လက်ပံတောင်း ပဋိပက္ခအတွက် ဒေါ်စု ပြောကြားချက် အစိုးရအဖွဲ ့ငြင်းဆို

လက်ပံတောင်း ပဋိပက္ခအတွက် ဒေါ်စု ပြောကြားချက် အစိုးရအဖွဲ ့ငြင်းဆို
by -
မဇ္စျိမ

 လက်ပံတောင်း ပဋိပက္ခသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည် ဖော်ရေးကော်မတီက လိုက်နာဆောင်ရွက်ခြင်း မရှိသောကြောင့် ဖြစ်ရ သည် ဟူသော ဒေါ်အောင်ဆန်းစုကြည် ပြောကြားမှုနှင့် ပတ်သက်ပြီး ထိုသို့မဟုတ်ကြောင်း အကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး ဦးတင်မြင့်က မီဒီယာကို ပြောသည်။

“ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အလေးထား လိုက်နာဆောင်ရွက်နေတဲ့အပြင် အကြံပြုချက်ထဲမှာ မပါတာတွေကိုပါ ဒေသခံ ပြည်သူတွေ အတွက် လုပ်ဆောင်ပေးနေပါတယ်” ဟု သမ္မတရုံးဝန်ကြီးဌာန အမှတ်(၆) က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌဖြစ်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော် မရှင်တွင် ကော်မရှင်အစီရင်ခံစာ၊ အကြံပြုချက်တို့ကို အကောင်အထည်ဖော်ရသည့် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးတင်မြင့်လည်း အဖွဲ့ဝင်ဖြစ်ခဲ့သည်။ ကော်မရှင်၏ အကြံပြုချက် ၄၂ ချက် အနက် ၂၉ ချက် တို့ကို အကောင်အထည်ဖော်ရေး ကော်မတီက အလေးထားဆောင်ရွက် ခဲ့ပြီး ဖြစ်ကြောင်းနှင့် ဆောင် ရွက်နေဆဲ အချက် ၁၃ ချက်သာ ကျန်တော့ကြောင်းလည်း ၎င်းကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ တွင် ဖော်ပြထားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက မြေယာသိမ်းဆည်းမှုများအတွက် ခေတ်ကာလနှင့်ညီသော လျော်ကြေးများ တိုးပေးရေး၊ အစားထိုးမြေယာများ ချထားပေးရေး၊ စီမံကိန်းအတွက် မလိုသည့်မြေယာများကို ဒေသခံတို့ အား ပြန်ချပေးရေး စသည်တို့ အပါအဝင် မြေယာဆိုင်ရာ အကြံပြုချက် ရှစ်ချက်၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ရေးဆိုင်ရာ ၂၃ ချက်၊ ဒေသခံတို့၏ လူမှုစီးပွားဆိုင်ရာ ကိုးချက်နှင့် သာသနိက အဆောက်အအုံများနှင့် ပတ်သက်သည့် နှစ်ချက်ဟူ၍ အကြံပြုချက်ပေါင်း ၄၂ ချက်တို့တွင် မြေယာဆိုင်ရာ အကြံပြုချက် တစ်ချက်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၁၁ ချက်နှင့် လူမှုစီးပွားဆိုင်ရာ အချက်တစ်ချက် ပေါင်း ၁၃ ချက်သာ ဆောင်ရွက် ရန် ကျန်ရှိဟုလည်း ပြောသည်။

“မြေယာအကြံပြုချက်အရ လျော်ကြေးနဲ့ ထောက်ပံ့ကြေးတွေ ဆက်လက်ထုတ်ပေးနေပါတယ်။ သဘာဝ ပတ်ဝန်းကျင်အတွက်က ESIA အစီရင်ခံစာမူကြမ်းကို ဒုတိယအကြိမ် ပြင်ဆင်ဖြည့်စွက်နိုင် ဖို့ ဆောင်ရွက်နေ ပါတယ်။ တချို့လုပ်ငန်းတွေက စီမံကိန်း စလည်တော့မှ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေပါ” ဟုလည်း ၎င်းက ပြောသည်။

လူမှုစီးပွားအကြံပြုချက်တွင် ဆောင်ရွက်ရန် ကျန်နေသည့် တစ်ချက်ဖြစ်သော ဒေသခံတို့အား အလုပ်အကိုင်ခန့်ထားရေးနှင့် ပတ်သက်ပြီး “လူငယ် ၂၀၀ ကို လခပေးပြီး လုပ်ငန်းခွင်သင်တန်း တက်စေခဲ့ပေမယ့် ပြင်ပသွေးထိုးမှုတွေကြောင့် အကုန်လုံး ပြန်ထွက်သွားကြတယ်။ အလုပ်ခန့်ဖို့ကျတော့ စီမံကိန်းက မစသေးလို့ပါ။ အသေးစား အလတ်စားစက်မှု လုပ်ငန်းတွေအတွက်လည်း ဆောင်ရွက်နေပါတယ်” ဟု ဦးတင်မြင့်က ဖြည့်စွက်ပြောသည်။

ထို့အပြင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များတွင် မပါ၀င်သည့် ဒေသခံတို့ အလုပ်မရမီ စောင့် ဆိုင်းဆဲကာလအတွင်း စားဝတ်နေရေးအတွက် နှစ်စဉ် ထောက်ပံ့ကြေးများကို ခြောက်လ တစ်ကြိမ် ကြိုတင်ထုတ်ပေးလျက်ရှိသည်ဆို၏။

“ထောက်ပံ့ကြေးကို သိမ်းတဲ့လယ်ဧကအလိုက် ထုတ်ပေးထားပါတယ်။ ထောက်ပံ့ကြေး အစီအစဉ်ကို ထောက် ခံတဲ့ ရွာသားတွေကို သူတို့ဆန္ဒအရတချို့ကို ဘဏ်စာရင်းဖွင့်ထားပေးပြီး တချို့က ငွေလာထုတ် ကြပါတယ်” ဟုလည်း ၎င်းက ရှင်းပြသည်။

တောင်သူတို့အတွက် အချိုးကျ ရာနှုန်းလစာ (discount salary) အဖြစ် လယ်တစ်ဧကမှ ၁၀ ဧကအထိ အသိမ်းခံရသည့် တောင်သူအား တစ်လလျှင် အမေရိကန် ဒေါ်လာ ရ၀၊ ၁၀ ဧက မှ ၂၀ ဧကအထိကို ဒေါ်လာ ၁၂၀၊ ၂၀ ဧကနှင့် အထက်ကို ဒေါ်လာ ၁၆၀ နှုန်းဖြင့် ၂၀၁၄ သြဂုတ်လ ၆ ရက်မှ စတင်ထုတ် ပေးခဲ့ရာ စီမံကိန်း ဧရိယာကျေးရွာ ၃၃ ရွာမှ တောင်သူတစ်ထောင်ခန့်တို့ကို ထုတ်ပေးခဲ့ပြီး ၎င်းတို့ အနက် ၅၅၆ ဦးတို့ကို ဘဏ်စာရင်းဖွင့် ပေးထားကြောင်း၊ ၄၂၁ ဦးကိုမူ မြန်မာကျပ် ငွေသိန်း ခြောက်ထောင်ကျော် (၆၀၂၂ ဒသမ ၅၂ သိန်း)ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

“လက်ပံတောင်း စီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အလေးထား ဆောင်ရွက်နေ တဲ့အပြင် အကြံပြုချက်မှာ မပါတဲ့ အခုလို ထောက်ပံ့မှုတွေကိုလည်း ဆောင်ရွက်နေပါတယ်။အခု ထပ်ဖြစ် တဲ့ ပဋိပက္ခတွေက ကိုဟန်ဝင်းအောင်တို့လို ပြင်ပပယောဂတွေ လှုံဆော်သွေးထိုးမှုတွေကြောင့်သာ ဖြစ်ရတာပါ၊ စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ပြောသလို မဟုတ်ပါဘူး” ဟုလည်း ၎င်းက အတည်ပြု ပြောကြားခဲ့ သည်။

ဒေသခံတောင်သူများသည် မိမိတို့လိုလားချက်များကို လက်နက်စွဲကိုင်ခြင်း မရှိဘဲ ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်နိုင်သကဲ့သို့ လာရောက်ဆွေးနွေးညှိနှိုင်းပါကလည်း လက်ခံတွေ့ဆုံပြီး ပြေလည်သည်အထိ ဆောင် ရွက်ပေးသွားမည်ဟုလည်း ၎င်းက ဖိတ်ခေါ်ပြောကြားခဲ့သည်။

Most read this week