MPC နှင့် NCCT တို့ ထိုင်းနိုင်ငံတွင် တွေ့ဆုံး ဆွေးနွေး

MPC နှင့် NCCT တို့ ထိုင်းနိုင်ငံတွင် တွေ့ဆုံး ဆွေးနွေး
by -
ရွှေဟင်္သာ

အပစ်အခတ် ရပ်စဲရေး မူကြမ်း ရေးဆွဲ နိုင်ရေးနှင့် ပက်သက်၍ မြန်မာနိုင်ငံ ငြိမ်းးချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC)မှ တာဝန် ရှိသူ ပုဂ္ဂိုလ်များနှင့် (NCCT) ခေါ် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ တို့အကြား ဆွေးနွေး ညှိနှိုင်းမှုမှာ တိကျ ရေရာသည့် အဖြေ မရရှိ ခဲ့ဟု (UNFC) ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ် ကောင်စီ၏ တွဲဖက် အတွင်း ရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ရွှေဟင်္သာ သတင်း ဌာနသို့ နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ပြောကြား ခဲ့သည်။

“နှစ်ဖက် အကြား ဆက်လက် ဆွေးနွေး သွားဖို့ အစီအစဉ် လုပ်ဖို့ ကိစ္စကို ဆွေးနွေး ခဲ့တာ ပါဘဲ။ တိတိ ကျကျ သဘော တူညီမှု ရတဲ့ အချက် ရယ်လို့တော့ မရှိပါဘူး။ ဆက်လက် ဆွေးနွေးဖို့လမ်းစ ရှာဖွေ ဖို့ပဲ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

MPC and NCCT

နိုဝင်ဘာလ (၂၇) ရက်နေ့တွင် NCCT နှင့် MPC မှ တာဝန်ရှိသူများ ထိုင်းနိုင်ငံ၌ ပြုလုပ် ခဲ့သည့် အလွတ် သဘော တွေ့ဆုံပွဲ အပြီးတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ထုတ်ဖော် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲ မတိုင်ခင် နိုဝင်ဘာ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့ များကလည်း MPCမှ တာဝန် ရှိသူ နှစ်ဦး ဖြစ်သည့် ဒေါက်တာ မင်းဇော်ဦးနှင့် ဦးညိုအုန်းမြင့်တို့ ထိုင်းနိုင်ငံသို့ လာရောက် တွေ့ဆုံ ညှိနှိုင်း ထားခဲ့သည်။

ဤတွေ့ဆုံ မှုသည် နှစ်ဖက် အကြား တစ်ဆို့ နေသည့် အချက်အလက် များအား ဆက်လက် ဆွေးနွေး နိုင်ရေး အတွက် လမ်းစ ရှာသည့် ဆွေးနွေး မှုသာ ဖြစ်ကြောင်း ဆွေးနွေး ပွဲ၌ ပါဝင် ခဲ့သည့် ဦးညိုအုန်းမြင့် က ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ဆက်လက် ပြောကြား ခဲ့သည်။

“ကျွန်တော်တို့ ဒီမူကြမ်းကို ရှေ့ဆက် ဘယ်လို ဆောင်ရွက် ရမယ်။ အစိုးရ ဘက်က ပေးထားတဲ့ သဘောထား။ တွေကို သူတို့ဆီ အချက် အလက်တွေ ပေးထားတယ်၊ လိတ်ခဲ တင်းတင်း ဖြစ်နေတဲ့ အချက်တွေ အပေါ် အခြေခံပြီး ဆွေးနွေး ပါတယ်။ ဒီအစည်း အဝေး ပြီးရင် NCCT က ခေါင်းဆောင်တွေ ပြန်တွေ့ဆုံ ကြမှာ ဖြစ်ပါတယ်။ သူတို့ အချင်းချင်း မတွေ့ဆုံ ခင်မှာ ကျွန်တော်တို့ ဘက်က တင်ပြ တာတွေ သူတို့က နားထောင်တယ်။ ကျန်တဲ့ ဟာတွေ အပြန်အလှန် ဆွေးနွေး ကြတယ်” ဟု ဦးညိုအုန်းမြင့် က ရွှေဟင်္သာ သတင်း ဌာနအား ပြောကြား ခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညှိနှိုင်း ဆွေးနွေး၍ အကောင်အထည် ဖော်ရန် ကြိုးပမ်း နေသည့် တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲ နိုင်ရေး အတွက် တွေ့ဆုံ ဆွေးနွေး နေမှု များသည် ပြေလည်သည့် အဆင့်အထိ မရောက် သေးဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ် ပြောကြားသည်။

“အခြေအနေတော့ ကောင်းသင့် သလောက်တော့ ကောင်းပေမဲ့ နိဂုံးချုပ်တော့ နောက်ကြောင်းပြန် တာလေးတွေ ရှိနေတော့ လမ်းပေါ် ပြန်ရောက်အောင် ပြန်ပြီးတော့ တည့်မတ် နေရတယ်။ အခြေ အနေက ခန့်မှန်းလို့ မရဘူး။ ပြည်ထောင်စု အစိုးရတို့ တပ်မတော်တို့ သဘောထား ကြီးရင် ပြေပြေ လည်လည် ပြောနိုင် ကြရင် ပြေလည်မယ်။ ဒီလိုဘဲ ဆက်လက် တိုက်ခိုက် နေမယ် ဆိုရင် မပြေ လည်ဘူး ဖြစ်သွား မှာပေါ့။ အခုက ချိန်ခွင်လျှာ ညှိနေတဲ့ သဘောမျိုး ဖြစ်နေတယ်” ဟု  ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၇) ရက်နေ့တွင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ၌ နှစ်ဖက် အကြား တွေ့ဆုံ ခဲ့ကြ အပြီး တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ် များ၌ ဆက်လက် ဆွေးနွေးရန် သဘောတူမှု မရခဲ့ကြ ပြီး၌ နှစ်ဖက် ဆွေးနွေးပွဲ များအကြား မကျေလည် မှုများ ဖြစ်ပေါ် လာခဲ့သည်။

ထိုသို့ တစ်ဆို့မှု ဖြစ်လာသည့် နှစ်ဖက် တွေ့ဆုံ မှုအား ပြန်လည် စတင် နိုင်ရေး အတွက် ပြီးခဲ့သည့် နိုဝင်ဘာလ (၉) ရက်နေ့၌ နိုင်ဟံသာ ဦးဆောင်သည့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်ရေး အဖွဲ့မှ ကိုယ်စားလှယ်များ နေပြည်တော်တို့ သွားရောက်၌ တစ်ကြိမ် ညှိနှိုင်း ဆွေးနွေး ခဲ့ကြပြီး ဖြစ်သည်။