ကလေး-ကဘော်ချိုင့်ဝှမ်းနှင့် ချင်းတွင်း မြစ်ဝှမ်းတလျှောက်တွင် တရားမဝင်နေထိုင်ကြသည့် အိန္ဒိယနိုင်ငံ မှ လက်နက်ကိုင် တပ်ဖွဲ့များကို နိုင်ငံတွင်းမှ အပြီးတိုင် ဖယ်ထုတ်ပေးရန် မြန်မာအစိုးရအား ပထမဆုံး အကြိမ် ဆန္ဒပြတောင်းဆိုမှုများကို ဒီဇင်ဘာအတွင်း ပြုလုပ်မည်ဟု အထက်ချင်းတွင်းလူငယ်များ ကွန်ရက်မှ ကိုကျော်သက်ဝင်းက မဇ္ဈိမကို ပြောသည်။
နိုင်ငံသားမဟုတ်သည့် လက်နက်ကိုင်တပ်ဖွဲ့များကြောင့် နယ်စပ်ဒေသမှ နိုင်ငံသားများ လုံခြုံရေး စိုးရိမ်ရ ခြင်း ၊ လက်နက်ကိုင်ဆောင်၍ မကြာခဏ ဗုံးဖောက်ခွဲမှုများ ပြုလုပ်နေခြင်းနှင့် မူးယစ်ဆေးဝါးစိုက်ပျိုး ရောင်းဝယ်ရာတွင် ပါ၀င်ပတ်သက်နေခြင်းများကြောင့် ဆန္ဒပြတောင်းဆိုခြင်းကို အခြား အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ပြုလုပ်ရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ ချင်းအမျိုးသမီးတစ်ဦးကို ကသည်းလက်နက်ကိုင်အဖွဲ့က သတ်ခဲ့ဖူးတယ်။ ဒီလက်နက်ကိုင် အဖွဲ့တွေအပေါ် မြန်မာအစိုးရရဲ့ တရားဥပဒေ စိုးမိုးမှုကမရှိဘူး။ ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ နိုင်ငံတော် သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ကလေးမြို့ကို လာတုန်းကလည်း ကျွန်တော်တို့က ပြောခဲ့ပေ မယ့် ထူးခြားမှုမရှိခဲ့ဘူး”ဟု ကိုကျော်သက်ဝင်းက ပြောသည်။
ဆန္ဒပြပွဲတွင် အဆိုပါ လက်နက်ကိုင်အဖွဲ့များ အထူးသဖြင့် ကသည်းလက်နက်ကိုင်အဖွဲ့က မြန်မာနယ်စပ် နေရာများတွင် နေအိမ် အဆောက် အအုံများ ၀ယ်ယူနေထိုင်နေခြင်း၊ မှတ်ပုံတင်များ လက်ဝယ်ရှိနေခြင်း၊ မြန်မာနိုင်ငံသားမှ သေဆုံးသူအချို့၏ နိုင်ငံသား မှတ်ပုံတင်ကို ကိုင်ထားသည်ကို သိရှိနေရခြင်းနှင့် မှတ်ပုံ တင်များဖြင့် ခရီးသွားလာနေခြင်းတို့ကို မြန်မာအစိုးရကမည်ကဲ့သို့ ကိုင်တွယ်ဆောင် ရွက်နေကြောင်းတို့ကို မေးခွန်းများပြုလုပ်၍ ထုတ်ပြန်သွား မည်ဖြစ်သည်။
အဆိုပါ လက်နက်ကိုင်များသည် ကလေး-ကဘော်ချိုင့်ဝှမ်းဒေသ၊ ချင်းတွင်း မြစ်ဝှမ်းတစ်လျှောက်နှင့် ချင်း ပြည်နယ်နှင့် အိန္ဒိယနယ်စပ်တို့တွင် နေထိုင်ကြပြီး အချင်းချင်းမကြာခဏတိုက်ပွဲများ ဖြစ်ပွားမှုကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ် ရေးဂိတ်များနှင့် နယ်စပ်စျေးဆိုင်များ မကြာခဏ ပိတ်ရလေ့ရှိသကဲ့သို့ ၎င်းတို့ မသင်္ကာသည့် နိုင်ငံသားများကို ရိုက်နှက် စစ်ဆေးခြင်း၊ သတ်ဖြတ်ခြင်းနှင့် ဆက်ကြေး ကောက်ယူ မှုများ ပြုလုပ်လေ့ရှိကြောင်း ချင်းပြည်နယ်၊ မြောက်ပိုင်းနယ်စပ်မြို့များ နှင့် တမူး၊ ကလေးမြို့တို့မှ ဒေသခံ များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများထံက သိရသည်။
ကျီခါးမြို့၊ ခရစ်ယာန်ဘာသာရေး ဆရာများ အသင်းအဖွဲ့မှ သိက္ခာတော်ရ ဆရာတော်ပေါင်လျန်းခုပ်က “နိုဝင်ဘာ တုန်းက အိန္ဒိယစစ်တပ်နဲ့ ကသည်းလက် နက်ကိုင်အဖွဲ့ တိုက်ပွဲဖြစ်တာမှာ ကသည်း အဖွဲ့က စျေးရောင်းတဲ့ ချင်းလူငယ်တစ်ယောက်ကို မသင်္ကာလို့ဆိုပြီး ဖမ်းပြီးရိုက််တာ သေသွားတယ်။ ကသည်းတွေ ကျီခါးမှာပဲ အိမ်ဝယ်ပြီးနေကြတာ ဘယ်သူမှ ဘာမှမပြောရဲဘူး” ဟု ပြောသည်
လက်နက်ကိုင်အဖွဲ့များထဲမှ ကသည်း လက်နက်ကိုင်အဖွဲ့၏ ကသည်းလူမျိုးစုသည် သန်းခေါင်စာရင်းအရ ချင်းမျိုးနွယ်စုဝင် ၅၃ မျိုးထဲတွင်f Metithei (Kathe) အဖြစ် ပါ၀င်နေသည်။ အဆိုပါ ဖြစ်ရပ်များဖြစ်ပြီးနောက် ဖေဖော်ဝါရီ ၁၃ရက်တွင် အထက်ချင်းတွင်း လူငယ်များ ကွန်ရက်က လည်း ကသည်း လက်နက်ကိုင်သောင်းကြမ်းသူ လက်နက်ကိုင်အဖွဲ့များကို ဖယ်ရှင်းပေးရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။