စည်ပင်ရွေးကောက်ပွဲ ဘက်လိုက်သည်ဟု အမတ်လောင်းများ ဝေဖန်

စည်ပင်ရွေးကောက်ပွဲ ဘက်လိုက်သည်ဟု အမတ်လောင်းများ ဝေဖန်
by -
မဇ္စျိမ

 နှစ်ပေါင်း ခြောက်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲများ ကျင်းပရန် တစ်ပတ်သာ လိုတော့သည့်အချိန် အထိ မဲပေးခွင့်ရှိသူ များစာရင်း အသေးစိတ် ကို ရေရာစွာမသိရှိရခြင်း၊ ဆိုင်းဘုတ်ထောင် မဲဆွယ်စည်းရုံး ခွင့်ပြုရာတွင် ဘက် လိုက်ခြင်းတို့နှင့် ကြံုတွေ့နေရသည်ဟု ကိုယ်စားလှယ်လောင်း တချို့က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် မြို့တော်ကော်မတီဝင်အဖြစ် ပါ၀င်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဒေါ်ညွန့်ယဉ်ဝင်းက “အိမ်ထောင်စု ဘယ်နှစုက ဘယ်သူတွေ မဲပေးမှာလဲဆိုတာကို သိချင်လို့ ကျွန်မ မန်နေဂျာကို ကော်မရှင်ဆီ သွားစုံစမ်းခိုင်းခဲ့တယ်။ ဒါပေမဲ့ ကော်မရှင်က ထုတ်ပြန်ဖို့ ငြင်း လိုက်ပါ တယ် ” ဟုဆိုသည်

၎င်းယှဉ်ပြိုင်မည့် မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ ငါးသိန်းဝန်းကျင်ခန့်ရှိပြီး မဲပေးနိုင်သူ ခုနစ်သောင်း ခန့်ရှိသည်ဟုသာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပြီး အသေးစိတ်အချက်အ လက်များ မရရှိဟု ပြောသည်။

စည်ပင်သာယာရွေးကောက်ပွဲ နည်းဥပဒေများအရ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးခွင့်မရှိဘဲ သန်းခေါင်စာရင်း တစ်ခုလျှင် တစ်ဦးတည်းသာ မဲပေးနိုင်မည့်။

အခြေအနေသည် နိုင်ငံသားအခွင့်အရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့် ကျင်နေသည်ဟု စည်ပင်ရွေးကောက်ပွဲ လေ့လာသူ ဦးအောင်ထွန်းက ပြောသည်။

ထိုအခြေအနေများကြောင့် အမျိုးသမီးများနှင့်လူငယ်များ၏ အခွင့်အရေးလည်း ဆုံးရှုံးနိုင်ပြီး ရွေးကောက်ပွဲ ကိုကြီးကြပ်မည့် ကော်မရှင်၌လည်း မဲစာရင်းကဲ့သို့သောကိစ္စများတွင် ပွင့်လင်းမြင်သာမှုမရှိဟု ကိုယ်စား လှယ်လောင်းတချို့က ဝေဖန်သည်။

မြောက်ဥက်္ကလာပမြို့နယ်၊ မြို့နယ် ကော်မတီအဖွဲ့ဝင်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အေးအေးမော်က ကော် မရှင်က မဲစာရင်းကို တိကျစွာမထုတ်ပြန်ခြင်းသည် မသမာမှုများကိုကြိုတင်ပြုလုပ်ရန် ကြံစည်မှု တစ်ခုသဖွယ် ဖြစ်နေသည်ဟု သုံးသပ်သည်။

“ကျွန်မကို ထောက်ခံမဲပေးကြမယ့်သူတွေကို မဲပေးနိုင်သူစာရင်းမှာ ချန်ထားပါတယ်။ အမည်နှစ်ခါထပ် စာရင်းတွေ၊ သေဆုံး သူတွေ၊ နိုင်ငံခြားခရီးသွားနေသူတွေ၊ ဘုန်းကြီးဝတ်နေသူတွေ စာရင်းကိုတော့ထည့် သွင်းထားပါတယ်” ဟု ၎င်းက ပြောသည်။ ယင်းနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကိုလည်း ဒီဇင် ဘာ ၂၃ ရက်၌ ပြုလုပ်ရန် စီစဉ်နေသည်ဟု ဒေါ်အေးအေးမော်က ဆိုသည်။

အနောက်ပိုင်းခရိုင်မှ မြို့တော်ကော်မတီဝင်အဖြစ် ၀င်ရောက်အရွေးခံမည့် ဦးဝင်းချိုကလည်း ယင်းသို့ပင် ကြံစည်ထားပြီး ရွေးကောက်ပွဲ မတိုင်မီ မဲစာရင်းပြုစု ထုတ်ပြန်ခြင်း၊ မဲဆွယ်စည်းရုံးမှုများတွင် မတရားမှုများ ယခုထက်ပိုမို လွန်ကဲလာပါက မီဒီယာတို့ကို ထုတ်ဖော်ပြောဆိုမည်ဟု ပြောသည်။

ထို့ပြင် မဲဆွယ်စည်းရုံးရာတွင် အသုံးပြုသည့် ဆိုင်းဘုတ်(ဘေလ်ဘုတ်)ထောင် ခွင့်ပြုရာတွင် ဘက်လိုက်မှု များရှိသည်ဟုလည်း ကိုယ်စားလှယ်လောင်း တချို့က ထုတ်ပြောကြသည်။ “ဆိုင်းဘုတ်တွေကို သင်္ဃန်း ကျွန်းဘက် လမ်းမကြီးဘေးတွေကဟာတွေ လိုက်ဖြုတ်တယ်၊ ကျွန်တော်တို့က ပြည်သူတွေ သိအောင် သတင်းတော့ပေးရပါမယ်၊ လိုက်ဖြုတ်တဲ့မြို့နယ်တွေက ဖြုတ်တယ် မဖြုတ်တဲ့ သူတွေကကျတော့ မဖြုတ်ဘူး ဖြစ်နေတယ်” ဟု အနောက်ပိုင်းခရိုင်မှ မြို့တော်ကော်မတီဝင်အဖြစ်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးဖုန်းမြင့်အောင်က ပြောသည်။

စည်ပင် ကိုယ်စားလှယ်လောင်းများကိုမြို့တွင်း (Down Town) ဧရိယာအတွင်း မြေစိုက်ပိုစတာများ စိုက်ထူခွင့် စည်ပင်က တားမြစ်ထားသော် လည်း တချို့ကစိုက်ထူထားသည်ဟု ဝေဖန်ခြင်း ဖြစ်သည်။

ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းမကြီးနှင့် အနော်ရထာလမ်းဆုံရာ မီးပွိုင့်ထောင့် အဆောက် အအုံတွင် ကြော်ငြာ ဆိုင်းဘုတ်(အကြီး)ဖြင့် အနောက်ပိုင်းခရိုင် မြို့တော်ကော်မတီဝင်ရာထူးအတွက် မဲ ဆွယ်ထားသူ အငြိမ်းစားစစ်သံမှူးဟောင်း ဦးစိုးဌေးကမူ အခြားသူ များပြောသကဲ့သို့ အခွင့်အရေးမတူခြင်း မဟုတ်ဟု ဆိုသည်။

“ကျွန်တော် ကျောက်တံတားမှာထောင်ထားတာက အခကြေးငွေပေးရတဲ့ ကြော်ငြာနေရာကို ထောင်ထားတာ၊ ဒီအတွက်တော့ ဖြုတ်ပေး ပါလို့တော့ မပြောသေးဘူး၊ အဲဒီလိုထောင်ရင်တော့ ခွင့်ပြုပါတယ်။ အများပိုင်နေရာမှာ ဗီနိုင်းပိုစတာတွေ ကပ်လို့မရတာပါ၊ ကျွန်တော့် အနေနဲ့တော့ ခွဲခြားတယ် မထင်ပါ ဘူး”ဟု ၎င်းကပြောသည်။

အနောက်ပိုင်းခရိုင်ကပင် ဦးစိုးဌေးနှင့် အတူဝင်ရောက်ယှဉ်ပြိုင်မည့် ဦးသက်ထွန်းကမူ ယင်းသို့လုပ်ဆောင်ခြင်းမှာလည်း ရန်ကုန်မြို့တော် စည်ပင် ရွေးကောက်ပွဲ ကော်မရှင်၏ တားမြစ်ချက်နှင့် ကိုက်ညီမှု မရှိဟု သုံးသပ်သည်။

“နောက်ပိုင်း အနိုင်ရရင်တောင် ဒါနဲ့ ကန့်ကွက်တာတွေ လုပ်ရင်လုပ်လာနိုင်၊ လိုက်ဖြုတ်တယ်ဆိုပေမယ့် မြို့နယ်တွေ တော်တော်များများမှာ တွေ့နေပါတယ်၊ အဲဒီတော့ စည်ပင်က ကိုယ်စားလှယ်တွေ အပေါ် တစ် သတ်မတ်တည်း မရှိဘူးလို့ ဆိုလို့ရတယ်” ဟု ဦးသက်ထွန်းက ပြောသည်။

ရန်ကုန်မြို့တော်ဝန်ကမူ ပိုစတာ၊ ဆိုင်းဘုတ်များထောင်၍ မဲဆွယ်ခြင်းကို ခွင့်မပြုဟု ပြီးခဲ့သောရက် သတ္တပတ်အတွင်း မြို့တော် ခန်းမတွင် ပြုလုပ်သော အစည်းအဝေး၌ မီဒီယာများကို ထုတ်ဖော်ပြောဆို ထားသည်။ စည်ပင်ရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို ယင်းနှင့်စပ်လျဉ်း ၍ မေးမြန်းရန်ကြိုးပမ်း ရာ၌မူ ဆက်သွယ် နိုင်ခြင်းမရှိခဲ့ပေ။

“တချို့သိလျက်နဲ့မသိသလိုလုပ်နေ တာတွေရှိတယ်၊ မြို့နယ်အလိုက် ခွဲခြားမှုရှိ တယ်၊ အဲဒါက ကော်မရှင် က မဲဆွယ်မှုနဲ့ ပက်သက်ပြီး တိတိကျကျ ထုတ်ပြန်ချက်တွေမရှိလို့ပဲ”ဟု အနောက်ပိုင်းခရိုင် မြို့တော် ကော် မတီဝင်ရာထူးကို ယှဉ်ပြိုင်မည့် ဦးခင်လှိုင်(ဇောတိက) က ပြောသည်။

စည်ပင်ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ထားသော စည်းမျဉ်းဥပဒေများအရ ယင်းသို့သော အငြင်းပွားမှုများ ကို တိုင်တန်းရန် ကိုယ်စားလှယ်လောင်းတို့ အခက်တွေ့ဖွယ်ရှိသည်ဟု လေ့လာသူ ဦးအောင်ထွန်းက သုံး သပ်သည်။ ထုတ်ပြန်ထားသော ဥပဒေအရ တိုင်တန်းလိုသူတစ်ဦးလျှင် ငွေကျပ် ငါးသိန်းပေးသွင်း ရမည် ဖြစ်ပြီး စစ်ဆေးမှုပြီးစီး၍ ရှုံးသည်ဖြစ်စေ၊ နိုင်သည် ဖြစ်စေ ပြန်လည်ထုတ်ယူ၍ မရခြင်းသည် အဟန့်အ တားဖြစ်မည် ဟု သုံးသပ်သည်။

ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၇ရက်တွင် ကျင်းပမည်ဖြစ်ပြီးမြို့ တော်ကော်မတီဝင် လေးနေ ရာ၊ ခရိုင်အဆင့် ၁၂ နေရာ၊ မြို့နယ်အဆင့် ၉၉ နေရာတို့ရွေးချယ်ရမည်ဖြစ်သည်။ မြို့တော်ကော်မတီဝင် နေရာကို ၄၀ ဦး၊ ခရိုင်ကော် မတီဝင်ရာထူးအတွက် ၄၂ ဦး၊ မြို့နယ်ကော်မတီဝင် ရာထူးအတွက် ၂၁၁ ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။ မဲပေးသူများသည် မြို့တော်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်မည့်သူ တစ်ဦး၊ မြို့နယ်နှင့် ခရိုင်စည်ပင် သာယာရေးကော်မတီဝင်အဖြစ် တာဝန် ထမ်းဆောင်မည့်သူ သုံးဦးစီ စုစုပေါင်း ခုနစ်ဦးကို ရွေးချယ်ရမည်ဖြစ်သည်။