ဗိုလ်လောင်း သင်တန်းကျောင်း တိုက်ခိုက်မှုအပေါ် CNF ရှုတ်ချကြောင်း သဘော ထား ထုတ်ပြန်

ဗိုလ်လောင်း သင်တန်းကျောင်း တိုက်ခိုက်မှုအပေါ် CNF ရှုတ်ချကြောင်း သဘော ထား ထုတ်ပြန်
by -
ခိုနူမ်းထုန်

ဗိုလ်လောင်း သင်တန်းကျောင်းရှိ သင်တန်းသား (၂၃) ဦးကျဆုံးပြီး (၂၀) ဦး ထိခိုက်ဒဏ်ရာရ စေသည့် လုပ်ရပ် အပေါ် အပြင်းထန်ဆုံး ရှုတ်ချ ကန် ့ကွတ်ကြောင်း ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၂၁) ရက်စွဲဖြင့် သဘောထား ထုတ်ပြန် လိုက်သည်။

KIO နှင့် UPWC ခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံ ပြည်တွင်းစစ် အရှိန်လျော့ကျရန်နှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန် နှစ်ဦးနှစ်ဘက် သဘောတူညီချက် ရရှိနေကြကြောင်း၊ သို ့သော် လက်ရှိ တနိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေး တွေ ့ ဆုံဆွေးနွေးပွဲသည် ယုံကြည်နိုင်လောက်သည့် တွေ ့ဆုံဆွေးနွေးပွဲများ ဟုတ် မဟုတ် အလေးအနက် ပြန်လည်စဉ်းစား သုံးသပ်ရန် လိုကြောင်း၊ သက်ဆိုင်ရာ ကိုယ်စားလှယ် များ တွေ ့ ဆုံ ဆွေးနွေးပွဲများ ပြုလုပ်နေချိန်တွင် အစိုးရ၏ ယင်းကဲ့သို ့ လုပ်ရပ်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆန် ့ကျင် ကြောင်း ပြောင်ပြောင် တင်းတင်း ပြသလိုက်ခြင်း ပင်ဖြစ်ကြောင်း CNF ၏  ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

CNF-FLAG

ကျဆုံးခဲ့သော မဟာမိတ် မျိုးချစ်ရဲဘော်များ၊ ချင်းအမျိုးသားတပ်မတော်မှ ဗိုလ်လောင်း John Biak Tin Lian နှင့် ဗိုလ်လောင်း Bawi Ram Hngak တို ့၏ မိသားစု များ၊ ထိခိုက်ဒဏ်ရာရကြသော မျိုးချစ်ရဲဘော်များ၏ ဆွေမျိုး အပေါင်းအသင်းများအားလုံးနှင့် ချင်းအမျိုးသားတပ်ဦးမှ ထပ်တူထပ်မျှ ၀မ်းနည်းကြေ ကွဲရပါ ကြောင်း ဖော်ပြထားသည်။

UNFC မှလည်း အစိုးရက ဗိုလ်လောင်းသင်တန်းကျောင်း တိုက်ခိုက်မှုနှင့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၏ ၂၀၀၈ ဖွဲ ့စည်းပုံအား လာမည့် ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းမှသာ အပြီး သတ်ပြင်ဆင် မည်ဖြစ်ကြောင်း ပြောဆိုမှုသည် တိုက်ဆိုင်နေသောကြောင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်း ကြံစည်မှုဟု ယူဆကြောင်း နိုင်ဝင်ဘာလ (၂၀) ရက်စွဲဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ချင်းအမျိုးသားတပ်မတော်မှ ရဲဘော် John Biak Tin Lian နှင့် Bawi Ram Hngak တို ့ကျဆုံးခဲ့သည့် အောက်မေ့ ဖွယ် ဆုတောင်းပွဲအခန်းအနားကို မလေးရှားနိုင်ငံ တွင် ရောက် ရှိနေကြသော ချင်းအမျိုးသားများက ချင်းအမျိုးသားတပ်ဦး (CNF) မလေးရှား ဌာနရုံးခန်းတွင် နိုဝင်ဘာလ ၂၀ရက်နေ့ ့က ကျင်းပပြုလုပ်ခဲ့ကြသည်။

ချင်းအမျိုးသားတပ်ဦးသည် ၁၉၈၈ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးအခင်းနောက်ပိုင်း ချင်းအမျိုးသား အခြေခံ ရပိုင်ခွင့်များ ပြန်လည်ရရှိရေး၊ ဒီမိုကရေစီ ထွန်း ကားရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးတို ့အတွက် ဖွဲ ့စည်းထူထောင်သည့် လက်နက်ကိုင် အဖွဲ ့အစည်းဖြစ်သည်။