၂၀၁၄ခုနှစ် အကျင့်ပျက်ခြစားမှု ညွှန်ကိန်းများကို ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၇၅ နိုင်ငံတွင် အဆင့် ၁၅၆ တွင် ရပ်တည်ပြီး အာဆီယံဒေသတွင်း နိုင်ငံများတွင် အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေသည်။
TI-sယင်းထုတ်ပြန်ချက်ကို Transparency International အဖွဲ့ကြီးက နှစ်စဉ် ထုတ်ပြန်လေ့ရှိပြီး ၂၀၁၄ ခုနှစ်အတွက် ညွှန်းကိန်းကို ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံက အဆင့် ၁၅၆ တွင် ၂၀၁၃-၂၀၁၄ နှစ်နှစ်ဆက်တိုက် ရှိနေခဲ့ခြင်းဖြစ်သည်။
အာဆီယံနိုင်ငံများဖြစ်သည့် စင်ကာပူက အကျင့်ပျက်ခြစားမှု အဆင့် ရ၊ မလေးရှားက ၅၀၊ ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်တို့က ၈၅၊ အင်ဒိုနီးရှားက ၁၀၇၊ ဗီယက်နမ်က ၁၁၉၊ လာအိုက ၁၄၅၊ နှင့်ကမ္ဘောဒီယားက မြန်မာနှင့် အဆင့် ၁၅၆ တွင် ရပ်တည်နေသည်။
အကျင့်ပျက်ခြစားမှု အနည်းဆုံးနိုင်ငံအဖြစ် ဒိန်းမတ်၊ နယူးဇီလန်၊ ဖင်လန်၊ နော်ဝေး၊ ဆွစ်ဇာလန်နှင့် စင်ကာပူတို့က အစဉ်လိုက် ရပ်တည်နေသည်။
Transparency International က နိုင်ငံများ၏ ဘဏ္ဍာရေး ပွင့်လင်းမြင်သာစွာသုံးစွဲမှု၊ သတင်းမီဒီယာပွင့်လင်း မြင်သာမှု၊ တရားဥပဒေ စိုးမိုးမှု၊ ဂတိဂဝတ်နှင့် တာဝန်ယူမှု၊ လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုတို့ဖြင့် အကျင့်ပျက် ခြစားမှုညွှန်းကိန်းကို တိုင်းတာခြင်းဖြစ်သည်။