အစိုးရက ဖက်ဒရယ် ပြည်ထောင်စုကို ပေးထားပြီးဖြစ် သည်ဟုဆိုကာ တိုင်းရင်း သားအများစု တောင်းဆိုနေ သည့် ဖက်ဒရယ် တပ်မတော် တည်ထောင်ရေး ကိစ္စမှာ မဖြစ်နိုင်ဟု ပြည်ထောင်စ ုဝန်ကြီး ဦးအောင်မင်းက ပြောဆို လိုက်ပြီး ကေအန်ယူ ကလည်း ဖက်ဒရယ် တပ်မတော် တည်ထောင်ရေး ကိစ္စသည် အချိန် ယူရန် လိုအပ် သည်ဟု ပြောကြား လိုက်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းက ပဲခူးမြို့၊ ရန်ကုန်-ပဲခူးလမ်းပေါ်ရှိ ဟံသာ ဥယျာဉ် ဟိုတယ်တွင်ပြု လုပ်သည့် နော်ဝေနိုင်ငံ ခြားရေး ဝန်ကြီးနှင့် ပူးတွဲ သတင်း စာရှင်းလင်း ပွဲ၌ ပြောခြင်း ဖြစ်သည်။
ဖက်ဒရယ်တပ်မတော်မဖြစ်နိုင်သေး
"ကျွန်တော်တို့ ဘက်ကလည်း ပြန်ကြည့်ရင် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို ပေးထားပြီး ထားဗျ။ ဒါက သဘောလေးနဲ့ စဉ်းစား လိုက်ရင် အဲဒီ့ ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင် စုကြီးကို ဆွေးနွေးရ မယ့်အစား အဲဒါကို အရင်ဆွေး နွေးဖို့ လိုပါတယ်။
အဲဒါကို ဆွေးနွေး လိုက်ရင် ဖက်ဒရယ် ရဲတပ်ဖွဲ့၊ ဖက်ဒရယ် တပ်မတော် တို့ဆိုတာ Automactically ပါသွား မှာဖြစ်တယ်။ သူတို့က စိုးရိမ်စိတ် ကြီးစွာနဲ့ ဖက်ဒ ရယ် Army ကို ဆွေးနွေးမယ် ဆိုရင်တော့ မဖြစ်နိုင်ပါဘူး"ဟုဝန်ကြီး ဦးအောင်မင်း ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU)ကဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဖဒိုမန်းငြိမ်း မောင်ကလည်း ဖက်ဒရယ် တပ်မတော်သည် လက်ရှိတပ်မတော်နှင့် ပူးပေါင်း ညှိနှိုင်း ထူထောင်မှသာ သင့်တော်မည်ဖြစ်ပြီး တိုင်းရင်း သားများက ဖက်ဒရယ်တပ် မတော်တစ်ခု သီးသန့်တောင်းဆို မှုသည် သဘာဝ မကျဟုဆိုပြီး ဖက်ဒရယ် တပ်မတော် ထူထောင်ရန် မှာလည်း အချိန် ယူရန် လိုအပ် သေးသည်ဟု ဆိုသည်။
"ဒီနေ့ တိုင်းပြည်မှာ ဖက်ဒရယ် တပ်မတော်ကို ကျွန်တော် အနေနဲ့ ပြောရ ရင်တော့ ကျွန်တော်က မငြင်း ပယ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ တိုင်းပြည်မှာ ပဋိ ပက္ခ နှစ်ပေါင်း ၆၀ကျော် ဖြစ်ခဲ့တဲ့တိုင်းပြည်။ ဒီတိုင်းပြည်မှာ ဖက်ဒရယ် တပ်မတော် တည်ထောင် ဖို့ဆိုတာ အချိန် ယူရမှာ ဖြစ်ပါတယ်"ဟု နိုဝင်ဘာ ၃၀ ရက် က သတင်းထောက် များကို ပြောသည်။
တိုင်းရင်းသား များဘက်ကမူ ဝန်ကြီး ဦးအောင်မင်းပြော သည့်ဖက်ဒရယ် ပြည်ထောင်စု ပေးထားပြီးဖြစ် သည်ဆိုသော အချက်ကို လက်မခံနိုင် ဟုဆိုသည်။
"ဖက်ဒရယ်က ဘယ်မှာပေး ထားလို့လဲ။ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို အကောင်အ ထည်ဖော်ရင် ပြဿနာ ဖြရှင်းဖို့က လွယ်လွယ် လေးပဲ။အခုဖြစ် ရှိနေတဲ့ တိုင်းရင်းသား တွေနဲ့ မကျေလည် တဲ့ကိစ္စ ကတော့ လွယ်လွယ်လေး ပြေလည် သွားမယ်လို့ ပြောသလိုပဲ ဖြစ်ပါ စေတော့။ ဒါပမေဲ့ ဖက်ဒရယ် ဆိုပြီး နာမည် ခံပြီးတော့ အတုအယောင် ပုံစံမျိုးနဲ့ လက်တွေ့မှာ တမျိုး၊ အပြောက တမျိုးမ ဖြစ်သင့်ဘူး"ဟု တစ်နိုင်ငံလုံး အပစ်ရပ်ရေး ညှိနှိုင်း ရေးအဖွဲ့ (NCCT) အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက မဇ္စျိမကို ပြောသည်။
အစိုးရနဲ့တပ် အတူတူသာ
ဖက်ဒရယ် တပ်မတော် ထူထောင်မှုကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ သဘောတူ လက်ခံခြင်း မရှိပေ။
ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ကလည်း တပ်နှင့် အစိုးရသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တစ်ဖွဲ့ တည်းသာ ဖြစ်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွက် UPWC နှင့် တပ်မတော်တို့ တစ်လတစ်ကြိမ် အစည်းအဝေး လုပ်လေ့ရှိပြီး တပ်နဲ့ အစိုးရသည် သဘော ထားတစ်ခု တည်းဖြစ် သည်ဟု မဇ္စျိမကို ပြောသည်။
"အခုတပ်ပိုင်း ဆိုင်ရာတွေ ခက်ခဲနေတယ် ဆိုတာ ကလည်း တပ်ကတော့ ကြည့်တဲ့ အခါမှာ Security Point of View (လုံခြံုရေး ရှုထောင့်)ကပဲသူကြည့်မှာဖြစ် ပါတယ်။ ကျွန်တော်တို့ အစိုးရ ကတော့ နိုင်ငံရေးကို ဦးစားပေး ပါတယ်။ ဒီနှစ်ခုကို ပေါင်းစပ်ပြီး တော့လည်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ ဒါတွေက အခက်အခဲမ ရှိနိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။"ဟု ဝန်ကြီး ဦးအောင်မင်းက မဇ္စျိမကို ပြောသည်။
တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဘာကြောင့် ကြန့်ကြာနေ
လက်ရှိတွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက် ကိုင်များနှင့် ဖွဲ့ထားသည့် တစ်နိုင်ငံ လုံးအပစ် အခတ်ရပ်စဲရေး ညှိနှိုင်းရေး ကော်မတီ (NCCT) တို့ တစ်နိုင်ငံ လုံးအပစ်ရပ် စာချုပ် ဆွေးနွေး မှုတွင် ဖက်ဒရယ် တပ်မတော်ကိစ္စ၊ တပ်နေ ရာချထားရေး၊ နိုင်ငံရေး ဆွေးနွေး ပွဲတွင် ပါဝင်ရမည့် အချက်များ အပါအဝင် အချက် ၈ချက် ကျန်ရှိနေ သေးသည်။
"အဲဒါတွေကြောင့် တွေ့ဆုံ ဆွေးနွေး ပွဲမှာ တစ်ဆို့ သွားတဲ့ အခြေအ နေတွေပေါ့"ဟုလည်း ဖဒိုမန်းငြိမ်းမောင်က ဖက်ဒရယ် တပ်မတော် ကိစ္စကို ရည်ရွယ် ၍ပြောသည်။
ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ကမူ "Ceasefire လုပ်တဲ့အခါ Comprehensive Ceasefire ကို မရောက်သေး တဲ့အတွက် ကျွန်တော် တို့က တပ်နေရာ ချထား ရေးတွေ မလုပ်နိုင် သေးပါဘူး။ Code of Conduct တွေလည်း မဆွဲရ သေးပါဘူး။ Joint Monitoriting Team တွေလည်း မဖွဲ့ရ သေးပါဘူး။ အဲဒီ့အ တွက်ယုံကြည် မှုတွေ ပြန်လျော့ သွားတာမျိုး ရှိတတ် ပါတယ်။ အဲဒီ့ ယုံကြည်မှု တွေကြောင့် ကျွန်တော်တို့က NCCT နဲ့ ဆွေးနွေး တဲ့အခါမှာ ကြန့်ကြာ နေတာ ဖြစ်ပါတယ်"ဟု ဆိုသည်။
လက်ရှိ တွင်လည်း ကချင်ပြည်နယ်အတွင်း အစိုးရနှင့် ကေအိုင်အေတို့ နိုဝင်ဘာလ အတွင်း တိုက်ပွဲငယ် များရှိခဲ့ သလို နိုဝင်ဘာ ၁၉ရက်က ကေအိုင်အေ ဗိုလ်လောင်းသင်တန်းကျောင်းပေါ် လက်နက်ကြီးကျ၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့သုံးဖွဲ့မှ ဗိုလ်လောင်း ၂၃ဦး ကျဆုံးခဲ့ရပြီး စစ်ရေးတင်းမာမှု များ ဖြစ် ပွားခဲ့သေးသည်။
ယင်းကဲ့သို့ တိုက်ပွဲများကြောင့်တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုရေး လုပ်ငန်းစဉ်ကိုမူ သက်ရောက်မှု ကြီးမားစွာ ရှိမည် မဟုတ်ဟုနှစ်ဖက်လုံး က ဆိုသော်လည်း ရကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် ညှိနှိုင်းဆွေးနွေးမှုကိုမူ NCCT ဘက်က ရွှေ့ဆိုင်းထားပြီး ခရစ္စမတ်မတိုင်မီ တွေ့ ဆုံနိုင် ရန် အစိုးရက ပြန်လည် အဆိုပြုထားသည်။
အစိုးရ၏ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) ကိုယ်စားလှယ်များကမူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ တိုင်းရင်းသား အဖွဲ့ များထံ သွားရောက်ကာ အပစ်ရပ်စာချုပ်ဆွေးနွေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
လက်ရှိ မြန်မာ နိုင်ငံ၏ ငြိမ်းချမ်း ရေးဖြစ်စဉ်မှာ တိုးတက်မှုများ ရှိသော်လည်း အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ များစွာ အောင်မြင်မှု မရှိသေးဟု ငြိမ်း ချမ်းရေးဖြစ်စဉ်တွင် အဓိက ပံ့ပိုးပေးနေသည့် နိုင်ငံတစ်ခုဖြစ်သည့် နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Børge Brendeက မှတ်ချက်ပြုသည်။
"ကချင်ပြည်နယ်မှာဆိုရင် ပစ်ခတ်မှုကို ရပ်ဆိုင်းအောင် ပြုလုပ်ဖို့ လိုနေပါသေးတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ကရင်ပြည်နယ်က မတည်ငြိမ်မှုတွေဟာလည်း အရပ်သားတွေအတွက် ကြီးမားတဲ့ အခက်အခဲပြဿနာဖြစ် နေပါတယ်။ အပစ်အခတ်ရပ်စဲရေးကို ထိထိရောက် ရောက် အောင်မြင်အောင် လုပ်ဖို့ လိုနေပါတယ်"ဟု Brendeက ပြောသည်။
လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ဖြစ်သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်စဉ်များကို လက်ရှိအစိုးရ အနေဖြင့် ကျန်ရှိနေသည့် အစိုး ရသက်တမ်း တစ်နှစ်တာအတွင်း အပြီးဆောင်ရွက်သွားမည် ဟုလည်း ဝန်ကြီးဦးအောင်မင်းက ဆိုသည်။ ယင်းအပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အ ခတ်ရပ်စဲရေး စာချုပ်တွင် အချက် ၁၀၃ချက် ပါရှိပြီး ၉၀ရာခိုင်နှုန်း အောင်မြင်စွာ ဆွေးနွေးပြီးဖြစ်၍ Nation Wide Ceasefire (တစ်နိုင်ငံလုံးအပစ် ရပ်ရေး) ကို မကြာမီ လုပ်ဆောင်နိုင်တော့မည်ဟု ခန့်မှန်းပြောဆိုသည်။