်သာစွာ ဆွေးနွေးကြရန်လိုအပ်သည်ဟု ၎င်းက ထောက်ပြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသည့် အချက်အလက်များသည် ပြည်သူလူထုအတွက် အကျိုးမရှိပါက ပြင်ရ မည်ဟု နော်ဝေနိုင်ငံ အခြေခံဥပဒေတွင် ဆိုထားကြောင်း ဥပမာပေး၍ နော်ဝေနိုင်ငံ၏ ပ ဉ္စမမြောက် ဟယ်ရယ်ဘုရင်က ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ပြုလုပ်သည့် အရပ် ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံသည့် အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

နော်ဝေနိုင်ငံ၏ အခြေခံဥပဒေသည် ပြည်သူများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပြီး ဒီမိုကရေစီကို တည်တံ့ခိုင်မြဲစေသည်ဟုလည်း ၎င်းက ဆိုခဲ့သည်။

နော်ဝေနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာကျင့်သုံးခဲ့သည့် ၁၈၁၄ ခုနှစ်မှ စ၍ ယနေ့တိုင် အကြိမ် ပေါင်း ၂ဝဝ ထက် မနည်းပြင်ဆင်ခဲ့ပြီး ကျင့်သုံးခဲ့သည့် နှစ်ပေါင်း ၂ဝဝ အတွင်း ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေပါ အရေးကြီး ပုဒ်မများ ပြင်ဆင် နိုင်ရန် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးရေ၏ ရ၅ ရာနှုန်းနှင့် အထက်က ထောက်ခံမှပြင်ဆင်နိုင်မည်ဖြစ်ပြီး အချို့ ပုဒ်မများ ပြင်ဆင်လိုပါက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ရန်လိုသည်။