ကယားတွင် စိုက်ပျိုးရေးသိပ္ပံကျောင်း စတင်ဖွင့်လှစ်

ကယားတွင် စိုက်ပျိုးရေးသိပ္ပံကျောင်း စတင်ဖွင့်လှစ်
by -
ကန္တာရဝတီတိုင်းမ်

ကယား(ကရင်နီ)ပြည်နယ်တွင်း စိုက်ပျိုးရေးသိပ္ပံကျောင်းကို ဒီးမော့ဆိုမြို့ ငွေတောင်ကျေးရွာတွင် နိုဝင်ဘာလ ၂၁ ရက်နေ့က ကျောင်းသားဦးရေ ၆၆ ဦးဖြင့် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရှင်များမွေးထုတ်ပေးရန်၊ တောင်သူလယ်သမားများ နည်းပညာ အသုံးပြုနိုင်ရန်၊ မျိုးကောင်းမျိုးသန့် များထုတ်ပေးနိုင်ရန်၊ ရေမြေဒေသနှင့်ကိုက်ညီသည့် သုတေသနပြုလုပ်နိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချူပ် ဦးခင်မောင်ဦးက ကျောင်းဖွင့်ပွဲ အခန်းအနားတွင် ပြောဆိုသွားသည်။

plant-school--roks

̏ကျနော်တို့နိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် နိုင်ငံအတွင်း စိုက်ပျိုးရေးဖွံံ ့ဖြိုးမှ နိုင်ငံတော်တိုးတက် မှာဖြစ်တယ်˝ ဟု ပြောသည်။

ဘာသာရပ် ၁၂ ဘာသာရှိမှာဖြစ်ပြီး နည်းပညာ၊ စာတွေ့ နှင့်လက်တွေ့ဖြင့် စနစ်တကျ သင်ကြားသွားမည်ဟု တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေးက ကျောင်းဖွင့်ပွဲ အခန်းအနားတွင် ပြောဆိုသွားသည်။

ကျောင်း ၃ နှစ်တက်ရမှာဖြစ်ပြီး ကျောင်းအပြီးတွင် စိုက်ပျိုးရေး Diploma အောင်လက်မှတ် ရမည်ဖြစ်ကြောင်း လုပ်ငန်းများအနေဖြင့် ကုမ္မဏီများ၊ ဌာနဆိုင်ရာများတွင် ဝင်ရောက် လျှောက်ထားလုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများရှိမည်ဖြစ်ကြောင်းသိရသည်။

စိုက်ပျိုးရေး သိပ္ပံကျောင်းစဖွင့်မည့်နှစ်တွင် ကျောင်းသား ၄၀ဦး နှင့် ကျောင်းသူ ၂၆ ဦး စုစုပေါင်း ၆၆ ဦးဖြစ်သည်ဟု သိရသည်။

ယခု ဖွင့်လှစ်လိုက်သည့် စိုက်ပျိုးရေးသိပ္ပံကျောင်းသည် ယခင်က စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းကို ၁၉၇၂ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ဖွင့်လှစ်ခဲ့ပြီးနောက် တက်ရောက်သင်ယူသူ ကျောင်းသူကျောင်းသားများ ဦးရေ နည်းပါးလာသည့် အတွက်ကြောင့် ၁၉၉၈ ခုနှစ်မှ အထက်တန်းကျောင်း ပိတ်ပင်ခဲ့ရာမှ ယခုအခါ သိပ္ပံကျောင်းအဖြစ်ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။