ချင်းယဉ်ကျေးမှုအဖွဲ ့ အိန္ဒိယနိုင်ငံ Zofest ပွဲတော်သို ့ တက်ရောက်

ချင်းယဉ်ကျေးမှုအဖွဲ ့ အိန္ဒိယနိုင်ငံ Zofest ပွဲတော်သို ့ တက်ရောက်
by -
ခိုနူမ်းထုန်

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ဒေသ အာသံပြည်နယ် Haflong မြို့၌ နိုဝင်ဘာလ ၄ရက်နေ့ စတင်ကျင်းပပြုလုပ်သော Zofest (ဇို (ချင်း) ယဉ်ကျေးမှုပွဲတော်)သို့ ချင်းယဉ်ကျေးမှုအဖွဲ့ Fidi Art & Culture Forum (FACF) လည်း ပါ၀င် တက်ရောက် ကြသည်ဟုသိရ သည်။

မီဇိုရမ်ပြည်နယ်ရှိ မီဇိုးကျောင်းသားများသမဂ္ဂ(MZP) မှ နှစ်စဉ်ကျင်းပလေ့ရှိသော Zofest ပွဲတော်ကို ဒီဇင်ဘာလ ၄ ရက် မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်ကြ မည်ဖြစ် ပြီး အိန္ဒိယ-ဘင်္ဂလားဒေရှ့်-မြန်မာနိုင်ငံတို့မှ ဇို(ချင်း)မျိူးနွယ်စုကိုယ်စားလှယ် အသီးသီး တက်ရောက်ကြသည်။

272531 original 348706

Zofest ပွဲတော်ကို ယခင်က မီဇိုရမ်၊ မဏိပူရ်၊ အာသံ နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများမှ (Zohnahthlak) ဇို(ချင်း)မျိူးနွယ်စု ကိုယ်စားလှယ်များဖြင့် ကျင်းပလေ့ရှိပြီး လမ်းပန်း ဆက်သွယ်ရေးခက်ခဲမှုများကြောင့် ချင်းပြည်နယ်မှ ကိုယ်စားလှယ်များ ဖိတ်ကြားရန် အခက်ကြံုခဲ့ကြရသည်။

သို့သော်လည်း ယခုနှစ်မှစတင်၍ MZP အဖွဲ့မှ ချင်းပြည်နယ် ကိုယ်စားပြုအနေဖြင့် ပါ၀င်တက်ရောက်ရန် တရားဝင်ဖိတ် ကြားလာပြီးနောက် FACF ယဉ်ကျေးမှုအဖွဲ့ သည် Zofest ပွဲတော်သို့ ပထမဆုံးအကြိမ်ပါ၀င်တက် ရောက်ခဲ့ကြခြင်းဖြစ်သည်။

ကိုယ်စားလှယ်(၁၉) ဦးပါ၀င်သော FACF အဖွဲ့သည် Zofest ပွဲတော်သို့ ချင်းလူမျိူးများ၏ ရိုးရာယဉ်ကျေးမှု၊ အဆို၊ အက၊ အတီး စသည်တို့ကို တင်ဆက်ဖျော်ဖြေကြ မည် ဟုသိရသည်။

ယခုနှစ် Zofest ယဉ်ကျေးမှုပွဲတော်၏ ဆောင်ပုဒ်မှာ “ စုစည်းမှု ပြန်လည်တည်ဆောက်ရေး’’ ဖြစ်ပြီး အိန္ဒိယ-ဘင်္ဂလားဒေရှ့်- မြန်မာ စသည့် သုံးနိုင်ငံတွင် သီးခြား အုပ်ချူပ်မှုအောက်သို့ရောက် ရှိနေကြသော ဇို(ချင်း) မျိူးနွယ်စုများ ပြန်လည်စည်းလုံးညီ ညွတ်ရေးအတွက် ဦးတည်ကျင်းပကြခြင်းဖြစ်သည်။

ယင်းပွဲတော်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Moria, Khaileng, Khiang, Bawm ,Pang  မျိုးနွယ်စုများ၊ အိန္ဒိယနိုင်ငံ တြိပူရ ပြည်နယ်မှ Ranglong, Darlong, Halam, Chorai, Molsom, Sakechep ,Kaihpeng၊ အာသံပြည်နယ်မှ Hmar, Biate, Hrangkhawl, Kuki ,Vaiphei မျိူးနွယ်များ၊ မဏိပူရ်ပြည်နယ်မှ  Gangte, Chiru, Komrem, Aimol, Simte, Zou, Kuki, Paite, Hmar ,Maring၊ အရွန်နချယ်ပရာဒစ်ပြည်နယ်မှ Singpho  မျိူးနွယ်စု၊ မီဇီုရမ်ပြည်နယ်မှ Mizo, Paite, Lai, Mara, Páng, Ranglong, Bawm, Hmar မျိုးနွယ်စုများ နှင့် မြန်မာနိုင်ငံ ချင်းပြည်နယ်မှ ချင်းမျိူးနွယ်စုများ အသီးသီးတက်ရောက်ကြသည် ဟုသိရသည်။