၁၇ နှစ်မြောက် နစကနေ့ အခမ်းအနား ပြည်သူများထံမှ ငွေကောက်၍ ကျင်းပ ပြုလုပ်

၁၇ နှစ်မြောက် နစကနေ့ အခမ်းအနား ပြည်သူများထံမှ ငွေကောက်၍ ကျင်းပ ပြုလုပ်
မောင်တောမြို့ အခြေစိုက် နယ်စပ်ကွပ်ကဲမူ ဌာနချုပ် (နစက) တပ်ဖွဲ့၏ ၁၇ နှစ်မြောက်နေ့ အခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့က အဆိုပါ တပ်ဖွဲ့၏ ဌာနချုပ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနား ကျင်းပရာတွင် ဒေသခံ စီးပွားရေးသမားများထံမှ ငွေကြေးများကို ကောက်ခံပြီး ကျင်းပ ...

မောင်တောမြို့ အခြေစိုက် နယ်စပ်ကွပ်ကဲမူ ဌာနချုပ် (နစက) တပ်ဖွဲ့၏ ၁၇ နှစ်မြောက်နေ့ အခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့က အဆိုပါ တပ်ဖွဲ့၏ ဌာနချုပ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနား ကျင်းပရာတွင် ဒေသခံ စီးပွားရေးသမားများထံမှ ငွေကြေးများကို ကောက်ခံပြီး ကျင်းပပြုလုပ်ခဲ့သည်ဟု လုပ်ငန်းရှင်တဦးက ယခုကဲ့သို့ ပြောသည်။

“မနေ့က စီးပွားရေး သမားတွေ လုပ်ငန်းရှင်တွေကို နစက ဌာနချုပ်မှာ ပြုလုပ်တဲ့ ညစာစားပွဲကို ဖိတ်ပါတယ်။ ကျွန်တော်ကတော့ နစက ၁၇ နှစ် ပြည့်မြောက် အခမ်းအနားအတွက် ငွေ ၂သိန်း ထည့်ဝင်ခဲ့ပါတယ်။ တခြား စီးပွားရေးသမားတွေလည်း တသိန်း၊ နှစ်သိန်း၊ သုံးသိန်း စသဖြင့် ထည့်ဝင်ခဲ့ကြပါတယ်” ဟု ပြောသည်။

မောင်တော နစက တပ်ဖွဲ့ကို ၁၉၉၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ပြီး ယမန်နေ့က ၁၇ နှစ် ပြည့်မြောက်ခဲ့သည်။

၁၇ နှစ် ပြည့်မြောက်ခဲ့သော အခမ်းအနားကို ယမန်နေ့က နစက ဌာနချုပ်တွင် ကြီးကျယ်ခန်းနားစွာ ကျင်းပခဲ့ပြီး အရာရှိကြီးများ၊ စီးပွားရေး သမားများနှင့် လုပ်ငန်းရှင်များကို ညစာစားပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

မောင်တောမြို့ရှိ နစက တပ်ဖွဲ့မှာ မြန်မာနိုင်ငံတွင် တခုတည်းသော နစက တပ်ဖွဲ့ဖြစ်ပြီး တခြား နယ်စပ် ဒေသများရှိ နစက တပ်ဖွဲ့များကို ဗိုလ်ချုပ်ခင်ညွန့် ဖမ်းဆီးခံရပြီးနောက်ပိုင်း စစ်အစိုးရမှ ဖျက်သိမ်း ပစ်ခဲ့သည်။

လက်ရှိ နစက ဌာနချုပ်မှူးမှာ ကာနယ် အောင်ကြီးဖြစ်ပြီး ယခင် နစကမှ ဖြုတ်ထုတ်ခံရပြီး ထောင် ၆၄ နှစ်ချမှတ်ခံရသူ ဒုဗိုလ်မှူးကြီး အောင်ငွေကဲ့သို့ လာဒ်ပေးလာဒ်ယူမူကို ပြုလုပ်သူတဦးဖြစ်သည်ဟု မောင်တောမြို့ခံတဦးက ပြောသည်။