မူးယစ်ဆေးဝါးရောင်းချသူများပွဲစား ၃ ဦးကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့မှ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဘက်သလင်ကျေးရွာတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖမ်းဆီးမိသည်ဟု သိရသည်။
မူးယစ်ဆေးဝါး ရောင်းချသူများသူ ၃ ဦးနှင့် တန်ဖိုးကျပ် ၁၆ သိန်းခန့်ရှိ စိတ်ကြွဆေးပြားပေါင်း၂၀၀၀ ပြားကို ဖမ်းဆီးမိသည်ဟု ဆိုသည်။
ဖမ်းဆီးခံရသည့် ပွဲစား ၃ ဦးအား အပြစ်ပေးအရေးယူသည့်အပိုင်းနှင့် ပတ်သက်ပြီး အမှတ် (၃) ခရိုင် အုပ်ချုပ်ရေးမှူး ဆရာလော်ရယ်က “ဖမ်းပေးမယ့်လူကသပ်သပ် မူးယစ်ဆေးဝါးအဖွဲ့ပေါ့နော၊ ကျနော်တို့က ပို့ဖို့ဆောင်ဖို့ အစီအစဉ်ယူတယ်။ ဒီအပြစ်ပေးအရေးယူမှုကျတော့ ဗဟိုကော်မတီ ပြီးတော့ KNPP အစိုးရပေါ့နော သူတို့လုပ်ဆောင်မယ်↔ဟုပြောဆိုသွာသည်။
ဖမ်းဆီးရမည့်သူများမှာ ဦးဖိလစ်ပို (၂၇) နှစ်၊ ဒေါ်သင်းရီ (၆၇) နှစ်၊ ဒေါ်မလှ (၃၂) နှစ်အပြင် တရားခံများ၏ ပစ္စည်းများဖြစ်သည့် လက်ကိုင်ဖုန်း နှစ်လုံး၊ ဆိုင်ကယ် သုံးစီးကိုလည်း KNPP ဘက်က သိမ်းဆည်းထားကြောင်း သိရသည်။
မူးယစ်ပွဲစားသုံးဦးတွင် မိုးဗြဲမှ ဒေါ်မလှသည် ဒေါ်သန်းအေးဆိုသူ၏ ခိုင်းစေမှုမှတဆင့် မူးယစ်ဆေးဝါးများကို မိုးဗြဲမှ ဘက်သလင်ကျေးရွာရှိ ဒေါ်သင်းရီနေအိမ်သို့ သယ်ဆောင်လာပေးသူဖြစ်ပြီး ဒေါ်သင်းရီမှာ ၎င်း၏နေအိမ်တွင် မူးယစ်ဆေးဝါး လက်ခံထားရှိကာ ၀ယ်လက်နှင့် ချိတ်ဆက်ပေးသည့် ပွဲစားဖြစ်သည်ဖြစ်သည်ဟု သိရသည်။
ဦးဖိလစ်ပိုမှာ ဝယ်လက်ဦးပိုးရယ်အား ဒေါ်သင်းရီနေအိမ်သို့ လမ်းပြခေါ်ဆောင်လာသည့် ပွဲစားဖြစ်သည်ဟု သိရသည်။
ဦးဖိလစ်ပို က “လက်ခံတဲ့တယောက်နဲ့ ၀ယ်တဲ့တယောက်နဲ့ ကျနော်တို့ အဲ့မျိုး ကျနော်တို့သွားပြပေါ့ ကျနော်တို့ပစ္စည်းတော့ မကိုင်ရဘူးပေါ့↔ဟု ပြောသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ၎င်းတို့ သုံးဦးမှာ ကြားခံပွဲစားမျှသာဖြစ်ပြီး ဆေးပြားရောင်း သူ ဒေါ်သန်းအေးနှင့် ဆေးပြားဝယ်မည့်သူ ဦးပိုးရယ်တို့နှစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်သည်ဟု KNPP ဘက်မှပြောခွင့်ရ ဆရာလော်ရယ်က ပြောသည်။
KNPP မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ သတင်းအတိအကျရရှိသဖြင့် ဘက်သလေကျေးရွာရှိ ဒေါ်သင်းရီ ၏ နေအိမ်ကို ၀င်ရောက်ရှာဖွေရာ ၎င်းစိတ်ကြွဆေးပြားများနှင့် ပွဲစားသုံးဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
KNPP မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ယခုနှစ် ၂၀၁၄ ခုနှစ်အတွင်း ကယားပြည်နယ်တွင် မူးယစ်ဆေးဝါး အမှုပေါင်း ၁၅ မှုခန့် ဖမ်းဆီးထားကြောင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများ၏ တန်ဖိုးကိုမူ အတိအကျမပြောနိုင်သေးဘဲ သိန်းပေါင်းရာချီ ရှိနေသည်ဟု သိရသည်။
ပြည်ထဲရေးဝန်ကြီးဌါန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကယားပြည်နယ် ရဲတပ်ဖွဲ့ ရွှေရတုနှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချူပ်မှ ဦးခင်မောင်ဦးမှ ပြောကြားချက်အရ ၂၀၁၃ ခုနှစ်အတွင်းတွင် စိတ်ကြွဆေးပြားများ ၊ ဘိန်းစိန်း ၊ ဘိန်းမဲ ၊ ဘိန်းညိုခဲများကို စုစုပေါင်း တန်ဖိုးငွေကျပ် ၁၃၆ သိန်းကျော်ဖမ်းဆီးရမိခဲ့ကြောင်း ၂၀၁၄ ခုနှစ်အတွင်းတွင် တန်ဖိုးငွေ စုစုပေါင်း ကျပ်သိန်းပေါင်း ၆၄၆၇ သိန်းဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ကယားပြည်နယ်အတွင်းတွင် မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်ရောင်းချမှု တိုက်ဖျက်ရန် အစိုးရနှင့် KNPP တို့မှ ပူးပေါင်းပြီး အတူတကွတိုက်ဖျက်နိုင်ရန် နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးထားကြသော်လည်း လက်တွေ့တွင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်းသိရသည်။