တရုတ်-မြန်မာ (၁၁) ကြိမ်မြောက် နယ်စပ်ကုန်စည်ပြပွဲ မူဆယ်တွင်လုပ်မည်

တရုတ်-မြန်မာ (၁၁) ကြိမ်မြောက် နယ်စပ်ကုန်စည်ပြပွဲ မူဆယ်တွင်လုပ်မည်
by -
မဇ္စျိမ

 ၂၀၀၁ ခုနှစ်က ရွှေလီ-ကြယ်ဂေါင်တွင် စတင်ခဲ့သည့် တရုတ်-မြန်မာ နယ်စပ်ကုန်စည် (၁၁) ကြိမ်မြောက်ပြပွဲကို ယခုနှစ်၌ မြန်မာနိုင်ငံ မူဆယ်မြို ့ (၁၀၅)မိုင်တွင် ဒီဇင်ဘာလ ၁၁ မှ ၁၃ ရက်အထိ ပြသမည်ဟု ထိုပြပွဲတွင် ပူးပေါင်းပါဝင်သည့် မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးဌေးဦးက မဇ္စျိမကို ပြောသည်။

“ဒီပြပွဲမှာ တရုတ်နိုင်ငံဘက်က ဆိုင်ခန်း ၁၄၀၊ မြန်မာနိုင်ငံဘက်က ၈၄ ခန်း၊ ဆိုင်ခန်းပေါင်း ၂၂၄ ခန်းပြသမှာပါ၊ မြန်မာဘက် က ကျောက်မျက်ရတနာ အချောထည်တွေအပြင် သတ္ထုမိုင်း ကုမ္ပဏီတွေလည်း ပါမှာဆိုတော့ ဒေသထွက် ခနောက်စိမ်းလို ပစ္စည်းတွေပါ ပြသပါမယ်၊ တရုတ်ဘက်ကတော့ ထုံးစံအတိုင်း ဆိုင်ကယ်၊ လယ်ယာသုံးစက်ကိရိယာ၊ လျှပ်စစ်ပစ္စည်းတွေနဲ့ တခြား လူသုံးကုန်စည်တွေ ပါပါမယ်” ဟု သူက ပြောသည်။

တရုတ်နှင့်မြန်မာတို ့နှစ်စဉ် တစ်လှည့်စီ ကျင်းပခဲ့သည့် နယ်စပ်ကုန်စည်ပြပွဲများကို မြန်မာဘက် အလှည့်ကျသည့်အခါ  မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကုန်သွယ်ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန (ယခင်က

ကုန်သွယ်လယ်ယာ)က ၂၀၀၁ မှစ၍ ယမန်နှစ် တရုတ်နိုင်ငံ မန်စီမြို့တွင် ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက်ပွဲ အထိ ဦးစီးဆောင်ရွက်ခဲ့ပြီး ယခုနှစ်

(၁၃) ကြိမ်မြောက်ပွဲကိုမူ ထိုဝန်ကြီးဌာနအောက်ရှိ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနက ဦးစီးဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ၎င်းဌာန သည် နောင်ကျင်းပမည့် နိုင်ငံတကာ ကုန်စည်ပြပွဲများကိုပါ ဦးစီးဆောင်ရွက်သွားမည်ဟုလည်း ဦးဌေးဦးက ပြောသည်။

“ကုန်စည်ပြပွဲတိုင်းက နှစ်နိုင်ငံ ကုန်သွယ်မှုကို အထောက်အကူပြုပါတယ်၊ ကူမင်း-နန်နင်း ကုန်စည်ပြပွဲလိုမျိုး ကတော့ နယ်စပ်ကုန်သွယ်မှုကို တိုက်ရိုက်အကျိုးပြုစေပါတယ်၊ နှစ်နိုင်ငံ ကုန်သည်တွေအတွက် စျေးကွက်တွေ ပိုကျယ်ပြန့်လာပြီး ကုန်သွယ်မှု ပမာဏတွေ လည်း မြင့်တက်လာမှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုသည် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံရှခဲ့ရာမှ ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် နှစ်ကုန်ဖို ့ လေးလအလိုမှာပင် ဒေါ်လာ ၄ဘီလီယံရှိသည်အထိ တိုးတက်လာခဲ့သည်။

Most read this week