အစိုးရတပ်လက်နက်ကြီးကြောင့် သေဆုံးသည့် ဗိုလ်လောင်းများထဲတွင် ချင်းတပ်မတော်မှ ဗိုလ်လောင်း နှစ်ဦး ပါ၀င်

အစိုးရတပ်လက်နက်ကြီးကြောင့် သေဆုံးသည့် ဗိုလ်လောင်းများထဲတွင် ချင်းတပ်မတော်မှ ဗိုလ်လောင်း နှစ်ဦး ပါ၀င်
by -
ခိုနူမ်းထုန်

အစိုးရတပ်မတော်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် သေဆုံးခဲ့ကြသည့် KIO စစ်သင်တန်းကျောင်းမှ ဗိုလ်လောင်း ၂၃ ဦးထဲတွင် ချင်းအမျိူးသားတပ်မတော် CNA မှ ဗိုလ်လောင်း ၂ ဦးလည်းပါ၀င်သည်ဟုသိရ သည်။

ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ဌာနချုပ်၌ ဗိုလ်လောင်းသင်တန်းတက်ရောက် နေသော သင်တန်းသားများသည် နိုဝင်ဘာလ ၁၉ ရက်နေ့က စစ်ရေးပြ လေ့ကျင့်နေချိန်တွင် ကေအိုင်အိုဗဟိုဌာနချုပ် တည်ရှိ ရာ လိုင်ဇာ မြို့အနီး ခရာတောင် ကုန်း၌ တပ်စွဲထားသော အစိုးရ တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့မှုကြောင့် ဗိုလ်လောင်း ၂၃ဦး သေဆုံးကာ သင်တန်း နည်းပြအပါအဝင် သင်တန်းသား ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြသည်။

Copl.Biak-Tin-Lian

ယင်းသေဆုံးသည့် ဗိုလ်လောင်း ၂၃ ဦးထဲတွင် ချင်းအမျိူးသားတပ်မတော်မှ စေလွှတ်ထားသော တပ်ကြပ် Biak Tin Lian နှင့် တပ်ကြပ် Ram nghak တို့ နှစ်ဦး ပါ၀င်သည်ဟု ချင်းအမျိူးသားတပ်မတော်အရာ ရှိတစ်ဦးကပြောသည်။

အစိုးရတပ်မတော်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဗိုလ်လောင်းသင်တန်းသား စုစုပေါင်း ၄၀ ကျော်အနက် ၂၀ ဦးမှာ ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရသူ များထဲမှ ၃ ဦး ထပ်မံသေဆုံးခဲ့၍ စုစုပေါင်း ၂၃ ဦး သေဆုံးသွားခြင်း ဖြစ်သည်။

Copl.Ramnghak

အဆိုပါကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ယနေ့ နိုဝင်ဘာလ ၂၀ တွင် ကေအိုင်အိုက ကြေညာ ချက်တရပ် ထုတ်ပြန်လိုက်ပြီး ကေအိုင်အို ဌာနချူပ် အနီးပတ်ဝန်းကျင်တွင် မြန်မာ့တပ်မတော် တပ်စခန်းများ အလွန်နီးကပ်စွာ တပ်စွဲထားကာ မိမိတို့ တပ်စခန်းဘက်သို့ ရန်လိုသည့်သဘောဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ယူဆရကြောင်း KIO ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာ့တပ်မတော်အနေဖြင့် ကေအိုင်အို ဌာနချူပ် နှင့် နီးကပ်စွာဖြန့်ကြက်ထားသော ခရာဘွမ်တောင်ကြော တလျောက်မှ ၎င်းတို့၏ လက်နက်ကြီးများ ဖယ်ရှားပေးရန် နှင့် တပ်စခန်းများကို ရုပ်သိမ်းပေးရန် KIO က တောင်းဆိုထားသည်။