ချင်းအမျိူးသမီးများ စွမ်းရည်မြှင့်သင်တန်း ပို့ချ

ချင်းအမျိူးသမီးများ စွမ်းရည်မြှင့်သင်တန်း ပို့ချ
by -
ခိုနူမ်းထုန်

ချင်းအမျိူးသမီးများ ဘဝတိုးတက်မြှင့်မားစေရေးအတွက် ရည်စူးပြီး ချင်းလူထု ဖွံ့ဖြိုးရေးကွန်ယက်(NCCD)အဖွဲ့၏ ဦးဆောင်မှုဖြင့် ချင်းပြည်နယ်မြောက်ပိုင်း မြို့နယ် သုံး မြို့နယ်တွင် အမျိူးသမီးများ စွမ်းရည် မြှင့်သင်တန်း များ ပြုလုပ် ခဲ့ကြသည်ဟု သိရသည်။

စွမ်းရည်မြှင့်သင်တန်းကို ပြီးခဲ့သည့် နိုင်ဝင်ဘာလ ၂၀ ရက်နေ့မှစတင်ကာ ဒီဇင်ဘာ ၈ ရက်အထိ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန် မြို့နယ်၊ ဖါလ်တလန်ကျေးရွာ၊ ဇိမ်ပီးကျေး ရွာ၊ ဇိမ်သဲကျေးရွာ၊ တွန်းဇံမြို့နယ် တွီးမွေကျေးရွာ နှင့် ထန်တလန်မြို့နယ် တလန်ပီးကျေးရွာ တို့တွင် NCCD က သင်တန်းပို့ချပေးခဲ့ခြင်းဖြစ်သည်။

NCCD-300x168

ယင်းကျေးရွာများတွင် အမျိုးသမီးစွမ်းရည်မြင့်တင်ရေးသင်တန်းများအပြင်၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ် သဘောတရားများ၊  လက်ရှိဖြစ်ပေါ်ပြောင်း လဲနေသော မြန် မာ့နိုင်ငံရေး အခင်းအကျင်းများ ရှင်းလင်းတင်ပြမှု နှင့် လူထုဖွံ့ဖြိုးရေးအတွက် ရည်စူးပြီး ငွေစုငွေချေး စီမံကိန်းများကိုလည်း ချပေးခဲ့ပါသည်ဟု NCCD တာဝန်ခံ ကိုဆိုင်းမွန်ကပြောသည်။

“ဒေသခံအမျိုးသမီးတွေက သင်တန်းအပေါ်အတော်လေးကို စိတ်ဝင်စားမှုရှိကြတယ်၊ သင်တန်းပို့ချသူတွေ အနေနဲ့လည်း အရမ်းကိုကျေနပ် အားရပါတယ်’’ ဟု ကိုဆိုင်းမွန် ကပြောသည်။

NCCD သည် ဝေလံခေါင်ဖျားသော ချင်းပြည်နယ် ကျေးလက်ဒေသမှ ဒေသခံချင်းလူမျိူးများ ဘဝ ဖွံ့ဖြိုးတိုး တက်လာရေး အတွက် ဖွံ့ဖြိုးရေးစီမံကိန်းများ၊ လူထုစွမ်းရည်မြှင့် သင်တန်းများကို အစဉ်တစိုက်လုပ်ဆောင် လာသည့်အဖွဲ့ဖြစ်သည်။

ယခုလက်ရှိတွင်လည်း ချင်းပြည်နယ် နယ်စပ်ကျေးရွာများတွင် ငွေစုငွေချေးစီမံကိန်းများကို အကောင် ထည်ဖော်ဆောင် လျက်ရှိသည်။