စားသုံးရန် မသင့်သည့် အစားအစာနှင့် ဆေးဝါးသိန်း ၁,၄၀၀ ကျော် ဖျက်ဆီးခဲ့

စားသုံးရန် မသင့်သည့် အစားအစာနှင့် ဆေးဝါးသိန်း ၁,၄၀၀ ကျော် ဖျက်ဆီးခဲ့
by -
မဇ္စျိမ

 ၂၀၁၄ ခုနှစ်အတွင်း စားသုံးရန် မသင့်သည့် အစားအစာနှင့် ဆေးဝါးများ သိန်း ၁,၄၀၀ ကျော်ဖိုး ဖျက်ဆီးခဲ့ ပြီးဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ ဌာနခွဲမှူး ဦးစိုးတင့်အောင် က ပြောသည်။

ဆိုးဆေးပါ အစားအစာများနှင့် သက်တမ်းလွန်ဆေးဝါးများကို ၂၀၁၄ ခုနှစ်တွင် ဧပြီ၊ သြဂုတ်၊ နိုဝင်ဘာလ အတွင်း ငါးကြိမ်အထိ မီးရှို့ဖျက်ဆီးပြီးဖြစ်ဟု ဆိုသည်။

Groceries

အဆိုပါ ဖျက်ဆီးမှုတွင်စားသုံးရန်မသင့်သည့် ဆိုးဆေးပါအစားအစာများနှင့် လူသုံးကုန်ပစ္စည်းများ (ခြင် ဆေး) တန်ဖိုး ကျပ်သိန်း ရ၈၀ ကျော် ဖျက်ဆီးခဲ့ပြီး သက်တမ်းလွန်ဆေးဝါးများ တန်ဖိုးအားဖြင့် ကျပ်သိန်း ၆၂၀ ခန့်ကို မန္တလေးမြို့ အရှေ့ဘက်ရှိ အေးရိပ်ငြိမ်သုသာန်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သန့်ရှင်းရေးဌာန မှ သိရသည်။

ထို့ပြင် ပုဂ္ဂလိကဆေးဝါးဖြန့်ဖြူးရေး ကုမ္ပဏီများနှင့် မန်းစည်ပင်ကော်မတီတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ် ပြီး ဆိုးဆေးပါ အစားအစာများကို မန္တလေးမြို့တော်စည်ပင် နယ်နိမိတ်အတွင်းရှိ စျေး ၄၄ စျေးတွင် အပတ်စဉ် ကွင်းဆင်းစစ်ဆေး၍ ၎င်းအစားအစာများကို သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ဦးစိုးတင့်အောင် က ပြောသည်။

နေပြည်တော် ကျန်းမာရေးဦးစီးဌာနမှ ရွေ့လျားဓာတ်ခွဲခန်းပါ၀င်သည့် ယာဉ်ဖြင့် မန္တလေးမြို့တွင်းရှိ စျေးကြီးများ တွင် မန်းစည်ပင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဓာတုဆိုးဆေးပါအစားအစာနှင့် စားသုံးရန်မသင့်ဟု ယူဆရသည့် စားသောက်ကုန်များကို စစ်ဆေးတွေ့ ရှိပါက နေပြည်တော် FDA သို့ ပို့အပ်စစ်ဆေးပြီး စားသုံးရန် မသင့်အစားအစာများဖြစ်ပါက ကျန်းမာရေး ဦးစီးဌာနက အသိပေး ထုတ်ပြန်ကြေ ညာမည်ဖြစ်သည်။