နတ်မတောင်အမျိုးသားဥယျာဉ်တွင် နိုင်ငံတကာ အဆင့်မီ ဟိုတယ်သစ်ဖွင့်မည်

နတ်မတောင်အမျိုးသားဥယျာဉ်တွင် နိုင်ငံတကာ အဆင့်မီ ဟိုတယ်သစ်ဖွင့်မည်
by -
ခိုနူမ်းထုန်

ချင်းပြည်နယ် ကန်ပက်လက်မြို့အနီး နတ်မတောင်အမျိုးသားဥယာဉ်တွင် နိုင်ငံ တကာ အဆင့်မှီ ဟိုတယ်ကြီးတခု မကြာခင်ဖွင့်လှစ်မည်ဟု သိရသည်။

အဆိုပါ ဟိုတယ်မှာ ပတ်ဝန်းကျင်နှင့် သားငှက် ညွန်ကြားရေးမှူး ဦးဝင်းနိုင်သော် ပိုင်ဆိုင်သော ဟိုတယ်ဖြစ်ပြီး ယခင် နတ်မတောင်အမျိုးသားဥယျဉ် အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးမှ  အမျိုးသား ဥယျာဉ် ပိုင်ဆိုင်သော စက်ယန္တရားများဖြင့် တာဝန်ယူ တည်ဆောက်ခြင်းဖြစ်ပြီး  ဟိုတယ် ၀န်ထမ်းအဖြစ်  နတ်မတောင် အမျိုးသား ဥယျာဉ် ၀န်ထမ်းများဖြစ်သော ဦးထွန်းတင် (တောအုပ်)၊ ဦးအောင်အောင် (တောခေါင်း)၊ ဦးလိန်းထန်း (နေ့ စား)တို့ကို ခန့်အပ်ထားကြောင်း သိရသည်။

IMG 1162

“စက်ယန္တယားနဲ့ ၀န်ထမ်းတွေကို ကိုယ်ကျိုးအတွက် အသုံးချတာတွေဟာ လုပ်ပိုင်ခွင့်အာဏာကို အလွဲ သုံးစားလုပ် နေတာပဲ၊ ပြီးတော့ ၀န်ထမ်းအင်အား လည်းလျှော့ တယ်၊ တချို့ကို လစာထက်ဝက်သာ ခံစားစေတယ်၊ ခုတ်လိုက်တဲ့ သစ်တွေ၊ နတ်မ တောင်အတွင်း မလိုအပ်တဲ့ နေရာမှာ ဧရာမလမ်းမကြီးဖောက်တာတွေဟာ ဒေသခံ လူထု ဆန္ဒကို အလေးမထားတာပဲ ” ဟု အမည်မဖော်လိုသူ အဲန်ဂျီအိုမှ ဒေသခံဝန်ထမ်းတစ်ဦးက ပြောသည်။

ယခင်က နတ်မတောင် အမျိုးသားဥယာဉ်တွင် ၀န်ထမ်း ၂၆ ဦး ခန့်ထားသော်လည်း လက်ရှိ ၁၂ ဦးသာ ခန့်ထား ကြောင်း ထို့အပြင် ၂၀၁၄ ခုနှစ် အောက်တိုဘာလမှ စပြီး ဦးလိန်းကွီး (တောခေါင်း)၊ ဦးလောရှိန်းအွမ် (တောခေါင်း)၊ ဦးရှိန်းလိန်းဟာ (တောခေါင်း)တို့အား လစာထက်ဝက်လျှော့ချလိုက်သည်ဟု ထပ်မံသိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ်လတွင် နတ်မတောင်အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်မြစိုးမှ ဒေသခံ အမျိုး သမီး ဒေါ်ဂေမံ (အကြီးတန်း စာရေး)၊ ဒေါ်ဥမ္မာစိန် (အရောင်း-၄)၊ ဒေါ်တမ်ကီးမံ (အငယ်တန်း လက်နှိပ်စက် စာရေး) တို့အား လစာထက်ဝက်ဖြစ်တောက်ခဲ့သည်။

“ဘာဟိုတယ်ပဲဖွင့်ပါစေ ဒေသခံတွေရဲ့ မကျေနပ်ချက်တွေက ကြီးထွားနေတဲ့အတွက် နိုင်ငံတော် သိက္ခာ တောင်ကျ သွားမှာပဲ၊ အခု နတ်မတောင် အမျိုးသား ဥယျာဉ်ကိုပဲ ကြည့်၊ ဒေသခံတွေရဲ့ သဘောထားဆန္ဒမပါပဲ လုပ်နေတာ၊ ဖက်ဒရယ်ပြည်ထောင်စုဟာ ကျနော်တို့ တိုင်းရင်းသားတွေအတွက် တကယ့်ကိုလိုနေပြီ ” ဟု ဒေသခံမြို့မိမြို့ဖ တစ်ဦးက ထောက်ပြသွားသည်။

ယခင်အုပ်ချုပ်ရေးမှူး ဦးတင်မြစိုး လုပ်ရပ်ကို မကျေနပ်ကြသော ဒေသခံဝန်ထမ်းများနှင့် ချင်းပြည်သူလူထုမှ ညွှန်ကြား ရေးမှူးချုပ်ထံ တိုင်တန်းခဲ့ရာ ၄င်းအား အပြစ်ပေးသည့်အနေဖြင့် မန္တလေးတိုင်း ရွာငံအနီးရှိ ပြဒါလင်း ဂူဘေးမဲ့တောသို့ ပြောင်းရွှေ့ခဲ့သော်လည်း လက်ရှိတွင် ညွန်ကြားရေးမှူး ဦးဝင်းနိုင်သော်သည် နတ်မတောင် ဥယာဉ်တွင် ကိုယ်ပိုင် ဟိုတယ်ကြီး တည်ဆောက်ခဲ့သည်။

Most read this week