ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် အကျဉ်းသားများ မဲပေးခွင့်အဆို ဒေါ်စုထောက်ခံသော်လည်း ရှုံးနိမ့်

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် အကျဉ်းသားများ မဲပေးခွင့်အဆို ဒေါ်စုထောက်ခံသော်လည်း ရှုံးနိမ့်
by -
မဇ္စျိမ

ပြည်သူ့လွှတ်တော်က နိုဝင်ဘာ ၂၄ ရက်တွင် အတည်ပြုခဲ့သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်း၌ အကျဉ်းသားများ ဆန္ဒမဲပေးခွင့် ရရေးအတွက် ပုလဲမြို့နယ် အမတ် ဒေါ်ခင်စန်းလှိုင်က ပြင်ဆင်ချက်အဆို တင်သွင်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမတ်အချို ့က ထောက်ခံခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီဝင် အမတ်များ၊ တပ်မတော်သား အမတ်များက ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက် အဆိုဘက်မှ ရပ်တည်ခဲ့ကြသဖြင့် အကျဉ်းသားများ မဲပေးခွင့် ပြင်ဆင်ချက် ရှုံးနိမ့်ခဲ့သည်။

ဒေါ်ခင်စန်းလှိုင်က “မဲစာရင်းမှာ ထည့်သွင်းခွင့်ရှိသော ပုဂ္ဂိုလ်များထဲမှာ ရဲစခန်းများနှင့် အကျဉ်းထောင်များရှိ အချုပ်သားများနှင့် ထောင်ကျသူ များကို ထပ်မံ ဖြည့်စွက်လိုပါတယ်၊ ၁၉၇၃ ခုနှစ် ဖွဲ ့စည်းပုံအခြေခံ ဥပဒေ အတည်ပြုရန် ဆန္ဒခံယူပွဲကျင်းပစဉ်တုန်းက မဲစာရင်းများပြုစုရာမှာ ထောင်ကျများကိုပါ ထည့်ပြီးပြုစုခဲ့ တာ တွေ့ရပါတယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုဖို ့ ဆန္ဒခံယူပွဲ ပြုလုပ်တဲ့ အချိန်မှာတော့ ထည့်သွင်းခဲ့တာမတွေ ့ရပါဘူး၊ ဒါ့ကြောင့်မို ့ ဒီ ၂၀၀၈ ဖွဲ ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာမှာ ထည့်သွင်းလိုခြင်းဖြစ်ပါတယ်” ဟု လွှတ်တော်သို့ ပြောသည်။

အခြေခံဥပဒေ ပုဒ်မ ၃၄၇ အရ နိုင်ငံသားတိုင်းသည် တန်းတူညီမျှသော အခွင့်အရေးနဲ ့ အကာအကွယ်ကို ရနိုင်သည်ဟူသော ပြဌာန်း ချက်အရ ထောင်ကျသည်နှင့် လူ့အခွင့်အရေး ဆုံးရှုံးမှု မဖြစ်စေရန် ထောင်ကျများ ကိုပါ မဲစာရင်း၌ ထည့်သွင်းရခြင်းဖြစ်သည်ဟုလည်း သူမက ရှင်းပြသည်။

သို့ရာတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန ္ဒခံယူပွဲ ကျင်းပတဲ့အခါမှာလည်း မူလကရှိခဲ့တဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေဟာ ရှေ့နောက် ညီညွတ်ရပါမယ်၊ ဒါကြောင့် မူလအတိုင်း အချုပ်သားများကိုသာ စာရင်းသွင်းသင့်ပါတယ်” ဟု သဘောကွဲလွဲကြပြီး လွှတ်တော်၌ မဲခွဲကြရာ ထောင်ကျများ မဲပေးပိုင်ခွင့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမတ်အချို့က ထောက်ခံ ခဲ့ကြသော်လည်း ဒီမိုကရေစီ သဘောအရ မဲများရာ အနိုင်ဖြစ်၍ ရှုံးနိမ့်ခဲ့ကြခြင်း ဖြစ်သည်။