၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ်ဖွံ့ဖြိုးရေးအတွက် ကျပ်သန်း ၉၈၇၉.၆၉၁ ဖြင့်ဆောင်ရွက်နေ ဟုဆို

၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ်ဖွံ့ဖြိုးရေးအတွက် ကျပ်သန်း ၉၈၇၉.၆၉၁ ဖြင့်ဆောင်ရွက်နေ ဟုဆို
by -
ကန္တာရဝတီတိုင်းမ်

၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း( ၉၈၇၉.၆၉၁)ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း ပြည်နယ် ကျေး လက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန မှ ဦးစီးမှူး ဦးမျိုးသိန်းက ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

၎င်းဖွံ့ဖြိုးရေးလုပ်ငန်း များမှာ လမ်း၊တံတား၊ ရေပေးရေး၊ မီးလင်းရေး၊ ယင်လုံအိမ်သာနှင့် ကျေးလက်အိမ်ယာ များ တည်ဆောက်ခြင်း စသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်ကြောင်းသိရသည်။

blk-lake-roks

“၂၀၁၄- ၁၅ ဘဏ္ဍရေးနှစ်မှာ ၉၈၇၉ဒသမ ၆၉၁ သန်းနဲ့ဆောင်ရွက်ပါတယ်။ ၁၂ -၁၃ (၂၀၁၂-၁၃) ၊ နဲ့ ၁၃-၁၄ (၂၀၁၃-၁၄) လုပ်ငန်းများအားလုံး ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါတယ်။ ၁၄ - ၁၅ လုပ်ငန်းများကတော့ ၂၅ ရာခိုင်နှုန်း ခန့်ပြီးစီးပြီဖြစ်ပါတယ်။ ” ဟု ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌါန မှ ပြည်နယ်ဦးစီးမှူး ဦးမျိူးသိန်းက ပြောသည်။

လုပ်ငန်းငန်းများဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရ၏ ကြီးကြပ်မှုဖြင့် တင်ဒါ စီစစ်ရွေးချယ်ရေးကော်မတီဖွဲ့ စည်းပြီး အိတ်ဖွင့်တင်ဒါ စနစ် ဖြင့် တင်ဒါ လျောက်ထားသူများကိုရွေးချယ်ခဲ့ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ခုဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၂၁၈.၈) ဖြင့် လမ်း မိုင် (၅၀) ၊ ရေပေးရေး (၃၀) မီးလင်းရေး (၈၄) ယူနစ်အား ဆောင်ရွက်ခဲ့သည်။

၂၀၁၃-၂၀၁၄ခု ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ( ၃၈၄၈.၅၈၆)ဖြင့် ကတ္တရာ၊ ကျောက်ချော၊ မြေသားလမ်းစုစုပေါင်း (၉၇/၆.၅၈၆)မိုင် ၊ ရေပေးရေး (၅၈)ခု ၊ ကျေးလက်အိမ်ယာ (၆၈)လုံး ၊ ကျေးလက်မီးလင်းရေး (၄၄၀)ယူနစ်နှင့် ယင်လုံအိမ်သာ (၂၀၀) ၊ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

“ ဖွံ့ဖြိုးရေးလုပ်ငန်းမှာ ပြည်သူတရပ်လုံး ပါဝင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ပြည်သူ တရပ်လုံးပါဝင်ဖို့ ဆိုတာ သူတို့ရဲ့လိုအပ်ချက်တွေကို ဆောင်ရွက်ပြီးသော လုပ်ငန်းများကို ထိန်သိမ်းဖို့ ပြည်သူတရပ်လုံးပါဝင်မှ ရမာပါ လမ်းလေးဖောက်လိုက်ပြီး အဲဒီလမ်းမာ ဗွက်လေးတခုထနေတယ် သေးသေးလေးဗွက်လေး ကို ရေမြောင်းဖောက်မပေးဘူးဆိုရင် အကြီးကြီး ပြန်ဖြစ်သွားတယ်ပေါ့” ဟု ဦးစီးမှူး ဦးမျိုးသိန်းက ဆက်ပြောသည်။

ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌါနမှ ကျေးလက် ရေပေးရေး၊ မီးလင်းရေး၊ လမ်းတံတား စသည့် ပြည်သူတွေ ရဲ့လိုအပ်ချက်များကို ဆောက်ရွက်ပေးရသည့်အပြင် ဝန်ကြီးများခေါင်းဆောင်သော အဖွဲ့များကွင်းဆင်းချိန်တွင် နယ်မြေခံ ဝန်ကြီးများမှ လိုအပ်ချက်အရ အကြောင်းကြားသည်များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လွတ်တော်တွင် တင်ပြထားသော ပြည်သူများ၏ လိုအပ်ချက်များကိိုလည်း ဘဏ္ဍရေးများတွင် ထည့်သွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most read this week