ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းကျေး ရွာအုပ်စု၊ ရေဖြူ ကန်ကျေး ရွာရှိ ကောင်းသော အင်အားကြယ် သတ္တုသန့် စင်ရေးကုမ္ပဏီ (GPS Joint Venture Co.ltd)အား ကျေးရွာအတွင်းမှ ငါးရက်အတွင်း ဖယ်ရှားသွားရန် ရှမ်းပြည်နယ်၊ သတ္တုတွင်း ဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ညွန်ကြားထားပြီးဖြစ်သည်ဟု ရေဖြူကန်ကျောင်း ဆရာတော် ဦးပံသဝ နှင့် ဘော်ဆိုင်းကျေးရွာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့က မဇ္စျိမကို ပြောသည်။
ကောင်းသော အင်အားကြယ် ကုမ္ပဏီ၏ သတ္တုသန့်စင် စက်ရုံအား ဒီဇင်ဘာ ရရက် နေ့လယ်ပိုင်းတွင် ရေဖြူကန် ကျေးရွာ ဒေသခံ အယောက် ၂၀၀ ကျော်က ဝင်ရောက်ဖြို ဖျက်မှု ဖြစ်စဉ် အပြီး နောက်တစ် နေ့တွင် ပြည်နယ် သတ္တုတွင်း ဝန်ကြီးက ရေဖြူကန် ဘုန်းတော်ကြီးကျောင်း တွင်ဒေသခံများ အားခေါ်ယူတွေ့ ဆုံကာ ကတိပြုပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ရေဖြူကန်ကျောင်းဆရာတော် ဦးပံသဝက မိန့်ကြားသည်။
"ကျေးရွာသားတွေကို အရေး ယူတာတွေ ဖမ်းဆီး တာတွေ မလုပ်ပါဘူး၊ ဒီသတ္တုသန့်စင်ကို အပြီးဖယ် ရှားပေးဖို့ ဝန်ကြီးက ပြောသွားပါတယ်၊ ကုမ္ပဏီ ကလည်း သူတို့ပစ္စည်းတွေ သိမ်းဆည်းနေပါပြီ” ဟု ရေဖြူကန်ကျောင်း ဆရာတော် ဦးပံသဝ က မိန့်ကြားသည်
ကောင်းသော အင်အားကြယ် ကုမ္ပဏီ၏ သတ္တု သန့်စင်စက်ရုံအား ကျေးရွာအတွင်းမှ ဖယ်ရှား ပေးရန် ရေဖြူ ကန်ကျေးရွာသူ/ သားများက လိုလား လျက်ရှိပြီး အုပ်ချုပ်ရေး၊ အာဏာပိုင် များရှေ့တွင် ကုမ္ပဏီဘက်မှ ပြောင်းရွှေ့ဖယ်ရှား ပေးမည် ဟု အကြိမ်ကြိမ် ကတိပြုထား သော်လည်း ပျက်ကွက် နေခြင်းဖြစ်သည် ဟု ရေဖြူကန် ကျေးရွာသူ မခိုင်သွယ်ဦး နှင့် ဒေသ ခံများက ပြောသည်။
ရေဖြူကန်ကျေးရွာအတွင်း ခဲသတ္တု သန့်စင်ရေး လာရောက်လုပ် ကိုင်နေသည့် ကောင်းသော အင်အားကြယ် ကုမ္ပဏီ၏ လုပ်ငန်းခွင် စွန့်ပစ်ပစ္စည်း များကြောင့် ခဲဆိပ်သင့်ခြင်း၊ လေထုညစ်ညမ်းခြင်း၊ ကျေးရွာ သောက်သုံးရေကန်များ ပျက်ဆီးခြင်းနှင့် ကျွဲနွား တိရိစ္ဆာန်များပါ သေကြေပျက်ဆီးမှု ရှိနေသည်ဟုရေဖြူကန်ေ ကျးရွာဒေသခံများ ကဆိုသည်။
ကောင်းသော အင်အားကြယ် ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း သတ္တု တူးဖော်ရေး လုပ်ကိုင်ဆောင် ရွက်နေ ကြသည့် နိုင်ငံခြား ကုမ္ပဏီ များထဲတွင် တတိယ အကြီးဆုံး ကုမ္ပဏီ တစ်ခုဖြစ်သည်။
ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာအုပ်စုတွင်း ခဲသတ္တုတူးဖော်ခြင်း လုပ်ငန်းလုပ်ကိုင်နေသည့် ကုမဏ္ဍီ (၁၆) ခုရှိပြီး Top Ten Star နှင့် GPS Joint Venture Co.ltd တို့သည် ကုမ္ပဏီကြီးများ ဖြစ်သည်ဟု သဘာဝ သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်နိုင်ရေး EITI အဖွဲ့(ရှမ်းပြည်)၏ မှတ်တမ်းများအရ သိရှိရသည်။